အင်ဒိုနီးရှားရှာဖွေရေးအဖွဲ့သည် လွန်ခဲ့သောသုံးရက်က ဂျာဗားပင်လယ်၌ပျက်ကျခဲ့သည့် သီရိဝိဇယ ပိုင် ခရီးသည် ၆၂ ဦးလိုက်ပါစီးနင်းခဲ့သည့် ခရီးသည်တင်လေယာဉ်၏ Black box ၂ ခုမှ တစ်ခုကို ပြန်လည်ရှာတွေ့ခဲ့တယ်လို့သိရပါတယ်။
သီရိဝိဇယ လေကြောင်းပိုင် ခရီးစဉ် အမှတ် ၁၈၂ ကိုမောင်းနှင်လာတဲ့ ဒီလေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရဲ့အနောက်မြောက်ဘက် ပင်လယ်ထဲသို့ စနေနေ့ နေ့လည်ပိုင်းကပျက်ကျသွားခဲ့တာဖြစ်ပြီး ရှာဖွေတွေ့ရှိခဲ့သောသေတ္တာဟာ လေယာဉ်မှူးအခန်းအတွင်းမှအသံဖမ်းစက်ပါရှိတဲ့ Black box လား၊ လေယာဉ် အချက်အလက်တွေ မှတ်တမ်းတင်ထားတဲ့ Black box လားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
အင်ဒိုနီးရှားရေတပ်အဖွဲ့သည် Black box ကိုအင်္ဂါနေ့ညနေပိုင်းက ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားရေတပ်မှ ရေငုပ်သမားများသည် ခရီးစဉ် SJ 182 ဘိုးအင်းဂျက်လေယာဉ်ကိုယ်ထည်မှာပါရှိတဲ့ အချက်ပြမှုကိုရှာဖွေတွေ့ရှိပြီးနောက် လေယာဉ်အပျက်အစီးများကို တနင်္ဂနွေနေ့တွင် ရှာဖွေတွေ့ရှိခဲ့တာပါ။
သူတို့ထဲက အဖွဲ့တစ်ဖွဲ့ဟာ ထိုနေရာမှ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် လေယာဉ်၏ အစိတ်အပိုင်းအချို့ကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့တာပါ။
အဆိုပါလေယာဉ်ရဲ့ခရီးစဉ်ဟာ ကမ္ဘာလှည့်ခရီးသည်တွေအကြားလူသိများတဲ့ ကျွန်းထောင်ပေါင်းများစွာကြားထဲမှပျက်ကျသွားခဲ့ခြင်းဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ ဘာနီယို ကျွန်းပေါ်မှ ပွန်တီရာနက်မြို့ကို ဦးတည်ပြီး ပျံသန်းလာတာဖြစ်ပါတယ်။