အမေရိကန် သမ္မတစီးမည့် တည်ဆောက်ဆဲ လေယာဉ်သစ်တွင် တက်ခီလာပုလင်းခွံများ တွေ့ရှိသဖြင့် စုံစမ်းနေ

Military News

Boeing ကုမ္ပဏီဟာ အမေရိကန် သမ္မတစီးမည့် Air Force One လေယာဉ်သစ် ဖြစ်လာမယ့် လေယာဉ်အတွင်းတွင် တက်ခီလာပုလင်းခွံများ တွေ့ရှိခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

San Antonio မြို့မှာ တည်ဆောက်နေတဲ့ Boeing 747-8 ပေါ်မှာ အဆိုပါ ပုလင်းအသေး ၂ ပုလင်းကို တွေ့ရှိခဲ့တာ ဖြစ်တဲ့အတွက် ကုမ္ပဏီမှ စုံစမ်းမှုတွေ ပြုလုပ်နေကြောင်း Wall Street Journal က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Boeing ဘိုးအင်း ကုမ္ပဏီဟာ အမေရိကန် သမ္မတများ အထူးသီးသန့် စီးနင်းလိုက်ပါလေ့ ရှိသည့် လေကြောင်းပို့ဆောင်ရေးကို ဆယ်စုနှစ်များစွာ ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်မှ ၂၀၁၆ ခုနှစ်တွင် လက်ရှိအသုံးပြုနေသည့် Boeing 747-200 လေယာဉ်များနေရာတွင် Boeing 747-8 အသစ် ၂ စင်း နှင့် အစားထိုးရန် တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။

ဒီ ပုလင်းတွေကို Boeing 747-8 ရဲ့ မည်သည့် နေရာတွင် တွေ့ရှိခဲ့သလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

ဒါပေမယ့် ဘိုးအင်း ကုမ္ပဏီ၏ စက်ရုံ အတွင်းမှာ ဒီလို သောက်စားမှုမျိုးကို တားမြစ်ထားတယ်လို့ ဂျာနယ်မှ ဖော်ပြထားပါတယ်။

ဘိုးအင်းဟာ ယခင်ကလည်း ၎င်း၏ တပ်ဆင်စက်ရုံများတွင် foreign object debris (FOD) လို့ခေါ်တဲ့ လေယာဉ်ကို ထိခိုက်စေသည့် ပြင်ပ အရာဝတ္ထုများနှင့် သက်ဆိုင်တဲ့ သမိုင်းကြောင်းလေးတွေ ရှိပါတယ်။

ဥပမာအားဖြင့် ၂၀၁၉ ခုနှစ်တွင် တောင်ပံများ၏ အကန့်အတွင်း၌ အစအနအချို့ကို တွေ့ရှိပြီးနောက် KC-46 Pegasus လေယာဉ်များ တင်ပို့မှုကို ခေတ္တ ရပ်တန့်ခဲ့ရပြီး ၂၀၂၀ ခုနှစ်မှာလည်း ဆီ တိုင်ကီအတွင်း အစအနများ တွေ့ရှိခဲ့သဖြင့် တကြိမ် ရပ်တန့်ခဲ့ပါသေးတယ်။

ဘိုးအင်း ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူကတော့ ဒါဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတခုဖြစ်ပြီး စာချုပ်ပါ အကြောင်းအရင်းများကြောင့် မှတ်ချက် မပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ယခု အသစ် တည်ဆောက်နေသည့်‌ လေယာဉ် ပြီးဆုံးသွားပါက ဘိုးအင်း 747-8 လေယာဉ်ဟာ ကမ္ဘာ့ပေါ်တွင် အရှည်ဆုံး ခရီးသည်တင်လေယာဉ် ဖြစ်လာလိမ့်မယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

DefenseOne ၏ အချက်အလက်များအရ ဒီလေယာဉ်သစ်ကို တည်ဆောက်သည့် စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၅.၃ ဘီလီယံ လောက် ရှိလိမ့်မယ်လို့ သိရပါတယ်။

VC-25B လို့ ခေါ်ဆိုမယ့် လေယာဉ်သစ်များဟာ Air Force One လေယာဉ်များအဖြစ် မသိရသေးပေမယ့် အမေရိကန် သမ္မတ တဦး လေယာဉ်ပေါ် တက်သည်နှင့် အဆိုပါ အမှတ်အသားကို အသုံးပြုမှာ ဖြစ်ပါတယ်။

လက်ရှိသမ္မတများ စီးနင်းနေသည့် Air Force One လေယာဉ်မှာ Boeing VC-25A ခေါ် Boeing 747-200 ဖြစ်ပြီး George HW Bush လက်ထက် ၁၉၉၀ ခုနှစ်တွင် စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်အထိ အဆိုပါ လေယာဉ်သစ်များ အမေရိကန် သမ္မတ အတွက် အဆင်သင့် ဖြစ်ဖို့ နှောင့်နှေး ကြန့်ကြာနေပါတယ်။

လေတပ်၏ ဝယ်ယူရေး၊ နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေး အဖွဲ့အစည်းမှ ဒုတိယ ဗိုလ်ချုပ်ကြီး Duke Richardson မှ ဘိုးအင်း ကုမ္ပဏီဟာ ၎င်း၏ လေယာဉ်သစ်များ ပေးပို့နိုင်ဖို့ ၂၀၂၅ ခုနှစ်အခု နှောင့်နှေးမှာ ဖြစ်တယ်လို့ မေလ တုန်းက ကြေငြာခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.