သင့်ဆရာတွေက သင့်ကို grammar က အရေးကြီးတယ်လို့ ပြောကောင်းပြောခဲ့နိုင်ပေမယ့် grammar က သင့်ကို ဘီလျံနာ သူဌေးတစ်ယောက် ဖြစ်စေနိုင်တယ်လို့ရော ပြောခဲ့ဖူးလား။
လွန်ခဲ့တဲ့ အပတ်က လူသိများသော grammar စစ်ဆေးတဲ့ ကိရိယာ Grammarly က ကြေညာခဲ့တဲ့ ရန်ပုံငွေ ဒေါ်လာ ၂၀၀ မီလီယံ ရင်းနှီးမြုပ်နှံမှုတစ်ခုက ကုမ္ပဏီရဲ့ တန်ဖိုးကို ဒေါ်လာ ၁၃ ဘီလီယံထိ မြှင့်တင်ပေးရုံသာမက တည်ထောင်သူနှစ်ဉီးဖြစ်တဲ့ Max Lytvyn နဲ့ Alex Shevchenko တို့ကိုပါ ဘီလီလျံနာတွေ ဖြစ်စေခဲ့ပါတယ်။
ပရိုဂရမ်ရေးဆွဲသူ Dmytro Lider ၏ အကူအညီဖြင့် အလိုအလျောက် စာရေးအကူကို စတင်ခဲ့တဲ့ ယူကရိန်းနွယ်ဖွား စွန့်ဦးတီထွင် စီးပွား ရေး လုပ်ငန်းရှင်တွေက မကြာသေးမီက ရန်ပုံငွေကြောင့် ယခုအခါ တစ်ဦးလျှင် အနည်းဆုံး ဒေါ်လာ ၄ ဘီလီယံလောက် ကြွယ်ဝချမ်းသာနေပြီဖြစ်ကြောင်း Forbes က ခန့်မှန်းထားပါတယ်။
Pitchbook မှ စုဆောင်းထားသော အချက်အလက်တွေအရ Grammarly ရဲ့ ရှယ်ယာ ၂၂% ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် ရန်ပုံငွေဝိုင်းနှစ်ခုတွင် ပါဝင်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေက ပိုင်ဆိုင်ထားကြောင်း သိရပါတယ်။
ထိုအချိန်တွင် တတိယပူးတွဲတည်ထောင်သူဖြစ်တဲ့ Lider က ရှယ်ယာ ၁% သာ ပိုင်ဆိုင်ထားကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက Forbes ရဲ့ လိုင်စင်ရ ထုတ်ဝေမှုတစ်ခုဖြစ်တဲ့ Forbes Ukraine ကို ယခင်က ပြောကြားခဲ့ပါတယ်။
ပုဂ္ဂလိကကုမ္ပဏီတွေအတွက် Forbes ရဲ့ လျှော့တွက်ခန့်မှန်းခြေကို ထည့်သွင်းစဉ်းစားပြီးတဲ့နောက် Lytvyn နှင့် Shevchenko တို့တွင် ခန့်မှန်းခြေအားဖြင့် တစ်ဦးလျှင် Grammarly ၏ ၃၅% နှင့် အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၄ ဘီလီယံခန့် တန်ကြေးရှိပါတယ်။
လုပ်ငန်းနှင့် ရင်းနှီးသော သတင်း အရင်းအမြစ်တစ်ခုမှ ထိုပမာဏကို အတည်ပြုထားပါတယ်။
Forbes ရဲ့ခန့်မှန်းချက်တွေကို Grammarly က ငြင်းဆိုခဲ့သော်လည်း သူရဲ့ ပူပေါင်းတည်ထောင်သူတွေရဲ့ ကွဲပြားတဲ့တန်ဖိုးကို ထောက်ပံ့ဖို့ အထောက်အထားတစ်စုံတစ်ရာ မပြနိုင်ခဲ့ပါဘူး။
“Grammarly က ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ဖြစ်ပြီး ကုမ္ပဏီ ပိုင်ဆိုင်မှု ဖြန့်ဝေခြင်းနှင့် ကိန်းဂဏန်းကို ဖွင့်ဟခြင်း မရှိပါဘူး” လို့ ကုမ္ပဏီ၏ ပြန်ကြားရေး အကြီးအကဲ Senka Hadzimuratovic က အီးမေးလ်တွင် ပြောကြားခဲ့ပါတယ်။
ဆန်ဖရန်စစ္စကိုအခြေစိုက် ကုမ္ပဏီဟာ ကျောင်းသားတွေကို သူတို့ရဲ့ grammar နှင့် စာလုံးပေါင်းတွေကို ကူညီပေးရန်အတွက် စာရင်းသွင်းအခြေခံထုတ်ကုန်အဖြစ် Sentenceworks ဆိုတဲ့ အမည်ဖြင့် လွန်ခဲ့သော ဆယ်စုနှစ်ကျော်က စတင်တည်ထောင်ခဲ့ပါတယ်။
၎င်းသည် ပညာရေးအပေါ် သူ့ရဲ့တစ်သမတ်တည်းအာရုံစိုက်ရာမှ တိုးတက်ပြောင်းလဲခဲ့ပြီး နောက်ပိုင်းတွင် အီးမေးလ်တွေ၊ စာရွက်စာတမ်းတွေနှင့် အခြားအရာတွေမှာ အမှားတွေကို အလွယ်တကူဖယ်ရှားရန် အသုံးပြုနိုင်တဲ့ သူ့ရဲ့ ဉာဏ်ရည်တု grammar စစ်ဆေးတဲ့ ကိရိယာကို အသုံးချနိုင်ရန် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ကုမ္ပဏီက Zoom၊ Cisco၊ Dell နှင့် Expedia ကဲ့သို့သော နာမည်ကြီးဖောက်သည်တွေကို ဝင့်ကြွားနိုင်တဲ့ ကော်ပိုရေးရှင်းအသုံးပြုမှုအတွက် သူရဲ့ grammar စစ်ဆေးသည့် ထုတ်ဝေမှုဖြစ်တဲ့ Grammarly for Business ကဲ့သို့သော နည်းပညာထုတ်ကုန်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
Grammarly ရဲ့ အဓိကထုတ်ကုန်ကို တစ်လလျှင် စျေးနှုန်း ၁၂ ဒေါ်လာမှ ဒေါ်လာ ၃၀ အတွင်း အဆင့်မြှင့်ထားသော ဗားရှင်းတွေကို ဝယ်ယူနိုင်သည့်ရွေးချယ်ခွင့်နှင့်အတူ ၂၀၁၅ ခုနှစ်မှ စတင်၍ freemium မော်ဒယ်အောက်တွင် ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပါတယ်။
“ဒါက ငါတို့အတွက် လွှမ်းမိုးမှုတစ်ခုပါပဲ” လို့ Grammarly အမှုဆောင်အရာရှိချုပ် Brad Hoover က Fast Company သို့ ၂၀၁၉ အင်တာ ဗျူး တစ်ခုတွင် ပြောကြားခဲ့ပြီး နှုတ်ထွက် စကားတိုးတက်ခြင်းက တကယ်ပဲ ကွာသွားကြောင်း ရှင်းပြခဲ့ပါတယ်။
ယနေ့တွင် ကုမ္ပဏီက အီးမေးလ်အက်ပ်များ၊ ဝဘ်ဆိုဒ်စာမျက်နှာများ၊ ဆိုရှယ်မီဒီယာနှင့် Microsoft Word အပါအဝင် အပလီကေးရှင်းများနှင့် ဝဘ်ဆိုဒ်ပေါင်း ၅၀၀,၀၀၀ တွင် သူ့ရဲ့လုပ်ငန်းဆောင်ရွက်မှုမှတစ်ဆင့် တစ်နေ့လျှင် လူသန်း ၃၀ သို့ ရောက်ရှိရန် တောင်းဆိုထားပါတယ်။
Grammarly က Lytvyn နှင့် Shevchenko တို့ အတူတကွ စတင်ခဲ့သည့် တစ်ခုတည်းသော ကုမ္ပဏီ မဟုတ်ပါဘူး။
ယူကရိန်းနိုင်ငံရှိ နိုင်ငံတကာခရစ်ယာန်တက္ကသိုလ်တွင် တက်ရောက်နေစဉ် တွေ့ဆုံခဲ့ကြသော သူတို့နှစ်ယောက်က Grammarly အတွက်စိတ်ကူးဟာ သူတို့ရဲ့ ကောလိပ်နေ့ရက်တွေဆီသို့ ပြန်လည်တမ်းတမိစေသော ယခင်စွန့်ဦးတီထွင်မှုဟောင်းဖြစ်တဲ့ MyDropBox မှ လာခဲ့ခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
“ကျောင်းသားတွေရဲ့ အရေးအသားကနေ ကူးယူတင်ပြမှုတွေကို ရှောင်ရှားနိုင်ဖို့ ကျွန်တော်တို့ ထုတ်ကုန်တစ်ခုကို တီထွင်ထားပါတယ်” လို့ Lyvtyn က မတ်လက ဘလော့ဂ်ပို့စ် တစ်ခု၌ ရေးသားခဲ့ပါတယ်။
ဒါက ကျွန်တော်တို့ကို လူတွေက ဘာလို့ ပထမဟာထဲက ကူးယူတင်ပြဖို့ ရွေးချယ်ခဲ့တာလဲ။
သူတို့ရဲ့ကိုယ်ပိုင်အသံနဲ့ သူတို့ဆိုလိုရင်းကို ပြောဆိုဖို့ ခက်နေသလားဆိုတဲ့ အခြေခံ မေးခွန်းတစ်ခုကို မေးစေခဲ့ပါတယ်။
သူတို့ရဲ့ လုပ်ငန်းက မွန်မြတ်တယ်လို့ ထင်ရသော်လည်း Lyvtyn နှင့် Shevchenko တို့၏ စီးပွားရေးခရီးအစောပိုင်းတွင် သူတို့ရဲ့ စေ့ဆော်မှုများနှင့်ပတ်သက်၍ ပါမောက္ခတွေကို ကျောင်းသားတွေကို စာတိုပေစများ ရောင်းချသည့် ဝဘ်ဆိုဒ်များနှင့် ချိတ်ဆက်မှုရှိစေရန် ပေါ်ပေါက်လာသော ကျောင်းသားစာတမ်းတွေကို ကူးယူတင်ပြမှု (MyDropBox ၏ ရှေ့ပြေးပုံစံများ) အတွက် စစ်ဆေးတာကို ကူညီဖို့ စတင်လုပ်ဆောင်ခဲ့သော အွန်လိုင်းဝန်ဆောင်မှုနှစ်ခုကို ရှာဖွေတွေ့ရှိသောအခါတွင် မေးခွန်းအချို့ရှိခဲ့ပါတယ်။
သူတို့ကို စက္ကူစက်ဆိုက်တစ်ခုကို ညွှန်ကြားချက်ပေးရန် ငှားရမ်းခံခဲ့ရကြောင်း ထိုအချိန်က The Chronicle of Higher Education သို့ ပြောကြားခဲ့သော်လည်း လုပ်ငန်းနှစ်ခုကြား ချိတ်ဆက်မှုတစ်စုံတစ်ရာကို ငြင်းဆိုခဲ့ပါတယ်။
“ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွင် upload တင်ထားသော စာတမ်းတွေကို ဘယ်တုန်းကမှ မရောင်းချခဲ့ပါဘူး” လို့ Shevchenko မှ ၂၀၀၂ ခုနှစ်တွင် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Lytvyn နှင့် Shevchenko တို့သည် Vanderbilt တက္ကသိုလ်နှင့် Toronto တက္ကသိုလ်တို့တွင် MBA ဘွဲ့များရယူရန် US နှင့် Canada အသီးသီးသို့ ပြောင်းရွှေ့သွားသောအခါ သူတို့ရဲ့ မှတ်တမ်းများနှင့် ပတ်သတ်သော အရှုပ်တော်ပုံဟာ မေ့ပျောက်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။
ထို့နောက် သူတို့က နောက်ဆုံးတွင် ပညာရေး နည်းပညာကုမ္ပဏီ Blackboard မှ ဝယ်ယူခဲ့သည့် MyDropBox အတွက် သူတို့ရဲ့ အမြင်ကို အသက်ဝင်စေခဲ့ပါတယ်။
သူတို့နှစ်ယောက်ထဲက တစ်ယောက် သို့မဟုတ် နှစ်ယောက်စလုံးဟာ Vancouver တွင် နေထိုင်ဆဲဖြစ်နိုင်ပုံရပြီး သူတို့နှစ်ဦးက အမေရိကန် သို့မဟုတ် ကနေဒါတွင် နိုင်ငံသားဖြစ်ခွင့်ရရှိထားခြင်း ရှိ၊ မရှိဆိုတာ မရှင်းလင်းပါဘူး။
Grammarly က Ukraine၊ San Francisco၊ Vancouver နှင့် Kyiv တို့တွင် ရုံးတွေ ရှိပါတယ်။
ရန်ပုံငွေရှာဖွေတဲ့ နောက်ဆုံး အကျော့မတိုင်ခင်ဖြစ်တဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် Grammarly ဟာ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးဖြင့် ရင်းနှီးမြှုပ်နှံသူများထံမှ ဒေါ်လာ သန်း ၉၀ စုဆောင်းရရှိခဲ့ပါတယ်။
အဲဒီ့ အခေါက်မှာ General Catalyst မှ ဦးဆောင်ပြီး အခြားသူတွေအကြား IVP မှ ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်ပါတယ်။
ရန်ပုံငွေအသစ်က Baillie Gifford နှင့် BlackRock အပါအဝင် ရင်းနှီးမြုပ်နှံသူအသစ်တွေကို ပေးဆောင်ခဲ့တယ်လို့ Grammarly ၏ CEO က ဘလော့ဂ်ပို့စ်တွင် ထုတ်ဖော်ခဲ့ပါတယ်။
Lily (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။