ပြင်သစ်ရေတပ်မှာ စမ်းသပ်မည့် ဒရုန်းတိုက်ဖျက်‌ရေး လေဆာလက်နက်

Military News

ရောက်ရှိရန်ခက်ခဲသည့် နယ်မြေများကို စောင်ကြည့်ဖို့ ကနဦးအနေဖြင့် အာရုံစူးစိုက်ရန် ဒရုန်းများဟာ အရေးပါပြီး ၎င်းဒရုန်းများရဲ့ အခန်းကဏ္ဍဟာလည်း လက်နက်များသယ်ဆောင်ရန်နှင့်ရန်သူများကို တိုက်ဖျက်ရန် လျှင်မြန်စွာ ပြောင်းလဲလာခဲ့ပါပြီ။

ကြီးမားသော ရလဒ်အနေနှင့် ဒရုန်းများကို စစ်ဆင်ရေးတွင်ပါဝင်‌ စေပါတယ်။ ဒရုန်းများကို စစ်ဆင်ရေးတွင် ပါဝင်စေတဲ့ နိုင်ငံများဟာ ၎င်းတို့၏ဒရုန်းများ မကြာခဏ ပိတ်ဆို့ခံရတဲ့အတွက် ဒရုန်းကာကွယ်ရေး‌စနစ်ကို အလျင်အမြန် တည်ဆောက်‌နေကြပါတယ်။

သို့သော် ပြင်သစ်ကာကွယ်ရေး ကုမ္ပဏီ CILAS ကတော့ ခြားနားတဲ့ အစီအစဉ် ရှိပါတယ်။ ၎င်းဟာ မြင့်မားသော စွမ်းအင်သုံး လေဆာကို အသုံးပြုပြီး ဒရုန်းများကို ပစ်ချမှာ ဖြစ်ပါတယ်။

များစွာသော အသုံးချမှုများစွာအတွက် မြင့်မားတဲ့ စွမ်းအင်လေဆာ – ပါဝါ HELMA-P လို့ ခေါ်ပါတယ်။ဆုံလည်စနစ်ဟာ မျက်လုံးတစ်ဖက်တည်းရှိသည့် WALL-E နှင့်တူပါတယ်။ ၎င်းတွင် ဒရုန်းများပျံသန်းမှုများကို ခြေရာခံရန် အထောက်ကူပေးသည့် အာရုံခံကိရိယာများ ထားရှိပြီး စွမ်းအားကောင်းသော ၂ ကီလိုဝပ် လေဆာနှင့်အတူတပ်ဆင်ထားပါတယ်။

LASER Anti-Drone HELMA-P

ဒီစနစ်ဟာ အသုံးပြုသူ တစ်ဦးတည်းနဲ့ လုပ်ဆောင် လည်ပတ်နိုင်ပါတယ်။သူဟာ အာရုံခံကိရိယာမှ ပေးပို့မှုများကို လက်ခံရရှိကာ နယ်နမိတ်အတွင်းမှာရှိတဲ့ ဒရုန်းများရဲ့ လှုပ်ရှားမှုများကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။တိုက်လေယာဉ်ကို ထိန်းချုပ်သူကဲ့သို့ အသုံးပြု၍ လေဆာလက်နက်ကို ပစ်လွှတ်နိုင်မှာ ဖြစ်ပါတယ်။

ပဏာမ စမ်းသပ်မှု

အဆိုပါစနစ်ဟာ Ariane Group ရဲ့ ပူးပေါင်းချိတ်ဆက်မှုနှင့်အတူ နှစ်နှစ်တာကာလအတွင်း တီထွင်ခဲ့ပြီး စမ်းသပ်မှုကို ၂၀၂၀ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ အနောက်တောင်ပိုင်းရှိ လက်နက်ကြီးများတပ်ဆင်ခြင်း အထွေထွေညွှန်ကြားမှု ဦးစီးဌာနတွင် စတင်စမ်းသပ်ခဲ့ပါတယ်။ CILAS အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုများအရ မောင်းသူမဲ့လေယာဉ် ၃၇ စင်းအား pinpoint တိကျမှန်ကန်စွာ ပစ်ချနိုင်ခဲ့သည်ဟုဆိုပါတယ်။

၎င်းဟာ အကွာအဝေး ၀.၆၂ မိုင် (၁ ကီလိုမီတာ) အကွာအဝေးရှိပြီး ရှိပြီးသား ဒရုန်းတိုက်ဖျက်ရေးနည်းပညာရဲ့ သုံး၊လေးဆမျှ အကွာအဝေးရှိသည်ဟု ကုမ္ပဏီကဆိုပါတယ်။

နောက်ဆုံး စစ်ဆေးမှုများကို ဇူလိုင်လ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ပြင်သစ်စစ်တပ်၀န်ကြီး Florence Parly တက်ရောက်ခဲ့ပါတယ်။ ကုမ္ပဏီဟာ လက်နက်စနစ်ကို သိသိသာသာ တိမ်များဖုံးအုပ်‌နေတဲ့ အခြေအနေအောက် မိုးရွာသွန်းနေစဥ်အတွင်း အောင်မြင်စွာသရုပ်ပြသခဲ့တာပါ။ စီမံကိန်းအား“ထူးကဲသောစမ်းသပ်မှု” အဖြစ်သရုပ်ပြနိုင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ပြင်သစ်ရေတပ်သင်္ဘောများတွင် လေဆာလက်နက်များ စမ်းသပ်မည်ဟု သိရပါတယ်။ဒရုန်းများအပြင် ပင်လယ်ပြင်ရှိရေပေါ် အရာဝတ္ထုများကို စမ်းသပ်ရန် ကုမ္ပဏီက ဆန္ဒရှိနေပြီး

တစ်ချိန်တည်းမှာပဲ ၎င်းတို့ကို အသုံးပြုပြီး ဧရိယာတိုင်များကို ဖျက်စီးခြင်းနှင့် အာရုံခံများကို တန်ပြန်ဖျက်စီးခြင်းစတဲ့ လျင်မြန်စွာ ကမ်းခြေ တိုက်ခိုက်မှုဆိုင်ရာ ကိုလည်း စမ်းသပ်ရန် ဆန္ဒရှိနေပါ‌တယ်လို့ Navy News မှာ ဖော်ပြထားပါတယ်။

လက်ရှိစမ်းသပ်ထားတဲ့ ကာကွယ်ရေးစနစ်အား မည်သည့်သင်္ဘောများတွင် တပ်ဆင်မည်ကို‌‌တော့ အသေးစိတ်မသိရသေးပါဘူး။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *