ပြင်သစ်၏ အနာဂါတ်မျိုးဆက်သစ်လေယာဉ်တင်သင်္ဘောဟာ နျူကလီးယားစွမ်းအင်သုံးဖြစ်ပြီး ၂၀၃၈ ခုနှစ်တွင် ပြင်သစ်အမျိုးသားရေတပ်၏ အဓိကလေယာဉ်တင်သင်္ဘောဖြစ်သည့် Charles de Gaulle ကိုအစားထိုးမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတက ပြောကြားထားပါတယ်။
ပြင်သစ်ရေတပ်၏ ၁၁ ကြိမ်မြောက်လေယာဉ်တင်သင်္ဘောကိုပြင်သစ်ကာကွယ်ရေးကန်ထရိုက် တာ Naval Group မှတည်ဆောက်မည်ဖြစ်ပြီးအမေရိကန်ကုမ္ပဏီ General Atomics မှထုတ်လုပ်သည့် လျှပ်စစ်သံလိုက်လေယာဉ်ပစ်လွှတ်မှုစနစ်အသစ် Electromagnetic catapult ကိုတပ်ဆင်သွားမည်ဖြစ်ကြောင်းပြင်သစ်တာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။ အဆိုပါ လေယာဉ်တင်သင်္ဘောသည်အရှည်မီတာ ၃၀၀ (၉၈၄ ပေ) ရှိပြီးအလေးချိန် ၇၅၀၀၀ တန်ရှိပါတယ်။

၎င်းသည် Rafale တိုက်လေယာဉ် ၃၀ အထိ (သို့) ပြင်သစ်၊ ဂျာမနီနှင့်စပိန်တို့ ပူးပေါင်းတီထွင်နေသော Dassault ၏ နောက်မျိုးဆက် 5th generation လေယာဉ်များကို တင်ဆောင်စစ်ဆင်နိုင်မှာဖြစ်ပါတယ်။ ပြင်သစ်စစ်တပ်ဟာ ကနဉီးမှာ သမားရိုးကျလောင်စာသုံးလေယာဉ်တင်သင်္ဘောကို တည်ဆောက်လိုသော်လည်း သမ္မတမက်ခရွန်က နည်းပညာနှင့်မဟာဗျူဟာကျသောအကြောင်းအရင်းများကြောင့် ဆောက်လုပ်ရေးကုန်ကျစရိတ်များသည့် နျူကလီးယားစွမ်းအင်သုံးသင်္ဘောကိုရွေးချယ်ခဲ့တာပါ။
“မဟာဗျူဟာမြောက်အနာဂတ်တွင် ကျွန်ုပ်တို့၏အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်မှုသည် နျူကလီးယားစက်မှုအပေါ်မှာ မူတည်နေသည်” ဟု နျူကလီးယားနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်သည့် စက်ရုံသို့ အလည်အပတ်ရောက်ရှိစဉ် သမ္မတ မက်ခရွန်က ပြောကြားခဲ့ပါတယ်။
ဗြိတိန်ဟာ EU အဖွဲ့မှ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက နှုတ်ထွက်သွားပြီးနောက် ပြင်သစ်ဟာ ဉရောပတိုက်ရဲ့ တစ်နိုင်ငံတည်းသော နျူးကလီးယားစွမ်းအင်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာပါတယ်။
ပြင်သစ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်တွင်အဆုံးသတ်မည့် လေယာဉ်တင်သင်္ဘော၏ ပထမ development phase တွင် ယူရိုတစ်ဘီလျံမြှုပ်နှံမည်ဖြစ်ကြောင်း လက်နက်ကိုင်တပ်ဖွဲ့ ၀န်ကြီးဌာနမှပြောကြားခဲ့ပါတယ်။

၀န်ကြီးဌာနမှတာဝန်ရှိသူများကမီဒီယာသတင်းများနှင့် ပတ်သက်၍မူ မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့ပါတယ်။ ယခုလေယာဉ်တင်သင်္ဘောသစ်သည်ယူရို ၅ ဘီလီယံ (ဒေါ်လာ ၆.၀၅ ဘီလီယံ) ကျော်ကုန်ကျနိုင်ပါတယ်။
ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် Pierre Eric Pommelet ကတော့
“ရေတပ်အုပ်စုဟာ ပြင်သစ်၌တည်ဆောက်ခဲ့သောသင်္ဘောများမှ အကြီးဆုံးစစ်သင်္ဘောတည်ဆောက်ရေးအတွက်အလွန်ဂုဏ်ယူကြောင်း” ပြောကြားခဲ့ပါတယ်။