အကန့်အသတ်မဲ့ စွမ်းအင်ကို ထုတ်ပေးနိုင်ဖို့ နေကို အတုယူထားတဲ့ ဓာတ်ပေါင်းဖို ဒီဇိုင်း

Article Tech

ဒီနည်းပညာဟာ ကမ္ဘာလုံးဆိုင်ရာ ITER ပေါင်းစပ် စမ်းသပ်မှုပြီးနောက် နောက်ထပ် နည်းပညာ ခြေလှမ်းတစ်လှမ်းပဲ ဖြစ်ပါတယ်။

ဥရောပ လုပ်ငန်းစုဖြစ်တဲ့ EuroFusion ဟာ စီးပွားဖြစ် နျူကလီးယား ပေါင်းစပ်မှုဆီသို့ ရှည်လျားသော လမ်းပေါ်တွင် အ ရေး ကြီးသော ခြေလှမ်းတရပ်ကို လှမ်းခဲ့ပြီပဲ ဖြစ်ပါတယ်။

အဆိုပါ လုပ်ငန်းစုဟာ ၎င်းရဲ့ DEMOnstration Power Plant (DEMO) အတွက် ငါးနှစ်ကြာ အယူအဆ ဒီဇိုင်း အဆင့်ကို စတင် လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ယခုဆိုရင် နျူကလီးယား ပေါင်းစပ်မှု ဆိုင်ရာ သိပ္ပံပညာရှင်တွေဟာ ဥရောပတွင် သရုပ်ပြ ဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက်နိုင်ဖို့ ဒီဇိုင်း လုပ်ငန်းများ စလုပ်နေပြီဖြစ်ပြီး

နျူကလီးယား ပေါင်းစပ် စွမ်းအင် ကွန်ယက်ကို လက်တွေ့ ကျကျ အကန့်အသတ်မဲ့ စွမ်းအင် ပေးခြင်းအားဖြင့် ရုပ်ကြွင်းလောင်စာအပေါ် မှီခိုအားထားမှုကို အဆုံးသတ်ဖို့ အလွန်အမင်း အားထားရတဲ့ နည်းလမ်းတစ်ခု ဖြစ်လာစေမယ်ဟု ဆိုပါတယ်။

Image: Courtesy of Alain Herzog/EPFL

DEMO နျူကလီးယား ပေါင်းစပ် နည်းပညာသုံး စက်ရုံဟာ အယူအဆဆိုင်ရာ ဒီဇိုင်း အဆင့်သို့ ရောက်နေပြီ ဖြစ်ကြောင်း

အက်တမ်နှစ်ခုဟာ ပိုမိုလေးလံသော နျူကလိယကို ဖွဲ့စည်းဖို့ တိုက်မိသောအခါ ဖြစ်စဉ်တွင် စွမ်းအင်ပမာဏများစွာကို ထုတ်ပေးပါတယ်။

ယနေ့အထိ၊ သိပ္ပံပညာရှင်များက Tokamaks ဟုခေါ်သော စက်ဝိုင်းပုံနျူကလီးယား ပေါင်းစပ်ဓာတ်ပေါင်းဖိုများနှင့် တုံ့ပြန်မှုပြုလုပ်ဖို့ အတွက် လိုအပ်သော လောင်ကျွမ်းနေတဲ့ ပလာစမာများကို ပါ၀င်စေဖို့ အစွမ်းထက်သော သံလိုက်များကို အသုံး ပြု၍ ကြီးမားစွာ စမ်းသပ်ခဲ့ကြပါတယ်။

EuroFusion ရဲ့ DEMO ဓာတ်အားပေးစက်ရုံဟာ 300 မှ 500 megawatt အသားတင် ထုတ်လုပ်နိုင်ပြီး “ကမ္ဘာလုံးဆိုင်ရာ ITER ပေါင်းစပ်စမ်းသပ်မှုပြီးနောက် နည်းပညာပိုင်းဆိုင်ရာ ခြေလှမ်းကို ကိုယ်စားပြုသည့် ပထမဆုံးသော စက်ရုံတစ်ခုဖြစ်တယ် ” ဟု လုပ်ငန်းစုမှ ၎င်းတို့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လုပ်ငန်းစုမှ DEMO ရဲ့ အယူအဆဆိုင်ရာ ဒီဇိုင်းအဆင့်အတွက် သိပ္ပံနှင့် အင်ဂျင်နီယာဆိုင်ရာ သုတေသန လမ်းကြောင်းကို ဇယားကွက်၊ သရုပ်ပြ ဒီဇိုင်းဆွဲခြင်းအပြင် မကြာမီ အသားတင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်စွမ်းရှိသည့် သရုပ်ပြပေါင်း စပ်ဓာတ်အားပေးစက်ရုံ DEMO ရဲ့ပုံကြမ်းကိုလည်း ဖော်ပြထားပါတယ်။

Fusion နှင့် Fission သရုပ်ပြပုံ Image: Courtesy of Scienceabc

ဒါ့အပြင် အဆိုပါ အဖွဲ့အစည်းဟာ စီးပွားဖြစ် ပေါင်းစပ်စွမ်းအင်ကို ပေးဆောင်နိုင်ဖို့အတွက် ၎င်းတို့ရဲ့ပန်းတိုင်ကို ၂၀၅၄ တွင် လုံးဝပြီးမြောက်မည်ဟု အထူးသတ်မှတ်ထားပါတယ်။

လျှပ်စစ်ဓာတ်အား ၃၀၀ မှ ၅၀၀ ရာမဂ္ဂါဝပ်အထိ အသားတင် ထုတ်လုပ်နိုင်မှုကို သရုပ်ပြဖို့ ရည်မှန်းခြင်း အပြင် DEMO ဟာ ထိန်းသိမ်းခြင်း နှင့် tritium မွေးမြူခြင်းကဲ့သို့သော ဆန်းသစ်တီထွင်မှုများကို သရုပ်ပြမှာ ဖြစ်ပါတယ်။

Tritium မွေးမြူခြင်းဟာ အော်ပရေတာများအား ဆိုက်အတွင်းတွင် Tritium ပေါင်းစပ်လောင်စာများ ထုတ်လုပ် နိုင်စေမှာဖြစ်ပြီး အနာဂတ်တွင် စီးပွားဖြစ် ပေါင်းစပ် လုပ်ဆောင်မှုများ အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်။

ကမ္ဘာ့အကြီးဆုံး နျူကလီးယား ပေါင်းစပ်နည်းပညာ စမ်းသပ်မှု

အယူအဆဆိုင်ရာ ဒီဇိုင်းအဆင့်သို့ မရောက်ရှိမီ EuroFusion ဟာ 2014 မှ 2020 ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ၎င်းတို့ရဲ့ ကြိုတင်စိတ်ကူးဒီဇိုင်းအဆင့်ရဲ့ ရလဒ်များကိုလည်း ထုတ်ဖော်ခဲ့ပါတယ်။

EuroFusion ရဲ့ထုတ်ပြန်ချက်တွင် Fusion Technology Department ရဲ့အကြီးအကဲ Gianfranco Federici နှင့် ပရိုဂရမ်မန်နေဂျာ Tony Donne တို့က “ဥရောပရှိ DEMO ဒီဇိုင်းနှင့် R&D လုပ်ဆောင်ချက်များဟာ ဒီဇိုင်း၊ လိုင်စင်နှင့် ITER ရဲ့ တည်ဆောက်မှုမှ ရရှိသော အတွေ့အကြုံများမှ အကျိုးကျေးဇူးများစွာရရှိတယ် ” ဟုဆိုပါတယ်။

သို့သော်လည်း၊ ITER မှ ၎င်းတို့ရဲ့ အဓိက တွေ့ရှိချက်များကို ထုတ်ပြ ပြီးနောက် DEMO ကဲ့သို့သော စက်ရုံများ အနေနဲ့ အ လုပ် စလုပ်ဖို့ မကြာမီမှာပဲ စတင်သင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့ပါတယ်။

ITER ဟာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး နျူကလီးယား ပေါင်းစပ် နည်းပညာ စမ်းသပ်မှု တခု ဖြစ်ပါတယ်။

၎င်းဟာ ပြင်သစ်တောင်ပိုင်းတွင် တည်ဆောက်ဆဲဖြစ်ပြီး EU၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ရုရှားနှင့် အမေရိကန်တို့အပါအဝင် မိတ်ဖက်နိုင်ငံ ၃၅ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ တစိတ်တပိုင်းဖြစ်ကာ ၎င်းရဲ့အဓိက ရည်ရွယ်ချက်မှာ နျူကလီးယားပေါင်းစပ်မှုဟာ ဘေးကင်းပြီး စီးပွားဖြစ် ဖြစ်နိုင်ကြောင်း ပြသဖို့ ဖြစ်ပါတယ်။

အားလုံးအစီအစဉ်အတိုင်းသွားပါက၊ လူသားမျိုးနွယ်ဟာ ကမ္ဘာဂြိုဟ်ကို မထိခိုက်စေဘဲ များပြားလှသော စွမ်းအင် ပမာဏကို စိတ်ချယုံကြည်စွာ ထုတ်ယူနိုင်စေမည့် နည်းလမ်းသစ်ကို အသုံးချနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *