ဂျင်ဂျစ်ခန်ဟာ ပြန့်ကျဲနေသည့် မွန်ဂို မျိုးနွယ်စု များစွာကို ပေါင်းစည်း နိုင်ခဲ့ပြီး ၁၂၂၇ ခုနှစ် သူမရှိတော့သည့် အချိန်မှာတော့ ကျယ် ပြန့် ကြီးမားတဲ့ အင်ပါယာကြီးကို ဖန်တီးခဲ့ပြီး ဖြစ်ပါတယ်။
ဒါဆို ဒီခေါင်းဆောင်ကောင်းကို ဘယ်မှာမြှုပ်နှံထားသလဲ။ သူ့မှာ ရှေးအီဂျစ် ဖာရိုဘုရင်များအတွက် တည်ဆောက်ထားသည့် ပိရမစ်များကဲ့သို့ ကြီးကျယ်ခမ်းနားသော သင်္ချိုင်းတစ်ခု သို့မဟုတ်
တရုတ်ရဲ့ ပထမဆုံး ချင် ဧကရာဇ်အတွက် တည်ဆောက်ထားသည့် စစ်သည်များပါသည့် ဂူဗိမာန် တစ်ခု ရှိသလား ဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။
ဂျင်ဂျစ်ခန် ရဲ့ သင်္ချိုင်းတည်နေရာကို မသိရသေးသော်လည်း မကြာမီ အချိန်အတွင်း ရှာတွေ့နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။
ဒါ့အပြင်၊ ယနေ့ခေတ်မှာတော့ ဂျင်ဂျစ်ခန် မွန်ဂိုလီးယားရှိ အချို့လူများက ၎င်းရဲ့ ဂူသင်္ချိုင်းကို မည်သည့် အခါမျှ မတွေ့နိုင်လည်း လေးစား နှစ်သက် ကြတယ်ဟု ပညာရှင်များက ပြောကြားခဲ့ပါတယ်။
ဖြစ်နိုင်ခြေ တစ်ခု ကတော့ ဂျင်ဂျစ်ခန် ကို မွန်ဂိုလီးယားနိုင်ငံ အရှေ့ပိုင်း Khentii ပြည်နယ်မှာ မြှုပ်နှံထားခဲ့တာ ဖြစ်နိုင်ပါတယ်။

“အုတ်ဂူဟာ Khentii ပြည်နယ်မှာရှိတဲ့ တောင်တွေပေါ်မှာ ရှိတယ်လို့ ယူဆရတယ်” ဟု Pennsylvania’s Penn ပြတိုက်မှ ပါမောက္ခ Nancy Steinhardt က Live Science သို့ ပြောကြားခဲ့ပါတယ်။
ဂျင်ဂျစ်ခန် ရဲ့သင်္ချိုင်းဟာ မည်သည့်နေရာမှာ တည်ရှိတယ် သို့မဟုတ် ဘယ်လို ပုံသဏ္ဌာန်ရှိခြင်းအပေါ် ခေတ်ပြိုင် သတင်းရင်းမြစ်များကတော့ အသံတိတ်နေကြပါတယ်။
“ဒီသင်္ချိုင်းရဲ့ ရုပ်သွင်ပြင်ကို ဖော်ပြတဲ့ သမိုင်းဆိုင်ရာ သို့မဟုတ် ရှေးဟောင်းသုတေသန မှတ်တမ်းတွေလည်း မရှိဘူး” ဟု သုတေသီအဖွဲ့တစ်ဖွဲ့က PLOS One ဂျာနယ်တွင် ၂၀၁၄ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ လေ့လာမှုတစ်ခုမှာ ရေးသားခဲ့ပါတယ်။
သုတေသီများက သင်္ချိုင်းဂူကို ရှာဖွေဖို့အတွက် ဂြိုလ်တု ဓာတ်ပုံများကို အသုံးပြုသော်လည်း ဂြိုဟ်တု စစ်တမ်းတွင် ရှေး ဟောင်း သုတေသန ဆိုင်ရာ အကြွင်းအကျန် မျိုးစုံကို ရှာဖွေ တွေ့ရှိခဲ့သော်လည်း ဂျင်ဂျစ်ခန် ရဲ့ သင်္ချိုင်းဂူ လုံးဝမဟုတ်ကြောင်း သိရပါတယ်။
ဂျင်ဂျစ်ခန် ကွယ်လွန်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ အမည်မဖော်လိုသည့် မွန်ဂိုလီးယား မှတ်တမ်း တစ်ခုဖြစ်တဲ့ “မွန်ဂိုများရဲ့လျှို့ဝှက်သမိုင်း”မှာလည်း ၎င်းရဲ့သင်္ချိုင်းကို ဖော်ပြထားခြင်းမရှိပါဘူး။
သက္ကရာဇ် ၁၂၂၇ ခုနှစ်တွင် “ကောင်းကင်ဘုံသို့ ကြွမြန်းတော်မူသည်” ဟုသာ ဆိုထားတာကို တွေ့ရပါတယ်။

သို့သော်လည်း Khentii ပြည်နယ်ရှိ မြင့်မြတ်သော တောင်ဖြစ်သည့် Burkhan Khaldun အကြောင်းကို ဂျင်ဂျစ်ခန် က ပြင်း ထန်စွာ အလေးအနက်ရေးသားခဲ့ကြောင်း စာသားတွေက ဖော်ပြနေပါတယ်။
ဂျင်ဂျစ်ခန် ဟာ သူရဲ့ငယ်ရွယ်စဉ် ဘဝတုန်းက တောင်ကြီးရဲ့ မြေမျက်နှာသွင်ပြင်ကို အသုံးပြုကာ သူ့ကို လိုက်နေတဲ့ ရန်သူများထံမှ လွတ်မြောက်စေခဲ့တယ်ဟု ရေးသားထားတဲ့ စာသားတွေက ဆိုနေပါတယ်။
ဂျင်ဂျစ်ခန်က “မနက်တိုင်း ငါ Burkhan Khaldun ကို ယဇ်ပူဇော်မယ်။ နေ့တိုင်း ငါ အဲဒီအတွက် ဆုတောင်းမယ်။ ငါ့အမျိုးအနွယ်က ဒါကို သတိနဲ့ ကျင့်ရမယ်” ဟု ဆိုထားပါတယ်။
ဒီတောင်ကြီးအတွက် ဂျင်ဂျစ်ခန် ရဲ့ ရင်းနှီးမှုက သူ့ကို အဲဒီနေရာမှာ သင်္ဂြိုဟ်ခြင်းရှိမရှိ မေးခွန်းထုတ်ခဲ့ပေမယ့် အခုအချိန်အထိ အုတ်ဂူကို ရှာမတွေ့သေးပါဘူး။
ကွယ်လွန်ချိန်ဖြစ်တဲ့ အသက် ၆၇ နှစ် မှာတော့ ဂျင်ဂျစ်ခန် နှင့် သူရဲ့စစ်တပ်ဟာ ယခု တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Tanguts ဟုခေါ်သော အုပ်စုကို ဆန့်ကျင်တိုက်ခိုက်နေပြီး ၎င်းရဲ့ ခန္ဓာကို မွန်ဂိုလီးယားသို့ ပြန်သယ်ဆောင်သွားဖို့ ခက်ခဲစေခဲ့တယ်ဟု သမိုင်းပညာရှင် Frank McLynn က “Genghis Khan: The Man Who The World “စာအုပ်မှာ ရေးသားထားပါတယ်။
ဒါ့ကြောင့် သူဟာ လက်ရှိ မွန်ဂိုလီးယား နယ်စပ်၏ ၃၁၁ မိုင် အကွာလောက်မှာ ရှိနေခဲ့နိုင်ပါတယ်။
မွန်ဂိုများက ယနေ့ခေတ် ဓာတုဗေဒနည်းများကို တတ်ကျွမ်းခြင်း မရှိသေးတာကြောင့် ဂျင်ဂျစ်ခန် ရဲ့ ခန္ဓာကိုယ်ကို မွန်ဂိုလီးယားသို့ မပို့ဆောင်နိုင်ပဲ အခြားနေရာတွင် မြှုပ်နှံဖို့ အတင်းအကြပ် ခိုင်းစေခြင်း ဖြစ်နိုင်ကြောင်း McLynn က ရေးသားခဲ့ပါတယ်။

ဂျင်ဂျစ်ခန် ရဲ့ ရုပ်ကြွင်းများနှင့် သင်္ချိုင်းဂူများဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Ordos ဒေသတွင် တည်ရှိနိုင်တယ်ဟု McLynn ကတော့ ရေးသားထားပါတယ်။
တရုတ်နိုင်ငံမှာ ၁၇ နှစ် ကြာ နေထိုင်ပြီး စူးစမ်း ရှာဖွေသူ ဖြစ်တဲ့ မာကိုပိုလို က “The Travels of Marco Polo ” စာအုပ်တွင် ဂူသင်္ချိုင်းတည်နေရာကို သိရှိသူ ၂၀,၀၀၀ ခန့်ဟာ အခင်းဖြစ်တဲ့ နေရာမှာပဲ နှုတ်ပိတ်ခံခဲ့ရတယ်ဟု ဆိုပါတယ်။
မာကိုပိုလို ရဲ့ဇာတ်လမ်းများကို Rustichello da Pisa အမည်ရှိ စာရေးဆရာ တစ်ဦးက မှတ်တမ်းတင်ခဲ့ပြီး စာအုပ်ကို ၁၃၀၀ ခုနှစ် ဝန်းကျင်တွင် ထုတ်ဝေခဲ့ပါတယ်။
မာကိုပိုလိုက ဂျင်ဂျစ်ခန် အကြောင်း ဇာတ်လမ်းများတွင် ထပ်ခါတလဲလဲ ပြောဆိုနေပြီး ကွယ်လွန်ပြီးနောက် ဆယ်စုနှစ်များစွာ ကြာတဲ့အထိ ဖြစ်ခဲ့သည့် ကိစ္စများ အကြောင်းကို ရေးသားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မာကိုပိုလို ရဲ့ အခြားသော အရေးဆိုချက် များစွာရဲ့ တိကျမှုကို ဂျင်ဂျစ်ခန် ရဲ့မြေး ကူဗလိုင်ခန် က တရားဝင် အသိ အမှတ်ပြုတာနှင့် ပတ်သတ်ပြီး မျက်မှောက်ခေတ် သမိုင်းပညာရှင်များက အချေအတင် ဆွေးနွေး နေကြဆဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် မာကိုပိုလို ရဲ့ ဂျင်ဂျစ်ခန် သင်္ချိုင်းတွင်း မှတ်တမ်းဟာ မှန်ကန်ခြင်း ရှိမရှိကိုလည်း အတိအကျတော့ မသိရသေးပါဘူး။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။