လေကြောင်းကာကွယ်ရေး လေဆာစနစ်ကို စမ်းသပ်နေတဲ့ ဂျာမနီ

News

Rheinmetall နှင့် MBDA Deutschland ကုမ္ပဏီတို့ဟာ ဂျာမန်ရေတပ်အတွက် စွမ်းအင်မြင့် လေဆာလက်နက်စနစ်ကို လာမည့်နှစ်တွင် တည်ဆောက်ရန်၊ စမ်းသပ်ရန်နှင့် လက်တွေ့အသုံးချရန် တရားဝင် တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲ သတင်းထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် အကုန်မှာ ဂျာမန်ရေတပ်၏ ဖရီးဂိတ်စစ်သင်္ဘော F219 Sachsen အတန်းအစား ဖရီးဂိတ်သင်္ဘောတွင် စမ်းသပ်မှုများ ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်ပါတယ်။

ယခု တာဝန်များနှင့် ပတ်သက်ပြီး ကုမ္ပဏီ ၂ ခု ဟာ အကြမ်းဖျင်းအားဖြင့် တူညီစွာ ခွဲဝေ တာဝန်ယူရမယ်လို့ သိရပါတယ်။ Rheinmetall ဟာ လေဆာလက်နက်စနစ်၊ ရောင်ခြည်လမ်းညွှန်စနစ်၊ အအေးခံစနစ်နှင့် လက်နက်စနစ်အား လေဆာရင်းမြစ်သရုပ်ပြမှုနှင့် ပေါင်းစပ်ခြင်းအတွက် တာဝန်ယူမှာဖြစ်ပါတယ်။

MBDA ကတော့ ခြေရာကောက်နည်းပညာ၊ ညွှန်ကြားရေးနှင့် ထိန်းချုပ်ရေးစနစ်များ ပေါင်းစပ်မှု နှင့်အတူ operator console ကို တာဝန်ယူမှာပါ။ ယခုချုပ်ဆိုလိုက်တဲ့ နောက်ဆုံးစာချုပ်ဟာ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ပထမဆုံးအကြိမ် ကြေငြာခဲ့သည့် စွမ်းအင်မြင့် လေဆာအားထုတ်မှုများနှင့် ပတ်သက်၍ ကုမ္ပဏီများ၏ ပူးပေါင်းမှုကို ဆက်လက် ပြုလုပ်လာတာ ဖြစ်ပါတယ်။

Rheinmetall နှင့် ဂျာမနီစစ်တပ်ဟာ ပင်လယ်ရေကြောင်းဆိုင်ရာ အဆင့်မြင့် စွမ်းအင်လေဆာနည်းပညာများကို ၂၀၁၅ ခုနှစ်ကတည်းက စမ်းသပ်လျက်ရှိကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

Rheinmetall မှ အကြီးအကဲဖြစ်သူ အလက်ဇန်းဒါးဂရက်ဖ် နှင့် ကုမ္ပဏီ၏ လေဆာလက်နက် ထုတ်လုပ်မှုအပိုင်းကို ဦးဆောင်သည့် မားကပ်စ်ဂျန်က

“ဒီစာချုပ်ဟာ မကြာသေးမီ နှစ်များအတွင်း အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တဲ့ ရှေ့ပြေးပုံစံ လေဆာ လက်နက်ကို စနစ်တကျ တိုးချဲ့ခြင်းရဲ့ အမှတ်အသားပဲဖြစ်ကြောင်း နှင့် ယခုအခါ ရရှိလာမည့် အတွေ့အကြုံဟာ ဥရောပရှိ လေဆာလက်နက် ထုတ်လုပ်မှုနယ်ပယ်တွင် ရည်မှန်း ချက်ကြီးမားတဲ့ စီမံကိန်းများထဲမှ တစ်ခု ဖြစ်ပါတယ်”

လို့ ပြောကြားသွားကြပါတယ်။

ဒီ သရုပ်ပြ လေဆာလက်နက်ကို တပ်ဆင်ပြီးသည်နှင့် ၎င်းဟာ လေဆာလက်နက်စနစ်၏ အခြားရှုထောင့်များဖြစ်သော အာရုံခံကိရိယာများ၊ တိုက်ခိုက်ရေး စီမံခန့်ခွဲမှုစနစ်နှင့် ရန်သူ ထိတွေ့မှု ဆိုင်ရာ စည်းမျဉ်းများကို အကဲဖြတ်ရန် အသုံးပြုလိမ့်မည်ဟု MBDA မှ လေဆာလက်နက်ဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနမှ ဒေါ်ရီလာလာမန်းက ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ် Baltic ပင်လယ်၌ စမ်းသပ်မှုများပြုလုပ်စဉ် Rheinmetall ဟာ ဥရောပ၌ ပထမဆုံးအကြိမ်အဖြစ် သင်္ဘောပေါ်မှ လေဆာလက်နက်စနစ်၏ ရှေ့ပြေးပုံစံဖြင့် မြေပေါ်ပစ်မှတ်များကို အောင်မြင်စွာ ထိတွေ့နိုင်ခဲ့ပါတယ်။ ထို့နောက် ၂၀၁၈ ခုနှစ်တွင် BAAINBw နှင့် Rheinmetall ဟာ ဓာတ်ခွဲခန်းအခြေပြု ၂၀ ကီလိုဝပ် လေဆာအရင်းအမြစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

ဒီစနစ်ဟာ ၂ ကီလိုဝပ်ရှိတဲ့ ဖိုင်ဘာလေဆာမော်ကျူး ၁၂ ခုကို ပေါင်းစပ်ပြီး လေဆာရောင်ခြည်တန်း တစ်ခုကိုဖန်တီးပေးတာပါ။ ဒီ့အတွက် Rheinmetall ရဲ့ နှစ်ပေါင်းများစွာ စမ်းသပ်လာတဲ့ ရောင်စဉ်များပူးပေါင်းတဲ့ နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ ဒီစနစ်ဟာ တခြား စနစ်များနှင့် နှိုင်းယှဉ်ပါက အားသာချက်များစွာရှိပြီး မော်ကျူလာစနစ်ဖြင့် ရှုပ်ထွေးမှုနည်းစေကာ ၁၀၀ ကီလိုဝပ်စွမ်းအင် အထိ အသုံးချနိုင်ဖို့ အလားအလာရှိပါတယ်။

ဒီလေဆာစနစ်ကို လေကြောင်းကာကွယ်ရေးအတွက် အသုံးပြုသွားဖွယ်ရှိပြီး တပ်ဆင်စမ်းသပ်မယ့် F219 Sachsen အတန်းအစား ဖရီးဂိတ်ဟာ ၂၀၀၃ ခုနှစ်ကတည်းက ဂျာမန်ရေတပ်တွင် လေကြောင်းကာကွယ်ရေးအဖြစ် အသုံးပြုနေတဲ့ ဖရီးဂိတ်သုံးစီးထဲမှ တစ်စီးဖြစ်ပါတယ်။

ZawGyi

Rheinmetall ႏွင့္ MBDA Deutschland ကုမၸဏီတို႔ဟာ ဂ်ာမန္ေရတပ္အတြက္ စြမ္းအင္ျမင့္ ေလဆာလက္နက္စနစ္ကို လာမည့္ႏွစ္တြင္ တည္ေဆာက္ရန္၊ စမ္းသပ္ရန္ႏွင့္ လက္ေတြ႕အသုံးခ်ရန္ တရားဝင္ တာဝန္ေပးျခင္း ခံခဲ့ရပါတယ္။

ၾကာသပေတးေန႔က ထုတ္ျပန္ခဲ့တဲ့ ပူးတြဲ သတင္းထုတ္ျပန္ခ်က္အရ ၂၀၂၂ ခုႏွစ္ အကုန္မွာ ဂ်ာမန္ေရတပ္၏ ဖရီးဂိတ္စစ္သေဘၤာ F219 Sachsen အတန္းအစား ဖရီးဂိတ္သေဘၤာတြင္ စမ္းသပ္မႈမ်ား ျပဳလုပ္ရန္ စီစဥ္ထားၿပီး ျဖစ္ပါတယ္။

ယခု တာဝန္မ်ားႏွင့္ ပတ္သက္ၿပီး ကုမၸဏီ ၂ ခု ဟာ အၾကမ္းဖ်င္းအားျဖင့္ တူညီစြာ ခြဲေဝ တာဝန္ယူရမယ္လို႔ သိရပါတယ္။ Rheinmetall ဟာ ေလဆာလက္နက္စနစ္၊ ေရာင္ျခည္လမ္းၫႊန္စနစ္၊ အေအးခံစနစ္ႏွင့္ လက္နက္စနစ္အား ေလဆာရင္းျမစ္သ႐ုပ္ျပမႈႏွင့္ ေပါင္းစပ္ျခင္းအတြက္ တာဝန္ယူမွာျဖစ္ပါတယ္။

MBDA ကေတာ့ ေျခရာေကာက္နည္းပညာ၊ ၫႊန္ၾကားေရးႏွင့္ ထိန္းခ်ဳပ္ေရးစနစ္မ်ား ေပါင္းစပ္မႈ ႏွင့္အတူ operator console ကို တာဝန္ယူမွာပါ။ ယခုခ်ဳပ္ဆိုလိုက္တဲ့ ေနာက္ဆုံးစာခ်ဳပ္ဟာ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လတြင္ ပထမဆုံးအႀကိမ္ ေၾကျငာခဲ့သည့္ စြမ္းအင္ျမင့္ ေလဆာအားထုတ္မႈမ်ားႏွင့္ ပတ္သက္၍ ကုမၸဏီမ်ား၏ ပူးေပါင္းမႈကို ဆက္လက္ ျပဳလုပ္လာတာ ျဖစ္ပါတယ္။

Rheinmetall ႏွင့္ ဂ်ာမနီစစ္တပ္ဟာ ပင္လယ္ေရေၾကာင္းဆိုင္ရာ အဆင့္ျမင့္ စြမ္းအင္ေလဆာနည္းပညာမ်ားကို ၂၀၁၅ ခုႏွစ္ကတည္းက စမ္းသပ္လ်က္ရွိေၾကာင္း ကုမၸဏီ၏ ေျပာခြင့္ရပုဂၢိဳလ္က ေျပာၾကားခဲ့ပါတယ္။

Rheinmetall မွ အႀကီးအကဲျဖစ္သူ အလက္ဇန္းဒါးဂရက္ဖ္ ႏွင့္ ကုမၸဏီ၏ ေလဆာလက္နက္ ထုတ္လုပ္မႈအပိုင္းကို ဦးေဆာင္သည့္ မားကပ္စ္ဂ်န္က

“ဒီစာခ်ဳပ္ဟာ မၾကာေသးမီ ႏွစ္မ်ားအတြင္း ေအာင္ျမင္စြာ စမ္းသပ္ႏိုင္ခဲ့တဲ့ ေရွ႕ေျပးပုံစံ ေလဆာ လက္နက္ကို စနစ္တက် တိုးခ်ဲ႕ျခင္းရဲ႕ အမွတ္အသားပဲျဖစ္ေၾကာင္း ႏွင့္ ယခုအခါ ရရွိလာမည့္ အေတြ႕အႀကဳံဟာ ဥေရာပရွိ ေလဆာလက္နက္ ထုတ္လုပ္မႈနယ္ပယ္တြင္ ရည္မွန္း ခ်က္ႀကီးမားတဲ့ စီမံကိန္းမ်ားထဲမွ တစ္ခု ျဖစ္ပါတယ္”

လို႔ ေျပာၾကားသြားၾကပါတယ္။

ဒီ သ႐ုပ္ျပ ေလဆာလက္နက္ကို တပ္ဆင္ၿပီးသည္ႏွင့္ ၎ဟာ ေလဆာလက္နက္စနစ္၏ အျခားရႈေထာင့္မ်ားျဖစ္ေသာ အာ႐ုံခံကိရိယာမ်ား၊ တိုက္ခိုက္ေရး စီမံခန႔္ခြဲမႈစနစ္ႏွင့္ ရန္သူ ထိေတြ႕မႈ ဆိုင္ရာ စည္းမ်ဥ္းမ်ားကို အကဲျဖတ္ရန္ အသုံးျပဳလိမ့္မည္ဟု MBDA မွ ေလဆာလက္နက္ဆိုင္ရာ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ ဦးစီးဌာနမွ ေဒၚရီလာလာမန္းက ေျပာၾကားခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္ Baltic ပင္လယ္၌ စမ္းသပ္မႈမ်ားျပဳလုပ္စဥ္ Rheinmetall ဟာ ဥေရာပ၌ ပထမဆုံးအႀကိမ္အျဖစ္ သေဘၤာေပၚမွ ေလဆာလက္နက္စနစ္၏ ေရွ႕ေျပးပုံစံျဖင့္ ေျမေပၚပစ္မွတ္မ်ားကို ေအာင္ျမင္စြာ ထိေတြ႕ႏိုင္ခဲ့ပါတယ္။ ထို႔ေနာက္ ၂၀၁၈ ခုႏွစ္တြင္ BAAINBw ႏွင့္ Rheinmetall ဟာ ဓာတ္ခြဲခန္းအေျချပဳ ၂၀ ကီလိုဝပ္ ေလဆာအရင္းအျမစ္ကို ေအာင္ျမင္စြာ စမ္းသပ္ႏိုင္ခဲ့ပါတယ္။

ဒီစနစ္ဟာ ၂ ကီလိုဝပ္ရွိတဲ့ ဖိုင္ဘာေလဆာေမာ္က်ဴး ၁၂ ခုကို ေပါင္းစပ္ၿပီး ေလဆာေရာင္ျခည္တန္း တစ္ခုကိုဖန္တီးေပးတာပါ။ ဒီ့အတြက္ Rheinmetall ရဲ႕ ႏွစ္ေပါင္းမ်ားစြာ စမ္းသပ္လာတဲ့ ေရာင္စဥ္မ်ားပူးေပါင္းတဲ့ နည္းလမ္းကို အသုံးျပဳခဲ့ပါတယ္။ ဒီစနစ္ဟာ တျခား စနစ္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက အားသာခ်က္မ်ားစြာရွိၿပီး ေမာ္က်ဴလာစနစ္ျဖင့္ ရႈပ္ေထြးမႈနည္းေစကာ ၁၀၀ ကီလိုဝပ္စြမ္းအင္ အထိ အသုံးခ်ႏိုင္ဖို႔ အလားအလာရွိပါတယ္။

ဒီေလဆာစနစ္ကို ေလေၾကာင္းကာကြယ္ေရးအတြက္ အသုံးျပဳသြားဖြယ္ရွိၿပီး တပ္ဆင္စမ္းသပ္မယ့္ F219 Sachsen အတန္းအစား ဖရီးဂိတ္ဟာ ၂၀၀၃ ခုႏွစ္ကတည္းက ဂ်ာမန္ေရတပ္တြင္ ေလေၾကာင္းကာကြယ္ေရးအျဖစ္ အသုံးျပဳေနတဲ့ ဖရီးဂိတ္သုံးစီးထဲမွ တစ္စီးျဖစ္ပါတယ္။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *