ဘရာဇီးမှ လူတစ်ယောက် အရွယ်ရှိ ဧရာမ ကြွက်ကြီးအကြောင်း

Nature Science

တောင်အမေရိကမှာ လူအရွယ်အစားလောက်ရှိတဲ့ ကြွက်ကြီးတစ်ကောင်ရုပ်ကြွင်းကို တွေ့ရှိခဲ့ပါတယ်။

တုန်လှုပ်စရာ ကောင်းပေမယ့်လည်း အဆိုပါ ကြွက်ကြီးဟာ သက်ရှိထင်ရှားမရှိတော့ပါဘူး။

ဘရာဇီးနိုင်ငံ အနောက်ဘက် အမေဇုန်ရှိ ရုပ်​ကြွင်းတွေ တူးဖော်တဲ့နေရာမှာ ရှေးဟောင်းသုတေသန ပညာရှင်များက ရုပ်ကြွင်းဦးခေါင်းခွံ ၂ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ခုမှာ လုံးဝနီးပါးတွေ့ရှိကာ ထိန်းသိမ်းထားပြီး ကျန်တစ်ခုကတော့ အစိတ်အပိုင်းတစ်ပိုင်းသာ တွေ့ရှိခဲ့ပါတယ်။

‘Neoepiblema acreensis’ ဟု အမည်ပေးထားတဲ့ အဆိုပါ ကြွက်ကြီးဟာ လွန်ခဲ့သောနှစ်ပေါင်း ၁၀ သန်းခန့်က တည်ရှိခဲ့တယ်ဟု သိရပါတယ်။

Daily Mail မှ ကိုးကားပြီး ပါမောက္ခ Jose Ferreira က ကြွက်ကြီးကို “chinchillas နဲ့ pacaranas တို့ရဲ့ မျိုးသုဉ်းသွားတဲ့ ဆွေမျိုးတွေ” အဖြစ် ဖော်ပြထားပါတယ်။ Neoepiblema acreensis ဟာ ၅ ပေရှည်ပြီး အလေးချိန် ၁၇၅ ပေါင်ဝန်းကျင်ရှိပါတယ်။

သူ့ရဲ့လမ်းကြောင်းကို ဖြတ်သွားမည့် မည်သည့်တိရစ္ဆာန်မဆို “ကြီးမားပြီး ကွေးညွှတ်နေတဲ့ သွားနှစ်ချောင်း” ကို ရင်ဆိုင်ရမှာဘဲ ဖြစ်ပါတယ်။

Credit: SWNS:South West News Service

ပရော်ဖက်ဆာ Ferreira နှင့်အဖွဲ့ဟာ ၎င်းတို့ရဲ့တွေ့ရှိချက်​တွေကို Biology Letters သိပ္ပံဂျာနယ်မှာ ထုတ်ဝေခဲ့ပါတယ်။

အဆိုပါ အသားစားသတ္တဝါတွေ ၎င်းတို့အသုံးပြုခဲ့တဲ့အရာတွေကို သိရှိဖို့ ရည်ရွယ်ချက်နဲ့ “ခြွင်းချက်မရှိ ထိန်းသိမ်းထားတဲ့ ဧရာမ caviomorph ဦးခေါင်းခွံတွင် ပုံရိပ်ဖော်နည်းပညာများ”ဖြင့် လေ့လာခဲ့ပါတယ်။

အဆိုပါ ပုံရိပ်ဖော်နည်းပညာကို “ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းမှာ ထူးခြားတဲ့ အရွယ်အစားအပိုင်းအခြားဖြင့် ဖော်ပြထားတဲ့ အဆိုပါ ကြီးမားတဲ့ ကြွက်ကြီးရဲ့ ဦးနှောက်ဆင့်ကဲဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်ခဲ့တယ်။”

တစ်နည်းဆိုရသော် ဒီကြွက်ကြီးဟာ အရွယ်အစားကြီးမားတာကိုတော့ သူတို့သိပါတယ်။

သို့သော် ဒီအရွယ်အစားဟာ သူ့ရဲ့ ဦးနှောက်အရွယ်အစားမှာ ထင်ဟပ်​နေ​သလား။ ဒါ့အတွက် တိရစ္ဆာန်ရဲ့ EQ သို့မဟုတ် Encephalisation Quotient ဖြင့် တွက်ချက်ထားတဲ့ ဆေးဘက်ဆိုင်ရာ CT စကင်န် ကို အသုံးပြုခဲ့ပါတယ်။

ဒါဟာ “တိရစ္ဆာန်တစ်ကောင်အတွက် မျှော်မှန်းထားတဲ့အရွယ်အစား နှင့် ဦးနှောက်ရဲ့ အမှန်တကယ် အရွယ်အစား အကြား ကွာခြားချက်ကို တိုင်းတာတဲ့ နည်းလမ်းဖြစ်ပါတယ်။”

Ferreira ရဲ့လေ့လာမှုအရ ​ကြွက်ကြီးရဲ့ဦးခေါင်းကို ဒစ်ဂျစ်တယ်နည်းဖြင့် ပြန်လည်တည်ဆောက်ပြီးတာနဲ့ ကြွက်ကြီးရဲ့ ဦးနှောက်အလေးချိန်ဟာ ၄ အောင်စသာရှိကြောင်း တွေ့ရှိရပါတယ်။

ဒါဆို ဦးနှောက်က ဘာကြောင့် ဒီလောက် သေးငယ်ရတာလဲ။ ရိုးရိုးရှင်းရှင်းပြောရရင် အရွယ်အစားက အရေးမကြီးပါဘူး။

Credit: SWNS:South West News Service

ဧရာမ ကြွက်တွေရဲ့ ဦးနှောက်ဟာ ကြီးထွားနေမယ်ဆိုရင် ဇီဝကမ္မဗေဒအရ အားအင်အကုန်များပြီး ၎င်းတို့ကို မျိုးသုဉ်းဖို့ အထောက်အကူ ဖြစ်နိုင်တယ်ဟု ယူဆကြောင်း Ferreira နှင့် Biology Letters တွင် ဦးဆောင်သူ Herculano-Houzel (အာရုံကြောသိပ္ပံပညာရှင်)တို့က ဆိုပါတယ်။

လေ့လာမှုအရ ကြီးမားတဲ့ ဦးနှောက်ရှိခြင်းဟာ ဇီဝကမ္မဖြစ်စဉ် အားအင်ကုန်ကျများတဲ့ ခန္ဓာကိုယ်ကြီးများနှင့် ဆက်စပ်နေတဲ့အခါ မလိုအပ်တဲ့ စွမ်းအင်ကုန်ကျမှု များစေတာကို ရည်ညွှန်းပါသည်။

ဒါ့ကြောင့် ဂေဟဗေဒဖိအားမရှိဘဲ ဒီကြီးမားတဲ့ Neogene ကြွက်တွေရဲ့ ဦးနှောက်အရွယ်အစားကို တိုးမြှင့်ပေးဖို့ မလိုအပ်ပါဘူး။

ဒီစူပါအရွယ်အစား ကြီးမားတဲ့ ကြွက်ကြီးတွေဟာ အများသူငှာ စိတ်ကူးယဉ်မှုကို ရာစုနှစ်များစွာကြာအောင် ဖမ်းစားလာခဲ့တာပါ။

The Giant Rat of Sumatra ဟာ Sir Arthur Conan Doyle ရဲ့ Sherlock Holmes ဇာတ်လမ်းမှာ ဖျတ်ခနဲ ရည်ညွှန်းထားတဲ့ ဖန်တီးမှုတစ်ခုသာ ဖြစ်ပါတယ်။

ဒီရှေးဟောင်း တိရိစ္ဆာန်ကြီးဟာ ကြွက်ကြီးတွေရဲ့ ဘိုးဘေးဖြစ်နိုင်ပါသလား။ သေချာတာတစ်ခုကတော့ သူ့ရဲ့အဆာပြေစားဖို့အတွက်ကတော့ ဒိန်ခဲတစ်ကိုက်ထက် ပိုယူဖို့တော့ လိုပါလိမ့်မယ်။

Taxidermied Northern Luzon Giant Cloud Rat displayed at Philippine National Museum. Feature Photo by Julan Shirwod Nueva CC by 4.0 and thesunUK

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *