ရှေးခေတ်အီဂျစ်ပိရမစ်များစွာ နှစ်ထောင်ပေါင်းများစွာကြာအောင် တည်ရှိနေခဲ့ပြီး ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံးသော အဆောက်အအုံများထဲမှ တစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ ပိရမစ်တွေကို ပထမဆုံး ဆောက်တုန်းက ဘယ်လို ပုံစံ ရှိသလဲဆိုတာဟာ စိတ်ဝင်စားဖွယ် ကောင်းပါတယ်။
ဂီဇာရှိ သဲပြင်များပေါ်က အီဂျစ်ပိရမစ်များဟာ လူသားတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနှင့် အင်ဂျင်နီယာဆိုင်ရာ သက်သေခံချက်တစ်ခုဖြစ်ပါတယ်။
ရှေးဖာရောဘုရင်တွေရဲ့ သင်္ချိုင်းဂူတွေကို အမှတ်အသားပြုဖို့ မြှင့်တင်ခဲ့တဲ့ ဒီအဆောက်အအုံကြီးတွေဟာ နှစ်ပေါင်း ထောင်ချီ ကြာအောင် တည်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။
သို့သော် ထောင်စုနှစ်များ တလျှောက်မှာတော့ ဆောက်လုပ်ရေး လုပ်သားများရဲ့ လိုအပ်သော ပစ္စည်းများကို ပြန်လည် အ သုံးပြုခြင်း တို့ကြောင့် ပိရမစ်များက အများအပြား ပြောင်းလဲသွားခဲ့ပါတယ်။
ဒါဆို ပိရမစ်တွေဆောက်တုန်းက ဘယ်လိုပုံစံရှိတာလဲ။
ရှေးခေတ်အီဂျစ်ပိရမစ်များကို ဂီဇာ နှင့် အခြားနေရာတွေက တည်ဆောက်တုန်းက ယနေ့ခေတ်လို သဲညိုရောင်မဟုတ်ပါဘူး။ အဲ့ဒီအစား ၎င်းတို့ကို တောက်ပတဲ့ အနည်ကျကျောက် အလွှာဖြင့် ဖုံးအုပ် တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

Illustration
Charles တက္ကသိုလ်မှ Czech Institute of Egyptology မှ လက်ထောက် ပါမောက္ခ Mohamed Megahed က ” အစတုန်းက ပိရမစ်တွေ အားလုံးဟာ ထုံးကျောက်ဖြူသလို ဖြူဖွေးနေတယ်” ဟု ဆိုပါတယ်။
ထုံးကျောက်နဲ့ ဖုံးလွှမ်းထားတာကြောင့် အီဂျစ် နေရောင်အောက်မှာဆိုရင် တောက်ပပြီး ချောမွေ့ပြောင်လက်နေတာပဲ ဖြစ်ပါတယ်။
Mohamed Megahed ရဲ့ ပြောကြားချက်အရ ဂီဇာ ရဲ့ မဟာပိရမစ်တည်ဆောက်မှုအတွင်း ထုံးကျောက်တန်ချိန် ၆.၁ သန်းခန့်ကို အသုံးပြုခဲ့တယ်ဟု ဆိုပါတယ်။
အဆိုပါ ပီရမစ်ကြီးကို (ဘီစီ ၂၅၅၁ မှ ၂၅၁၈ ဘီစီခန့်) တွင် တာဝန်ပေးခဲ့သော ဖာရိုဘုရင် Khufu ရဲ့ လက်ထက် နောက်တွင် Khufu ရဲ့ပိရမစ်ဟုလည်း ခေါ်တွင်ကြပါတယ်။
၎င်းဟာ ဂီဇာရှိ ပိရမစ်များထဲတွင် အကြီးဆုံးနှင့် ရှေးအကျဆုံးဖြစ်ပါတယ်။
သို့သော်လည်း နောက်ပိုင်း အီဂျစ် အုပ်စိုးရှင်များ လက်အောက်ရှိ ပိရမစ် အများစုကဲ့သို့ ကျောက်တုံးများကို ပြန်လည် အ သုံးပြုခဲ့ပါတယ်။
အီဂျစ်ဗေဒ ပညာရှင် Mark Lehner က Tutankhamun အုပ်ချုပ်မှုအောက် (ဘီစီ ၁၃၃၆ မှ ၁၃၂၇ ဘီစီ) ဝန်းကျင်) မှာ ကျောက်တုံးများကို စတင်ဖယ်ရှားခဲ့ကြောင်း အထောက်အထားများရှိပြီး အေဒီ ၁၂ ရာစုအထိ ဖြစ်တယ်ဟု ဆိုပါတယ်။
AD ၁၃၀၃ မှာ ငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် ကျောက်တုံးအချို့လည်း ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

ဩစတေးလျ အာမခံ ကုမ္ပဏီ Budget Direct မှ ဒစ်ဂျစ်တယ်ဖြင့် ပုံဖော်ထားသည့် ဂီဇာ ပိရမစ်၏ ပုံစံ
ယနေ့ခေတ် ဂီဇာပိရမစ်များကတော့ ရှေးခေတ်ကထက် အနည်းငယ်ပိုပြီး ရာသီဥတုဒဏ်ခံနိုင်ပြီး ၎င်းတို့ရဲ့မူလထုံးကျောက်ပုံသဏ္ဍာန်အချို့ကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။
ဒါကို ဂီဇာရှိ Khafre ပိရမစ်ရဲ့ထိပ်မှာ မြင်နိုင်တယ် ဟု ဆိုပါတယ်။
ဘီစီ ၂၅၂၀ မှ ၂၄၉၄ ဘီစီခန့်အထိ စိုးစံခဲ့သော ဖာရိုဘုရင် Khafre ကို အစွဲပြု၍ အမည်ပေးထားသည့် အဆိုပါ ပိရမစ်ရဲ့ ထိပ်မှာဆိုရင် ရစ်ပတ်ထားတဲ့ ကျောက်တုံးများ ကျန်ရှိနေပါသေးတယ်။
Megahed ရဲ့ပြောကြားချက်အရ ယနေ့ခေတ် Giza ပိရမစ်ရဲ့ထိပ်မှာ ဘာမှမရှိတော့သော်လည်း ထိပ်ပိုင်းမှာ ချွန်ထက်သော ကျောက်မျက်ရတနာများကဲ့သို့ ဖြစ်လိမ့်မည်ဟု ဆိုပါတယ်။
ပိရမစ်အများစုက အချိန်ကြာလာတာနှင့်အမျှ ပျောက်ဆုံးသွားသော်လည်း ပြတိုက်တွေမှာတော့ ကျန်ရစ်ခဲ့တဲ့ နမူနာအချို့ရှိပါတယ်။
အဆိုပါ နမူနာများအရ ပိရမစ်များကို ဘာသာရေးပုံများဖြင့် ထွင်းထုထားကြောင်း ဖော်ပြထားပါတယ်။
ဥပမာ ရှေးခေတ် အီဂျစ်နတ်ဘုရား Osiris ကို ကိုးကွယ်သူများကို ပုံဖော်ပေးသည့် ပိရမစ် တစ်ခုလည်း ရှိတယ်ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။