ကမာခွံတွေကို တုပထားတဲ့ ခိုင်ခံ့တဲ့ ဖန်သား အကြောင်း

Innovation Tech

ဖန်တွေဟာ သူတို့ရဲ့ထူးခြားတဲ့ ကြည်လင် ပြတ်သားမှုနဲ့ တောင့်တင်းမှုကြောင့် လူသားများအတွက် အမျိုးအမျိုး အဖုံအဖုံ အသုံးပြုလျှက် ရှိပါတယ်။

သို့သော် ကျိုးပဲ့နိုင်လွယ်ပြီး သက်ရောက်မှုခံနိုင်ရည်နဲ့ သဘာဝ လှုပ်ရှားမှုတွေနဲ့ ဆိုင်တဲ့ ယုံကြည်စိတ်ချရမှုတို့ အားနည်းတာကြောင့် သူတို့ရဲ့အသုံးချနိုင်မှု အတိုင်းအတာကို ကန့်သတ်ထားပါတယ်။

ယခုအခါ McGill တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ ကမာခွံရဲ့အတွင်းလွှာကို တုပထားတဲ့ ပိုမို ခိုင်ခံ့တဲ့ ဖန်သားကို တီထွင်နိုင်ခဲ့ပြီး ကြည် လင် ပြတ်သားမှုကို ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ကမာ (ပုလဲမိခင်) လို့ သိကြတဲ့ ခရုခွံတွေ အတွင်း၌ ရောင်ပြန်ဟပ်တဲ့အလွှာဟာ အကြမ်းခံအုတ်နဲ့ အင်္ဂတေ တည်ဆောက်ပုံရဲ့ သဘာဝရဲ့ထူးခြားတဲ့ ဥပမာတွေထဲက တစ်ခုဖြစ်ပါတယ်။

တောင့်တင်းတဲ့ inorganic aragonite platelets နဲ့ နူးညံ့တဲ့ elastic biopolymers တွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းဟာ အံ့သြဖွယ် ကောင်းလောက်တဲ့ ခိုင်ခံ့မှုနဲ့ မာကြောမှုတို့ ပေါင်းစပ်ပြီး အက်ကြောင်းများ ဖြစ်ပေါ်ခြင်းကို တားဆီးပေးပါတယ်။

သူတို့ရဲ့လေ့လာမှုအသစ်အတွက် သုတေသီတွေဟာ ဖန်ပွင့်နဲ့ အက်ခရီလစ် (acrylic) အလွှာတွေနဲ့ ကမာရဲ့ဗိသုကာပုံစံကို ပုံတူပွားကာ စျေးသက်သက်သာသာနဲ့ အလွယ်တကူထုတ်လုပ်နိုင်ပြီး ထူးခြားစွာ ခိုင်ခံ့နေသေးပေမယ့် အလင်းဖောက် မမြင်နိုင်တဲ့ပစ္စည်းကို ဖြစ်ပေါ်စေပါတယ်။

ကြည်လင်ပြီးအလင်းဖောက်မြင်နိုင်ဖို့ သူတို့ဟာ ဖန်နဲ့ ချောမွေ့စွာ ရောစပ်ထားတာကြောင့် acrylic ရဲ့ အလင်းယိုင် အညွှန်းကို လှည့်လိုက်ပါတယ်။

ကွဲလွယ်သည့် ဖန်သား (ဘယ်) နှင့် မကွဲနိုင်သည့် ဖန်သား (ညာ) နှိုင်းယှဉ်ထားပုံ Credit: McGill University

ဒါဟာ ပစ္စည်းကို ပုံမှန်ဖန်သားတွေထက် ပိုမို ခိုင်ခံ့စေပြီး ကြည်လင်ပြတ်သားပါတယ်။

ယခုအချိန်မတိုင်ခင်အထိ မြင့်မားတဲ့ ခိုင်ခံ့မှု၊ အကြမ်းခံနိုင်မှုတို့နဲ့ ကြည်လင် ပြတ်သားမှုတို့ အကြား အပေးအယူ တွေရှိခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ပစ္စည်းအသစ်ဟာ ပုံမှန်ဖန်ခွက်ထက် သုံးဆပိုခိုင်ခံ့ရုံသာမက ကျိုးပဲ့မှုဒဏ်ကိုလည်း ငါးဆပိုခံနိုင်တယ်လို့ McGill တက္က သိုလ် Bioengineering ဌာနမှ တွဲဖက်ပါမောက္ခ Allen Ehrlicher က ပြောပါတယ်။

သုတေသီတွေက ထိုပစ္စည်းအသစ်ဟာ ပလတ်စတစ်ရဲ့ ခံနိုင်ရည်ရှိပြီး အခြား အသုံးချမှုတွေ အကြား အနာဂတ်မှာ ဖုန်းတွေနဲ့ အခြားကိရိယာတွေ အတွက် ပိုမိုခိုင်ခံ့တဲ့ ကုန်ပစ္စည်းတွေ ဖြစ်အောင် ပြုလုပ်ရာမှာ အသုံးပြုနိုင်ပါတယ်။

အနာဂါတ် အလုပ်များတွင် အသုံးချနိုင်ရန် အတွက် အဖွဲ့ဟာ ဖန်ခွက်အားအရောင်၊ အပူလျှောက်သတ္တိစတဲ့ ဖန်ရဲ့ ဂုဏ်သတ္တိတွေကို ပြောင်းလဲစေနိုင်တဲ့ ခေတ်မှီ နည်းပညာကို ပေါင်းစပ်ခြင်းဖြင့် ၎င်းကို တိုးတက်စေရန် စီစဉ်နေပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *