ဖန်တွေကို လပေါ်မှာတွေ့တာဟာ အဆန်း မဟုတ်ပေမယ့်လည်း အဆိုပါ ဖန်လုံးတွေကတော့ ပဟေဠိဆန်နေပါတယ်။
လပေါ်မှာ စူးစမ်း ရှာဖွေမှု မစ်ရှင်တွေကို လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံရဲ့ Yutu-2 လဆင်းသက်ယာဉ်ဟာ အံ့အားသင့်ဖွယ် ရှာဖွေ တွေ့ရှိမှု အသစ် တစ်ခုကို တွေ့ရှိခဲ့ပါတယ်။
လရဲ့ ဖွဲ့စည်းပုံနှင့် သမိုင်းကြောင်းကို လေ့လာရာမှာ လျှို့ဝှက် ဆန်းကြယ်တဲ့ ဖန်လုံးတွေကို Yutu-2 လသွားယာဉ်က တွေ့ရှိခဲ့ကြောင်း Science Alert က ဖော်ပြခဲ့ပါတယ်။
မူလက Yutu-2 လဆင်းသက်ယာဉ်ဟာ လမျက်နှာပြင်ပေါ်မှာ သုံးလကြာ စူးစမ်းလေ့လာ လည်ပတ်ဖို့ စီစဉ်ထားသော်လည်း ယခုအခါ လပေါ်မှာ အရှည်ကြာဆုံးယာဉ်အဖြစ် မှတ်တမ်းဝင်ထားပါတယ်။

Image: Courtesy of Wiki Commons(CC BY 2.0)
2019 ခုနှစ်တုန်းက ဆင်းသက်ခဲ့ပြီးနောက်ပိုင်း ၎င်းဟာ လပေါ်မှာ အဝေးဆုံး သွားလာခဲ့တဲ့ ပထမဆုံးသော လပေါ်သွားယာဉ် ဖြစ်လာခဲ့ပါတယ်။
ထိုအချိန်မှစပြီး ကမ္ဘာပေါ်မှာရှိတဲ့ ကျွန်ုပ်တို့မမြင်နိုင်တဲ့ လပေါ်ရှိ အရာတွေ နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းက အဝေးမှမြင်ရတဲ့ လပေါ်ရှိ မြေဆီလွှာမှာ ဖန်လုံးတွေ ရှိနေကြောင်း လျှို့ဝှက်ဆန်းကြယ်မှုစွာ တွေ့ရှိခဲ့ကြပါတယ်။
လပေါ်မှာ ဖန်တွေ အများကြီးတွေ့ရတဲ့အကြောင်း
တကယ်လို့ လူသားတွေဟာ လမျက်နှာပြင်ပေါ်ရှိ ဖန်တွေကို ရှာဖွေခဲ့မယ်ဆိုရင် အလွန်လွယ်ကူမှာ ဖြစ်ပါတယ်။
Science Alert က ၎င်းရဲ့ တင်ပြမှုမှာ ရှင်းပြထားတဲ့အတိုင်း လမျက်နှာပြင်ပေါ်မှာ silicate ပစ္စည်းအမြောက်အများရှိနေပြီး ၎င်းကို ဖန်သားအဖြစ်သို့ပြောင်းဖို့ လိုအပ်တာက ပြင်းထန်တဲ့အပူရှိန်ပဲ ဖြစ်တယ်ဟု ဆိုပါတယ်။
အရင်တုန်းကတော့ လဟာ မီးတောင်ပေါက်ကွဲရာ နေရာ ဖြစ်သော်လည်း ယနေ့ခေတ်မှာတော့ ဥက္ကာခဲတွေ ကျရောက်မှုတွေလို သေးငယ်တဲ့ အရာတွေရဲ့ သက်ရောက်မှုကနေလည်း ဖန်သားဖြစ်အောင် လုံလောက်တဲ့ အပူကိုထုတ်ပေးနေပါတယ်။
Yutu-2 လဆင်းသက်ယာဥ်ကနေ သတိပြုမိခဲ့တဲ့ ဖန်လုံးတွေဟာ Science Alert မှာ ထုတ်ဝေတဲ့ ၎င်းတို့ စာတမ်းရဲ့ နောက် ဆုံး ရလဒ် ဖြစ်နိုင်ဖွယ်ရှိပါတယ်။

moon surface
သို့သော်လည်း လဆင်းသက်ယာဉ်ဟာ လမျက်နှာပြင်ပေါ်မှာ သုံးနှစ်ကြာ ရှိနေစဉ်အတွင်း အဆိုပါ ဖန်လုံးများစွာကို တွေ့ရှိခဲ့ပြီးဖြစ်သော်လည်း ဆက်လက်တွေ့ရှိခဲ့တဲ့ ဖန်လုံး အသစ်တွေဟာ ကွဲပြားမှုရှိကြောင််း တွေ့ရှိခဲ့ကြပါတယ်။
Yutu-2 မှတွေ့ရှိတဲ့ တစ်ချို့ဖန်လုံးတွေဟာ မီလီမီတာမျှသာ အရွယ်အစားရှိပြီး ဖန်လုံးနှစ်ခုကတော့ အချင်းတစ်လက်မ (၂၅ မီလီမီတာ) အထိ ရှိတာကိုတွေ့ခဲ့ရပါတယ်။
စိတ်ဝင်စားစရာကောင်းတာက Apollo 16 မစ်ရှင်ဟာ လရဲ့အနီးအနားမှာ အလားတူ ဖန်လုံးတွေကို တွေ့ရှိခဲ့ပြီး တစ်ချို့မှာအချင်း 1.5 လက်မရှိကာ Yutu-2 က တွေ့ရှိခဲ့တာထက် ပိုကြီးတာကို တွေ့ခဲ့ရပါတယ်။
အဆိုပါ ဖန်လုံးတွေကို မြင်ရတဲ့ပုံစံနဲ့ ရှာဖွေတွေ့ခဲ့တဲ့နေရာများ
Zhiyong Xiao နှင့် လေ့လာမှုအကြောင်း အခြားရေးသားသူတွေရဲ့ပြောကြားချက်အရ လရဲ့ မျက်နှာပြင်ပေါ် ရှိ ဖန်လုံးတွေဟာ ကြည်လင်တောက်ပနေသော်လည်း လုံး၀ ကြည်လင် တောက်ပ နေတာမျိုးမဟုတ်ပဲ ကမ္ဘာပေါ်ရှိ quartz သို့မဟုတ် topaz တို့မှာ မြင်ရတဲ့ပုံစံအတိုင်း ဖန်ရည်တောက်တောက်တောက်ပုံစံ ဖြစ်တယ်ဟု ဆိုပါတယ်။
မကြာသေးမီက ဥက္ကာခဲတွေ ကျရောက်ရာမှ ဖြစ်ပေါ်လာတဲ့ ချိုင့်ကြီးများအနီး နှင့် မီးတောင်ပေါက်ကွဲခဲ့တဲ့ နေရာတွေမှာ အဆိုပါ ဖန်လုံးတွေကို တွေ့ရှိခဲ့ရတယ်ဟု သိရပါတယ်။

moon surface
သုတေသီများက ဟိုးရှေးရှေးကတည်းက လပေါ်မှာ မီးတောင် ပေါက်ကွဲပြီး ဒီလို အလုံးတွေ ဖြစ်ပေါ်လာကာ မကြာသေးမီ က ဥက္ကာခဲတွေ အများအပြား ကျရောက်မှု အတွင်း မြေပေါ်သို့ ပြန်လည် ပေါ်ထွက်လာပြီး အရည်ပျော်ကာ ပြန်လည် ဖန်လုံးတွေ ဖြစ်ပေါ်လာ ဖြစ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။
သီအိုရီအရဆိုရင် လရဲ့အတိတ်ကို စူးစမ်း လေ့လာနိုင်ဖို့အတွက် လမျက်နှာပြင်ပေါ်မှာ နောက်ထပ် ဖန်လုံးများစွာ ရှိနေနိုင်တယ်ဟု ယူဆရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။