အလေးချိန်ကို အဆ တထောင်အထိ မတင်နိုင်တဲ့ ကြွက်သားတုသုံး စက်ရုပ်လက်

Innovation Tech

GRACE ဟု အမည်ပေးထားသည့် စက်ရုပ်လက်ဟာ လူ့လက်ချောင်းများကဲ့သို့ ကွေးဆန့်နိုင်ပြီး လက်တွေ့ဆန်သော လူ့လှုပ် ရှားမှုများကို ပြုလုပ်နိုင်ပါတယ်။

အီတလီနည်းပညာတက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့ဟာ ယခင်က တစ်ခါမှမလုပ်ဖူးသော နည်းလမ်းဖြင့် လူ့ကြွက်သား ကဲ့ သို့ ဆန့်ဆန့်ကျုံ့နိုင်သော ခွန်အားမြင့် ကြွက်သားတု အမျိုးအစားသစ်တစ်ခုကို တီထွင်လိုက်ပါတယ်။

မကြာသေးမီက သုတေသနစာတမ်းတစ်ခုအရ အဆိုပါကြွက်သားတုများဟာ စွယ်စုံရအဆင့်ဖြင့် စွမ်းဆောင်နိုင်ပြီး သက်ရှိကဲ့သို့ လှုပ်ရှားမှုများနှင့် အနီးကပ်လိုက်ဖက်ကာ၊

ခန္ဓာကိုယ် အစိတ်အပိုင်းတုများ ကဲ့သို့သော သုံးဖက်မြင် လုပ်ဆောင်ချက် ဆိုင်ရာ ကိရိယာများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

အလေးချိန် အဆ တထောင်အထိ မတင်နိုင်တဲ့ စက်ရုပ်လက်

အဆိုပါ ကြွက်သားတုများကို GeometRy-based actuators that Contract and Elongate (GRACE) လို့ အမည်ပေးထားပါတယ်။

Image: Courtesy of Science Robotics

GRACE ဟာ ဓာတ်ငွေ့များ သို့မဟုတ် ဖိသိပ်ထားသော လေဖြင့် အလုပ်လုပ်ပြီး ၎င်းတို့အလေးချိန်ရဲ့ အဆ ၁၀၀၀ အထိ မတင်နိုင်ပါတယ်။

တီထွင်မှုကို ပညာရှင်ပေါင်း ၁၈ ပူးပေါင်းပြီး ၈ ကီလိုဂရမ် (၁၇ ပေါင်) လေးသည့် စက်ရုပ်လက်ကို ဖန်တီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါတွေတင် မကသေးပါဘူး။ ဒီဇိုင်း နောက်ကွယ်ရှိ ပုံစံအသစ်က လိုက်လျောညီထွေဖြစ်စေကာ ပျော့ပျောင်းမှုကို အထောက် အကူပြုပါတယ်။

အဆိုပါ စက်ရုပ်လက်ဟာ ၎င်းရဲ့လက်ချောင်းများကို ကွေးညွှတ်နိုင်ပြီး မတူညီသော ကြွက်သားများကို ဖိအား သက်ရောက်တဲ့ အခါ လက်တွေ့ဆန်ဆန် လူ့လှုပ်ရှားမှုများကဲ့သို့ ပြုလုပ်နိုင်ပါတယ်။

လိုက်လျောညီထွေ ဖြစ်စေဖို့အတွက် ဆန်းသစ်သော အခေါက်တွန့်များနှင့် ဒီဇိုင်း

GRACE ကို 3D ပုံစံ ဓာတုအော်ဂဲနစ်ပိုလီမာများဖြင့် ပြုလုပ်ထားသော်လည်း ၎င်းရဲ့ ဒီဇိုင်းနှင့် ပတ်သက်ပြီး ထူးခြားချက်မှာ ကြွက်သားတုများက ဓာတ်ငွေ့ဖြင့် ဖောင်းကားလာတဲ့ အခါမှာ စွမ်းအင်ရွေ့လျားမှု အဖြစ်သို့ ပြောင်းလဲသွားပြီး ဆန့်ထုတ်ခြင်းနှင့် ကျုံ့ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။

Image: Courtesy of Science Robotics

ဒါ့အပြင် ၎င်းတို့ကို အသုံးပြုထားသည့် သုံးဖက်မြင် စက်ကိရိယာများ အတွက် မြင့်မားသော ခွန်အားနှင့် ပျော့ပြောင်းမှုကိုလည်း ဖြစ်စေပါတယ်။

GRACE ဟာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဆုံးရှုံးခြင်းတွေ အတွက် ပြန်လည်ထူထောင်ရေးနှင့် အစားထိုးဖို့အတွက် အရေးပါပါတယ်။

အဆိုပါ စက်ရုပ်လက်အသစ်က လူသား တစ်ယောက်ရဲ့ ရင်းနှီးကျွမ်းဝင်မှုကို ဖြစ်ပေါ်စေတဲ့ အတွက်ကြောင့် ကျွန်ုပ်တို့ကို ပိုပြီးတော့ သက်တောင့်သက်သာ ခံစားရစေမှာ ဖြစ်ပါတယ်။

ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ တိုးတက်မှုတွေကို ရှင်းရှင်း လင်းလင်းသိရှိရပြီး တကယ့် လူမှုရေးနဲ့ ပတ်ဝန်းကျင် အခြေ အနေတွေမှာ လက်တွေ့အသုံးချဖို့ဆိုတာ မဝေးလွန်းတော့တာ သေချာပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.