ဂရိမှ Rafale တိုက်လေယာဉ်များ ဝယ်ယူ

News

ဂရိနှင့် ပြင်သစ်တို့ဟာ ခန့်မှန်းခြေ ယူရို ၁.၉၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၃၅ ဘီလီယံ) တန်ဖိုးရှိ Hellenic Air Force (HAF) လေတပ် အတွက် Dassault Rafale တိုက်ခိုက်ရေးလေယာဉ် ၁၈ စီးအား ဂရိ ကာကွယ်ရေးဝန်ကြီး လက်နက်နှင့် ရင်းနှီးမြှပ်နှံ့မှု ညွှန်ကြားရေးမှူး ချုပ် Theodoros Lagios နှင့် Dassault Aviation ၏ ဥက္ကဌ နှင့်အမှုဆောင်အရာရှိချုပ် Trric Trappier တို့ဟာ ဒီဇင်ဘာ ၂၀၂၀ မှာ ဂရိပါလီမန်မှ ခွင့်ပြုခဲ့သည့် သဘောတူ စာချုပ်အား အတည်ပြုပြီး ဇန်နဝါရီ ၂၅ ရက်တွင် အေသင်၌ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအတွက် နောက်ထပ်စာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ ဂရိဟာ ဥရောပထိပ်တန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး NATO နေတိုးအဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။

ဒါ့အပြင် တိုက်လေယာဉ်တွေ ရောင်းချပေးခဲ့တဲ့ ပြင်သစ်နိုင်ငံ၏ အထူးမိတ်ဖက် နိုင်ငံလဲ ဖြစ်ပြီး Dassault လေကြောင်းကုမ္ပဏီမှ ဂရိဟာ ၄၅ နှစ်ကျော်တိုင် တိုက်လေယာဉ်များ အစဉ်အဆက် ဝယ်ယူခဲ့တာပါ။

ယခု ဝယ်ယူမှုအစီအစဉ်မှ Rafale တိုက်လေယာဉ် ၁၈ စီးတွင် ၁၂ စီး (၁၀ စီးမှာ တစ်ယောက်မောင်းနှင့် ၂ စီးမှာ ၂ ယောက်မောင်း) မှာ ပြင်သစ်လေတပ်မှ ပိုလျှံနေတဲ့ လေယာဉ်များဖြစ်ပြီး၊ ၆ စီးကတော့ ပြင်သစ်မှာ တည်ဆောက်မယ့် အသစ်စက်စက် တွေဖြစ်ပါတယ်။

Mirage 2000

ဂရိအာဏာပိုင်များရဲ့ အရေးတကြီး လိုအပ်ချက်ကို ဖြည့်စီးရန်အတွက် လေယာဉ်များကို ၂၀၂၁ နွေရာသီတွင် စတင်ပေးပို့ပေးမည်ဖြစ်ပြီး ၂ နှစ်အတွင်း အပြီးသတ် ပေးပို့သွားမယ်လို့ သိရပါတယ်။ ဒီလေယာဉ်များဟာ ၁၉၈၅ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေတဲ့ Mirage 2000 တိုက်လေယာဉ်များနေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။

အပိုဆောင်း ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအတွက် စာချုပ်ဟာ ဂရိလေတပ်ရဲ့ လေကြောင်းလှုပ်ရှားမှုများကို ၄ နှစ်ခွဲကြာအောင် ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Rafales တိုက်လေယာဉ်များကို လက်ရှိအသုံးပြုနေတဲ့ SCALP ခရုဇ်ဒုံးကျည်များ၊ AM39 Exocet သင်္ဘောဖျက် ဒုံးကျည်များနှင့် MICA စစ်ဆင်ရေးမျိုးစုံသုံး ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်ထားမည်ဖြစ်ပါတယ်။

ဒါ့အပြင် နောက်ထပ် ယူရို သန်း ၄၀၀ ဖိုး တန်ကြေးရှိတဲ့ MBDA Meteor BVRAAM ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်များကိုလည်း ဝယ်ယူသွားဦးမယ်လို့ သိရှိရပါတယ် ခင်ဗျာ။

ZawGyi

ဂရိႏွင့္ ျပင္သစ္တို႔ဟာ ခန႔္မွန္းေျခ ယူ႐ို ၁.၉၂ ဘီလီယံ (အေမရိကန္ေဒၚလာ ၂.၃၅ ဘီလီယံ) တန္ဖိုးရွိ Hellenic Air Force (HAF) ေလတပ္ အတြက္ Dassault Rafale တိုက္ခိုက္ေရးေလယာဥ္ ၁၈ စီးအား ဂရိ ကာကြယ္ေရးဝန္ႀကီး လက္နက္ႏွင့္ ရင္းႏွီးျမႇပ္ႏွံ႔မႈ ၫႊန္ၾကားေရးမႉး ခ်ဳပ္ Theodoros Lagios ႏွင့္ Dassault Aviation ၏ ဥကၠဌ ႏွင့္အမႈေဆာင္အရာရွိခ်ဳပ္ Trric Trappier တို႔ဟာ ဒီဇင္ဘာ ၂၀၂၀ မွာ ဂရိပါလီမန္မွ ခြင့္ျပဳခဲ့သည့္ သေဘာတူစာခ်ဳပ္အား အတည္ျပဳၿပီး ဇန္နဝါရီ ၂၅ ရက္တြင္ ေအသင္၌ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာအတြက္ ေနာက္ထပ္စာခ်ဳပ္ကိုလည္း လက္မွတ္ေရးထိုးခဲ့ပါေသးတယ္။ ဂရိဟာ ဥေရာပထိပ္တန္းႏိုင္ငံ တစ္ႏိုင္ငံျဖစ္ၿပီး NATO ေနတိုးအဖြဲ႕ရဲ႕ အဓိကအဖြဲ႕ဝင္ႏိုင္ငံျဖစ္ပါတယ္။

ဒါ့အျပင္ တိုက္ေလယာဥ္ေတြ ေရာင္းခ်ေပးခဲ့တဲ့ ျပင္သစ္ႏိုင္ငံ၏ အထူးမိတ္ဖက္ ႏိုင္ငံလဲ ျဖစ္ၿပီး Dessault ေလေၾကာင္းကုမၸဏီမွ ဂရိဟာ ၄၅ ႏွစ္ေက်ာ္တိုင္ တိုက္ေလယာဥ္မ်ား အစဥ္အဆက္ ဝယ္ယူခဲ့တာပါ။

ယခု ဝယ္ယူမႈအစီအစဥ္မွ Rafale တိုက္ေလယာဥ္ ၁၈ စီးတြင္ ၁၂ စီး (၁၀ စီးမွာ တစ္ေယာက္ေမာင္းႏွင့္ ၂ စီးမွာ ၂ ေယာက္ေမာင္း) မွာ ျပင္သစ္ေလတပ္မွ ပိုလွ်ံေနတဲ့ ေလယာဥ္မ်ားျဖစ္ၿပီး၊ ၆ စီးကေတာ့ ျပင္သစ္မွာ တည္ေဆာက္မယ့္ အသစ္စက္စက္ ေတြျဖစ္ပါတယ္။

ဂရိအာဏာပိုင္မ်ားရဲ႕ အေရးတႀကီး လိုအပ္ခ်က္ကို ျဖည့္စီးရန္အတြက္ ေလယာဥ္မ်ားကို ၂၀၂၁ ေႏြရာသီတြင္ စတင္ေပးပို႔ေပးမည္ျဖစ္ၿပီး ၂ ႏွစ္အတြင္း အၿပီးသတ္ ေပးပို႔သြားမယ္လို႔ သိရပါတယ္။ ဒီေလယာဥ္မ်ားဟာ ၁၉၈၅ ခုႏွစ္ကတည္းက တာဝန္ထမ္းေဆာင္ေနတဲ့ Mirage 2000 တိုက္ေလယာဥ္မ်ားေနရာမွာ အစားထိုးသြားမွာ ျဖစ္ပါတယ္။

အပိုေဆာင္း ေထာက္ပံ့ပို႔ေဆာင္ေရးဆိုင္ရာအတြက္ စာခ်ဳပ္ဟာ ဂရိေလတပ္ရဲ႕ ေလေၾကာင္းလႈပ္ရွားမႈမ်ားကို ၄ ႏွစ္ခြဲၾကာေအာင္ ပံ့ပိုးေပးသြားမွာ ျဖစ္ပါတယ္။

ဒီ Rafales တိုက္ေလယာဥ္မ်ားကို လက္ရွိအသုံးျပဳေနတဲ့ SCALP ခ႐ုဇ္ဒုံးက်ည္မ်ား၊ AM39 Exocet သေဘၤာဖ်က္ ဒုံးက်ည္မ်ားႏွင့္ MICA စစ္ဆင္ေရးမ်ိဳးစုံသုံး ေဝဟင္မွေဝဟင္ပစ္ ဒုံးက်ည္မ်ား တပ္ဆင္ထားမည္ျဖစ္ပါတယ္။

ဒါ့အျပင္ ေနာက္ထပ္ ယူ႐ို သန္း ၄၀၀ ဖိုး တန္ေၾကးရွိတဲ့ MBDA Meteor BVRAAM ေဝဟင္မွေဝဟင္ပစ္ ဒုံးက်ည္မ်ားကိုလည္း ဝယ္ယူသြားဦးမယ္လို႔ သိရွိရပါတယ္ ခင္ဗ်ာ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *