ဆန်းသစ် တီထွင်ဖန်တီးနိုင်စွမ်း ဆိုသည်မှာ ကျွမ်းကျင်သည့် အတတ်ပညာများကို အသုံးပြုကာ ဆန်းသစ်မှုများကို ဆောင်ယူလာပေးသည့် အနုပညာအားဖြင့် ကြိုးစားမှုလို့ ဆိုနိုင်ပါတယ်။
တီထွင်ဖန်တီးနိုင်စွမ်း ရှိသည့် သူများဟာ ၎င်းတို့၏ အထင်ကြီးလောက်စရာ ကောင်းလှတဲ့ ကျွမ်းကျင်မှုများဖြင့် လူအများကို အထင်ကြီး ဆွဲဆောင်နိုင်ရန် လုပ်ဆောင်လျက်ရှိပါတယ်။
ဒီလိုဖန်တီးမှု များစွာထဲတွင် ကမ္ဘာကြီးအတွက် အကျိုးကျေးဇူးဖြစ်စေသည့် စွန့်ပစ် ပစ္စည်းများကို ပြန်လည် အသုံးပြုထားသည့် ရေရှည်တည်တံ့သည့် ဒီဇိုင်းများလည်း ပါဝင်ပါတယ်။
အဲဒီ့အထဲက ဥပမာတခုကတော့ ဖန်တီးသူ Burls Art ဖြစ်ပြီး မကြာသေးမီကဘဲ ပင်လယ်ပြင်မှ ပလတ်စတစ် အမှိုက်များကို အသုံးပြုပြီး ရင်သပ်ရှုမောဖွယ်ကောင်းလောက်တဲ့ ဂစ်တာတလုံးကို ဖန်တီးခဲ့ပါတယ်။

၎င်းဟာ ရောင်စုံ ခဲတံပေါင်း ၁,၂၀၀ လောက် အသုံးပြုပြီး ၎င်း၏ ပထမဆုံး ဂစ်တာကိုယ်ထည် တည်ဆောက်ပုံ အဆင့်ဆင့်ကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီး Youtube ပေါ်တွင် စတင်ဖော်ပြခဲ့တာပါ။
အဆိုပါ ဗီဒီယိုဟာ လူကြိုက်များလာခဲ့ပြီး အဲဒီနောက်မှာတော့ ဂစ်တာဒီဇိုင်းများစွာအတွက် အခြား လှပသည့် ဖန်တီးမှုများ ဆက်လက် တင်ဆက်နေခဲ့တာ ဖြစ်ပါတယ်။
ယခုတော့ သူဟာ 4ocean နှင့် ပူးပေါင်းကာ ပင်လယ်ပြင်မှ ပလတ်စတစ်များကို အသုံးပြုပြီး double-cut စတိုင် (နှစ်ဖက်ချို့င့်ကို ဆိုလိုပါသည်) ဂစ်တာကို ထပ်မံ ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။
4ocean ဆိုတာ
4ocean ဟာ ၂၀၁၇ ခုနှစ်လောက် ကတည်းက ပင်လယ်ပြင်မှ ပလတ်စတစ် အမှိုက်သရိုက် များစွာကို ပြန်လည်ရယူပြီး လက်ကောက်နှင့် အခြား အသုံးဝင်သော ထုတ်ကုန်ပစ္စည်များကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
ယနေ့အထိ 4ocean ဟာ ပင်လယ်ပြင်မှ အမှိုက်သရိုက် စုစုပေါင်း ပေါင်ချိန် သန်း ၂၀ လောက်အထိ စုဆောင်းကာ ပြန်လည် အသုံးချပြီး ဖြစ်ပါတယ်။

ဒါ့အပြင် Polaru Marine နှင့် ပူးပေါင်းပြီး တနာရီလျှင် စတုရန်းမီတာ ၃ ထောင်လောက်အထိ အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ကမ်းခြေမှ အမှိုက်များကို ရှင်းလင်းသည့် စက်ရုပ်ကိုလည်း ဖန်တီးခဲ့ပါသေးတယ်။
အဆိုပါ စက်ရုပ်ကို Bebot လို့ အမည်ပေးထားပြီး နေရောင်ခြည် စွမ်းအင်သုံး ဘတ္တရီဖြင့် စွမ်းအင်ပေးကာ ကမ်းခြေမှ အမှိုက်များကို အ ဝေးထိန်းစနစ်ဖြင့် ရှင်းလင်းပေးနိုင်ပါတယ်။
ဂစ်တာကို တည်ဆောက်ပုံ
Burls Art ဟာ ဂစ်တာကို ဖန်တီးဖို့အတွက် လိုအပ်သည်များကို ပင်လယ်ပြင်မှ စုဆောင်နိုင်ဖို့ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းရှိ အဖွဲ့တဖွဲ့ အကူအညီဖြင့် ဆောင်ရွက်ခဲ့တာပါ။
အဲဒီ့နောက် ဂစ်တာနှင့် ပတ်သက်သည့် ကိစ္စများကို ဆောင်ရွက်နိုင်ရန် ကိုယ်ထည်ကို 4ocean စက်ရုံသို့ ပို့ဆောင်လိုက်ပါတယ်။

အဲဒီ့နောက် ပလတ်စတစ် အပိုင်းအစများကို သံမဏိ ပုံစံထဲသို့ လောင်းထည့်ကာ အရည်ဖျော်ပြီး ပုံဖော်ပါတယ်။
အဲဒီ့နောက် polyethylene (PPE) အိတ်များ ကဲ့သို့ မရှိမဖြစ် ပစ္စည်းများကို ထပ်မံစုဆောင်း အသုံးပြုပါတယ်။
၎င်းဟာ ဂစ်တာ neck ကို ပလတ်စတစ် အမှိုက်တွေနဲ့ ပြလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ အတွက် maple သားဖြင့်သာ ပြုလုပ်ခဲ့ပါတယ်။
ဂစ်တာ၏ fingerboard ကိုတော့ အချိုရည်သောက်သည့် ပလတ်စတစ် ပိုက်များကို အသုံးပြုပြီး ဖန်တီးခဲ့တာပါ။
ဤသို့ဖြင့် pick up နှစ်ခု တပ်ဆင်ထားပြီး ထိန်းချုပ်ခလုတ် ၃ ခု ပါဝင်သည့် ရင်သပ်ရှုမောဖွယ်ရာ ဂစ်တာတလုံး ဖြစ်လာခဲ့ပါတယ်။

Burls Art ၏ အဆိုပါ ဖန်တီးမှုဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အားပေးနေသည့် အတွက် အလွန်အကျိုးရှိတဲ့ ဖန်တီးမှုတခုအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။