လူသားများနှင့်အတူ နှစ် ၂ သိန်းလောက် ဆင့်ကဲပြောင်းလဲလာတဲ့ အူလမ်းကြောင်းပိုးပေါင်း ၆၀

Article Science

လေ့လာမှု အသစ်တစ်ခု အရ အူလမ်းကြောင်း ဘက်တီးရီးယားများ က ကျွန်ုပ်တို့နှင့်အတူ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်သိန်းခန့်အတွင်း ဆင့်ကဲပြောင်းလဲခြင်း သို့မဟုတ် “ပေါင်းစပ်ခြင်း” ကို ပြသခဲ့ပါတယ်။

သုတေသန အသစ်က မိုက်ခရိုဇီဝ အခြေခံရောဂါများကို ကုသနည်း သို့မဟုတ် ကုထုံး အသစ်များ ဖန်တီးနည်း ဆိုင်ရာ အ ချက် အလက်များကို ပိုမိုပေးစွမ်းနိုင်မည်ဟု မျှော်လင့်ရပါတယ်။

အဆိုပါ လေ့လာမှုဟာ ကမ္ဘာတစ်ဝှမ်းရှိ လူသားများစွာရဲ့ အရင်းနှီးဆုံး ဘက်တီးရီးယား သူငယ်ချင်းများကြား ခြားနားချက်များနှင့် ဆင်တူမှုများကို တွေ့ရှိခဲ့ရပါတယ်။

သုတေသီတွေက ဘက်တီးရီးယားမျိုးစိတ် ၅၉ မျိုးနှင့် လူသားများနှင့်အပြိုင် ဆင့်ကဲပြောင်းလဲလာသော archaeon တစ်မျိုးကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

Archaeon က မူလက ဘက်တီးရီးယားများဟု ယူဆရသော ဆဲလ်တစ်ခုထဲရှိ သက်ရှိများရဲ့ နယ်မြေတစ်ခုဖြစ်ပြီး ယခုအခါ ကျွန်ုပ်တို့ကဲ့သို့ ဆဲလ်ပေါင်းများစွာ သက်ရှိများအဖြစ် လူသိများတဲ့ ယူကရီယိုနှင့် ပိုမိုဆင်တူပါတယ်။

လူ့အူလမ်းကြောင်းမှာဆိုရင် ဘက်တီးရီးယားမျိုးစိတ် ရာနှင့်ချီပါဝင်ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူများတွင် အထင်ရှားဆုံးမျိုးစိတ်များစွာကို Cornell University မှ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဇီဝဗေဒပညာရှင် Andrew Moeller က ဖြည့်စွက်ဖော်ပြထားပါတယ်။

အူလမ်းကြောင်း ဘက်တီးရီးယားများက ဘက်တီးရီးယား အစုအဝေးများ မဟုတ်သော်လည်း လူသားများရဲ့ ကွဲပြားသော မျိုးရိုးများကို ထင်ဟပ်နေပါတယ်။

ဒါ့ကြောင့် အဏုဇီဝမျိုးစိတ်များအတွင်း၊ အချို့သောမျိုးစိတ်များက သီးခြား လူသား လူဦးရေ အကြားတွင် ထူးခြားသော မျိုးရိုးဗီဇ ကွဲပြားမှုကို ပြသနိုင်ပါတယ်။

ရှေးဦးလူသားများ ရွှေ့ပြောင်းနေထိုင်ပုံပြ မြေပုံ Credit: López et al. 2015.

သို့သော် လူသားများနှင့် အဏုဇီဝများကြားတွင် မျှဝေထားသော ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းမှ ကွဲပြားမှုများ ရှိ၊ မရှိကို အပြည့်အဝနားမလည်သေးပါဘူး။

အဏုဇီဝဗေဒပညာရှင် Taichi Suzuki နှင့်အဖွဲ့ဟာ Gabon၊ Vietnam နှင့် Germany တွင်နေထိုင်သူ ၁၂၂၅ ယောက်ကို အကဲဖြတ်ခဲ့ပြီး ဆင့်ကဲဖြစ်စဉ် မှတ်တမ်းများရှိတဲ့ အဏုဇီဝ မျိုးကွဲ ၆၀ ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အပြင်းထန်ဆုံးသော ပေါင်းစပ်ကွဲပြားမှုကိုပြသသည့် မျိုးစိတ်များက အောက်ဆီဂျင်၊ အပူချိန်မခံနိုင်မှုနှင့် လျော့နည်းသွားသော ဂျီနိုမီ များကဲ့သို့ သီးခြားဆင့်ကဲဖြစ်ပေါ်ပုံရပြီး ၎င်းတို့က ကျွန်ုပ်တို့နှင့် အမှန်တကယ် အပြန်အလှန် မှီခိုနေရတယ်ဟုလည်း လေ့လာတွေ့ရှိခဲ့ရပါတယ်။

သုတေသီတွေက ၎င်းတို့ရဲ့ စာတမ်းအသစ်မှာ “Microbiome နှင့်ဆက်စပ်သော လူ့ကျန်းမာရေး အခြေအနေများ စာရင်းတွင် အာဟာရ ချို့တဲ့မှုမှဓာတ်မတည့်ခြင်း နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများအထိ ဖြစ်​စေတယ်” ဟု ရေးသားခဲ့ပါတယ်။

သု​တေသီတွေက လူများကြားတွင် အူလမ်းကြောင်းရှိ အဏုဇီဝမျိုးကွဲများ ကွဲပြားမှုကို သိရှိ နားလည် ထားခြင်းကြောင့် အာဟာရချို့တဲ့မှုကို ကုသနိုင်တယ်ဟု ခံယူထားပါတယ်။

Microbiome များက ကိုယ်ပိုင်ဆေးပညာအတွက် ကုသရေး ပစ်မှတ်ဖြစ်ပြီး ရလဒ်များအရ microbiome-based ကုထုံးများအတွက် လူဦးရေ သီးသန့်ချဉ်းကပ်မှုရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com