ဖွံ့ ဖြိုးဆဲနိုင်ငံမှ လူတွေမှာဆိုရင် အကျိုးသက်ရောက်မှုဟာ ပို၍ သိသာတာကို တွေ့ရပါတယ်။ ဒါက ဘာကြောင့် အရေးကြီးတာလဲ။
ရာသီဥတုပြောင်းလဲမှုကို တွေးတောကြည့်တဲ့အခါ ပူနွေးလာတဲ့ ဂြိုလ်တစ်ခုနဲ့ ဟာရီကိန်းမုန်တိုင်းတွေ၊ မိုးခေါင်ရေရှားမှုတွေနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုလိုမျိုး အန္တရာယ်တွေကို တွေးမြင်ကြည့်ကြပါတယ်။
သို့ပေမဲ့ ကမ္ဘာဂြိုလ်ရဲ့ မြင့်တက်လာတဲ့ အပူချိန်ဟာ ကျွန်ုပ်တို့ကို ထိခိုက်စေနိုင်သည့် အခြားနည်းလမ်းများ ရှိပြီး ထင်ထားတာထက် ပိုပြင်းထန်နိုင်ပါတယ်။
လေ့လာမှုအသစ်တစ်ခုအရ ရာသီဥတုဖောက်ပြန်မှုဟာ လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အိပ်စက်ခြင်းကို ဆုံးရှုံးစေကြောင်း တွေ့ရှိခဲ့တယ်ဟု Cell Press မှ စနေနေ့တွင် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2099 ရောက်ရင် လူတစ်ဦးဟာ တစ်နှစ်ကို ပျမ်းမျှအိပ်ချိန် 50 မှ 58 နာရီအထိ ဆုံးရှုံးမှာ ဖြစ်တဲ့အကြောင်း
ယခုဆိုရင် ကမ္ဘာ့အပူချိန်များ ဆက်လက်တိုးပွားနေပြီး ၂၀၉၉ ရောက်ရင် လူတစ်ဦးကို တစ်နှစ်လျှင် အိပ်ချိန် 50 မှ 58 နာရီအထိ ပျက်စီးသွားနိုင်တယ်ဟု သုတေသီများက ခန့်မှန်းထားပါတယ်။

ဒီအကျိုး သက်ရောက်မှုဟာ ဝင်ငွေနည်းသော နိုင်ငံမှ နေထိုင်သူများအပြင် သက်ကြီး ရွယ်အိုများနှင့် အမျိုးသမီးများ အ တွက် ပါ ပိုမို ဆိုးရွားစေမှာ ဖြစ်ပါတယ်။
“အိပ်စက်ခြင်းဆိုတဲ့ လူ့ကျန်းမာရေးနှင့် စွမ်းအင်အတွက် မရှိမဖြစ်လိုအပ်သောလုပ်ငန်းစဉ်တွေဟာ တိုးပွားလာတဲ့ အပူချိန်ကြောင့် ပျက်စီးသွားနိုင်တယ်” ဟု လေ့လာမှုရဲ့ ဦးဆောင်ရေးသားသူ Kelton Minor က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အသိပေးတဲ့ ရာသီဥတုမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ရှေ့သို့တက်လှမ်းနိုင်ဖို့နှင့် ယနေ့ခေတ်လူမှုအဖွဲ့အစည်းမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု တိုးချဲ့လာမှုကြောင့် အနာဂတ် ရာသီဥတုဆိုင်ရာ သက်ရောက်မှုတွေကို အပြည့်အဝ ထည့်သွင်း တွက်ချက်ဖို့ လိုအပ်တယ်”ဟုလည်း ဆိုပါတယ်။
အပူချိန် တိုးလာခြင်းကြောင့် အသက်အန္တရယ်နှင့် ဆေးရုံတက်ရမှုများ ပိုများလာကြောင်း တွေ့လာရသော်လည်း လူတို့ရဲ့ ကောင်းစွာ အနားယူနိုင်မှုအပေါ် အတိအကျ သက်ရောက်မှုကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒီလေ့လာမှုဟာ သာမန်အပူချိန်ထက် ပိုပူတဲ့အပူချိန်က လူသားတွေရဲ့ အိပ်စက်ခြင်းကို ပျက်ပြားစေတယ်ဆိုတဲ့ အထောက် အထားတွေကို ပံ့ပိုးပေးတယ်” ဟု Minor က ဆိုပါတယ်။
သုတေသန အသစ်ဟာဆိုရင် အန္တာတိကတိုက်မှ လွဲ၍ တိုက်ကြီး အားလုံးရှိ နိုင်ငံပေါင်း 68 နိုင်ငံမှ အရွယ်ရောက်ပြီးသူ 47,000 ကျော်ထံမှ အိပ်စက်ခြင်း ခြေရာခံ လက်ပတ်များမှ စုဆောင်းထားသော ကမ္ဘာလုံးဆိုင်ရာ အိပ်စက်မှုဒေတာများကို ဆန်းစစ်ခဲ့ခြင်း ဖြစ်ပါတယ်။

အလွန်ပူပြင်းတဲ့ (၃၀ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၈၆ ဒီဂရီဖာရင်ဟိုက်) ထက်များသော ညများတွင် အိပ်စက်ခြင်းဟာ ပျမ်း မျှအားဖြင့် အိပ်စက်ခြင်းဟာ ၁၄ မိနစ်ကျော်ကျော် ကျဆင်းသွားကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။
ကျွန်ုပ်တို့ လူသားတွေရဲ့ ခန္ဓာကိုယ်များဟာ တည်ငြိမ်တဲ့ ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်းဖို့ အလွန် လိုက်လျောညီထွေ ရှိပါတယ်။
သို့ပေမဲ့ အပူရှိန် တိုးလာတာနှင့်အမျှ အိပ်စက်မှုအရည်အသွေးနှင့် ပမာဏ အမှန်တကယ် လျော့နည်းသွားကြောင်း အစောပိုင်းလေ့လာမှုတွေအရ သိရပါတယ်။
ဒါ့အပြင် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လူများအတွက် အိပ်ရေးပျက်ခြင်းမှာ ပိုမိုမြင့်မားပြီး ပိုမို ထိခိုက် စေနိုင်တာကို တွေ့ရှိ ခဲ့ရပါတယ်။
“မတူညီတဲ့ ရာသီဥတုအခြေအနေတွေမှာရှိတဲ့ လူတွေဟာ ပြင်ပအပူချိန်များ ပို၍တိုးလာတာနှင့်အမျှ အိပ်ရေးပျက်မှုပမာဏဟာလည်း တဖြေးဖြေးတိုးလာကာ အိပ်ရေးပျက်မှုတွေ ပိုကြုံတွေ့ရတာဖြစ်တယ် ” ဟု Minor က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။
ယခုဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ အပူချိန်များ ဆက်တိုက် မြင့်တက်နေပြီး ညဘက်တွင် အမြင့်ဆုံးအဖြစ် မှတ်တမ်းတင် ထားပါတယ်။ တစ်ဆက်တည်းမှာပဲ လူဦးရေ အများအပြားဟာ အိပ်ရေးမ၀ခြင်းကို ကြုံတွေ့နေရပါတယ်။

သို့သော်လည်း ပူနွေးတဲ့ ပျမ်းမျှအပူချိန်များဟာ ကမ္ဘာတစ်ဝှမ်းရှိ အိပ်စက်ခြင်းဆိုင်ရာများအပေါ် သက်ရောက်မှု ရှိမရှိ ရှင်း ရှင်းလင်းလင်း မသိရသေးပါဘူး။
အပူချိန် တိုးလာခြင်းဟာ နှောင့်နှေးခြင်းနှင့်အတူ အဓိကအားဖြင့် အိပ်ချိန်ကို တိုစေကာ အိပ်ချိန်မလုံလောက်ခြင်း ဖြစ်နိုင် ခြေကိုတော့ တိုးစေပါတယ်။
ဝင်ငွေနည်းတဲ့ နိုင်ငံများနှင့် သက်ကြီးရွယ်အိုများတွင် နေထိုင်သူများအတွက် အိပ်ရေးပျက်ခြင်းအပေါ် အပူချိန်သက်ရောက်မှုမှာ သိသိသာသာ ကြီးမားပြီး အမျိုးသမီးများဟာ အမျိုးသားများထက် ပိုမိုသက်ရောက်မှုရှိတာကို တွေ့ရပါတယ်။
2099 ရောက်ရင် အပူချိန်ကြောင့် လူတစ်ဦးကို တစ်နှစ်လျှင် အိပ်ချိန် 50–58 နာရီအထိ ပျက်စီးသွားစေနိုင်ပြီး၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ပထဝီဝင် မညီမျှမှုများဟာ အနာဂတ် ဖန်လုံအိမ် ထုတ်လွှတ်မှုများနှင့်အတူ အတိုင်းအတာ တစ်ခုအထိ တိုးပွားလာမှု သေချာပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။