ယခုနှစ် ဇွန်လ အစောပိုင်းမှာ စစ်ဘက်ရဲများဟာ လူအုပ်များကို ရှင်းလင်းနိုင်ဖို့အတွက် အိမ်ဖြူတော်အနီးတွင် တပ်ဖြန့်ခဲ့ရပါတယ်။
NPR ၏ စုံစမ်းစစ်ဆေးမှုများ အရ ရှင်းရှင်းလင်းလင်း မသိရှိရသေးခင်မှာ စစ်ဘက်အရာရှိ တဦးဟာ အပူလှိုင်း လက်နက် D.C အမျိုးသား အစောင့်တပ်ဖွဲ့တွင် ရှိမရှိ ရှာဖွေခဲ့တယ်လို့ သိရပါတယ်။
နောက်ဆုံးမှာ လူအုပ်ကို မီးခိုးနှင့် မျက်ရည်ယို ဗုံးများကိုသာ အသုံးပြုပြီး လူစုခွဲခဲ့တာကို တွေ့ရှိခဲ့ရသဖြင့် အဆိုပါ လက်နက်များ အဲဒီ့အချိန်က မပိုင်ဆိုင်ခဲ့ဘူးလို့ ယူဆရမှာပါ။
သို့ပေမယ့် စစ်တပ်ရဲအရာရှိ တဦးဟာ ဤလက်နက်မျိုးကို ရှာဖွေနေပါက ၎င်းဟာ ယခင်က မြင်ဖူးခဲ့ဖွယ် ရှိနေသည့် သဘော ဖြစ်နေပါတယ်။
ဒီ မေးခွန်းရဲ့အဖြေကို အမေရိကန် ကာကွယ်ရေး ဦးစီးဌာန၏ လူ့အသက်အန္တရာယ် မထိခိုက်စေနိုင်သည့် လက်နက်များ စီမံကိန်း ဌာန အောက်ရှိ ပူးပေါင်း အလယ်အလတ်အဆင့် တပ်ဖွဲ့စွမ်းရည်ဆိုင်ရာ ရုံး၏ ဝက်ဘ်ဆိုက်မှာ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ အဲဒီ့လက်နက်ကို Active Denial System (ADS) လို့ခေါ်ပြီး ၎င်းဟာ အရပ် ၅ ပေလောက်ရှိသည့် လူတယောက်ကို အကွာအဝေး ၃၂၈၀ ပေမှ လှိုင်းဖြင့် ပစ်ခတ်နိုင်တယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အခြား ရာဘာကျည်ကဲ့သို့သော ကျည်များကို အသုံးပြုသည့် လက်နက်များနှင့် မတူတာကတော့ ADS လက်နက် ဟာ အသက်အရွယ်၊ ကျား/မ မရွေး တူညီစွာပဲ သက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဖြစ်နိုင်ချေရှိသည့် စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် အမေးအဖြေ စာမျက်နှာတွင် ဒီလက်နက်ဟာ လေဆာ သို့မဟုတ် မိုက်ခရိုဝေ့ဖ် ကဲ့သို့ စနစ်မျိုးဖြင့် အလုပ်လုပ်တာ မဟုတ်ကြောင်း ရှင်းလင်းထားပါတယ်။
အဲဒီ့အစား မိုက်ခရိုဝေ့ဖ် (2.45 GHz) ထက်ပိုပြီး ကြိမ်နှုန်းမြင့်တဲ့ 95 GHz ဖြင့် အလွန် တိုတောင်းတဲ့ အချိန်အတွင်းမှာ ပစ်ခတ်နိုင်ပြီး အရေ ပြား မျက်နှာပြင်တွင် အပူခံစားမှုကို ဖြစ်စေမယ်လို့ သိရပါတယ်။
လူများကို အသက်အန္တရာယ် မထိခိုက်နိုင်သည့် လက်နက် စီမံကိန်းကို ဖန်တီးနိုင်ရန် အချိန် ၁၅ နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် လှိုင်းဖြင့် အကြိမ်ရေ ၁၃,၀၀၀ ကျော် ပစ်ခတ် စမ်းသပ်ခဲ့ကာ ၎င်းဟာ မျက်စိကွယ်ခြင်းနှင့် ကင်ဆာဖြစ်စေခြင်းတို့ မဖြစ်စေနိုင်ဘူးလို့ ဆိုပါတယ်။
စီမံကိန်းအရ လက်နက်စနစ်ဟာ ပစ်ခတ်သည့် ကြာမြင့်ချိန်ကိုလည်း အလိုအလျှောက် ကန့်သတ်နိုင်တယ်လို့ သိရပါတယ်။
ဒီလက်နက်ဟာ အမေရိကန် ပြည်ထောင်စု၏ ဥပဒေများနှင့် အလွန်ကို ကိုက်ညီပြီး လက်ရှိတွင် လက်နက်ကို ပုံစံ ၂ မျိုးဖြင့် ရရှိနိုင်မယ် လို့ သိရပါတယ်။
ပထမ တမျိုးမှာ မရိန်းတပ်ဖွဲ့၏ MVTR ထရပ်ကားဖြင့် သယ်ယူနိုင်သည့် ကြံ့ခိုင်သော ရွေးလျားစနစ်ဖြစ်ပြီး နောက်တမျိုးကတော့ နည်းဗျူ ဟာမြောက် သံချပ်ကာ ကွန်တိန်နာစနစ်ဖြင့် ဖြစ်တယ်လို့ သိရပါတယ်။
စနစ် ၂ မျိုးလုံးဟာ စစ်ဘက်ဆိုင်ရာ အသုံးဝင်မှု အကဲ့ဖြတ် စမ်းသပ်မှုများ ပြီးစီးပြီး ဖြစ်ကာ တောင်းဆိုချက် တခု လက်ခံရရှိပါက လျှင်မြန်စွာ ဖြန့်ကျက်နိုင်မှာပါ။
အနာဂါတ် တိုးတက်မှုများ အတွက် အမေရိကန် ကြည်းတပ်ဟာ solid-state monolithic မိုက်ခရိုဝေ့ ပေါင်းစပ် ဆားကစ်များကို ထုတ် လုပ် နိုင်ဖို့ ကြိုးစားနေပြီး ရွေးလျှားစနစ် မျိုးစုံမှာ ADS လက်နက်ကို တပ်ဆင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။
ပေါင်းစပ်ဆားကစ်အတွက် Gallium nitride (GaN) ဟာ ဆီလိုကွန်ထက်ပိုပြီး ထိရောက်ကြောင်း ဝက်ဘ်ဆိုက်၏ နောက်ပိုင်းတွင် ထပ်မံ ဖော်ပြထားပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။