အမေရိကန် သမ္မတ စီးသည့် Air Force One ဖြစ်လာနိုင်သည့် အသံထက် ၅ ဆမြန် လေယာဉ် အကြောင်း

Article Military

အသံထက် ၅ ဆ နှုန်းဖြင့် ပျံသန်းနိုင်မည့် လေယာဉ်ကို ထုတ်လုပ်ဖို့ ကြိုးစားနေသည့် အာကာသယာဉ် ကုမ္ပဏီ Hermeus ဟာ ၎င်း၏ ပထ မဆုံး လေယာဉ်

စမ်းသပ်ပျံသန်းနိုင်ရန် အမေရိကန်လေတပ်မှ ဒေါ်လာသန်း ၆၀ တန်သည့် စာချုပ် ချုပ်ဆိုခဲ့သည်ကို ဩဂုတ်လ ၅ ရက်နေ့က ကြေငြာ ခဲ့ပါတယ်။

လေတပ်ဟာ Hermeus မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ တနှစ်ကလည်း ကုမ္ပဏီ၏ ဆက်လက် တည်ဆောက်နေသည့် Air Force One လို့ သိကြတဲ့ အနာဂါတ် သမ္မတ နှင့် အမှုဆောင် အရာ ရှိများ စီနင်းမည့် လေယာဉ်အတွက် ဒေါ်လာ ၁.၅ သန်းခန့်ရှိတဲ့ စာချုပ် ချုပ်ဆိုခဲ့ပါသေးတယ်။

အခုတခါကတော့ အမေရိကန်လေတပ်ဟာ အခြား အလားအလာရှိတဲ့ ပြန်လည် အသုံးပြုနိုင်တဲ့ ဟိုက်ပါဆိုးနစ် လေယာဉ်အတွက် ရင်းနှီး မြှုပ်နှံတာ ဖြစ်နိုင်ပါတယ်။

Hermeus ရဲ့ အဆိုအရ အသံထက် ၅ ဆဟူသည့် အမြန်နှုန်းမှာ သာမန် ခရီးသည်တင်လေယာဉ်များ ၇ နာရီခွဲ ခန့် ပျံသန်းရသည့် ပဲရစ်နှင့် နယူးရော့ခ် ခရီးစဉ်ကို အချိန် မိနစ် ၉၀ အတွင်း ရောက်နိုင်တဲ့ အမြန်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။

Hermeus ဟာ ထုတ်လုပ်မည့် တွန်းကန်အားစနစ်၏ အသေးစားဗားရှင်းကို အောင်မြင်စွာ စမ်းသပ်ခဲ့ပြီး ဖြစ်ကာ တနာရီ မိုင် ၃၈၀၀ ထက်ပိုတဲ့

အသံထက် အမြန်နှုန်း ၅ ဆ ပျံသန်းနိုင်ကာ ခရီးသည် ၂၀ ကို တင်ဆောင်နိုင်မယ့် လေယာဉ်ကို တည်ဆောက်ဖို့ မျှော်လင့်ကြောင်း ပြောကြားထားပါတယ်။

စာချုပ်တွင် အချက် ၅ ချက် ပါဝင်ကာ Hermeus အနေဖြင့် လာမယ့် ၃ နှစ်အတွင်းတွင် ပြန်လည်အသုံးပြုနိုင်တဲ့ ဟိုက်ပါဆိုးနစ် တွန်းကန်စနစ်များကို စမ်းသပ်ခြင်း၊ တည်ဆောက်ခြင်း၊ ကုမ္ပဏီ၏ အယူအဆလေယာဉ် Quarterhorse ၃ စီးကို စမ်းသပ်ခြင်း နှင့်

လေတပ်အတွက် မဟာဗျူဟာ ခွဲခြမ်း စိတ်ဖြာရေး ကိရိယာများတွင် အသုံးပြုရန် wargaming လို့ခေါ်တဲ့ စနစ်များ ထောက်ပံ့ပေးရန်တို့ ဖြစ်ပါတယ်။

အဆိုပါ လေယာဉ်မှာ Quarterhorse လို့ အမည်ရပြီး ကုမ္ပဏီ၏ မူပိုင်ဖြစ်တဲ့ GE J85 တာဘို ဂျက်အင်ဂျင်ကို အခြေခံထားတဲ့ တာဘိုင် အ ခြေပြု

combined cycle (TBCC) အင်ဂျင်ကို ၎င်း၏ ပထမဆုံး အလိုအလျှောက် မြန်နှုန်းမြင့် လေယာဉ်မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဒီ စာချုပ်ကို သမ္မတနှင့် အမှုဆောင် လေကြောင်း သယ်ယူရေး ဦးစီးဌာန (PE) ၏ AFWERX Strategic Funding Increase (STRATFI) စီမံ ကိန်းအရ SBIR စာချုပ်၏ ဒုတိယ အဆင့်အနေဖြင့် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပူးပေါင်းဆောင်ရွက်မှုမှာ လေတပ်သုတေသန ဓာတ်ခွဲခန်း (AFRL) မှ ပံ့ပိုးမှုလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Vector Initiative စီမံကိန်း၏ စီမံကိန်း မန်နေဂျာ ဒုတိယ ဗိုလ်မှူးကြီး Joshua Burger က “ဒီ အသေးစား စီးပွားရေး ပါတနာ ကုမ္ပဏီကို အမေရိကန်လေတပ်၏ တီထွင် ဆန်းသစ်မှုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတခုအဖြစ် အသိမှတ်ပြုထားပါတယ်”

” ဒီစာချုပ်အရ ကျွန်တော်တို့ လုပ်နေတဲ့ မြန်နှုန်းမြင့် သယ်ယူ ပို့်ဆောင်ရေး နည်းပညာတွေမှာ အန္တရာယ်ကိုလျှော့ချတာက အမေရိကန် လေတပ်နှင့်

ကာကွယ်ရေး စက်မှုအခြေစိုက် ၂ ခုစလုံးအတွက် ကာလတိုနှင့် ရေရှည်အတွက် အကျိုးကျေးဇူးတွေ ရရှိစေမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၎င်းက ဆက်ပြီး ” Hermeus ဟာ သူ့ရဲ့ သရုပ်ပြထားတဲ့ အောင်မြင်တဲ့ အင်ဂျင် ရှေ့ပြေးပုံစံ မှသည် ပျံသန်းမှုစနစ်သို့ အကောင်အထည်ဖော်မှာကို ကြည့်ရဖို့ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်” လို့ ပြောပါတယ်။

အချို့က ၎င်းတို့ အသုံးပြုမယ့် TBCC အင်ဂျင်ကို ဒေါ်လာ သန်း ၁၀၀ အောက်ဖြင့် ပျံသန်းဖို့ စမ်းသပ်မည်ဆိုတာ မဖြစ်နိုင်ဘူးလို့ အငြင်းပွားနေကြပါတယ်။

သို့ပေမယ့် Hermeus ကတော့ အလိုအလျှောက်စနစ်များ၊ ပြန်လည်အသုံးပြုနိုင်မယ့် စနစ်များ နှင့် အရမ်းကို အာရုံစိုက်ထားတဲ့ လိုအပ်ချက်များနှင့် စက်ပိုင်းဆိုင်ရာ အများအပြားပါဝင်တဲ့ ပရိုဂရမ်များကို ရရှိဖို့ အရှိန်မြှင့်တင်နေပါတယ်။

ကုမ္ပဏီ၏ အထက်ပါ မဟာဗျူဟာ ၃ ချက်ဟာ အဖွဲ့ကို တွန်းပို့စေပြီး ဗျူဟာအရ စမ်းသပ်ပျံသန်းမှု မအောင်မြင်ရသည့် အချက်များဟာ

ပျံသန်းမှု စမ်းသပ်တဲ့ အဖွဲ့သားများနှင့် လူအများ၏ လုံခြုံမှု ကို လေ့လာရင်းမှာပင် အဆက်မပြတ် တိုးတက်လာမှာ ဖြစ်ပါတယ်။

အန္တရာယ်နှင့် နီးနီး ကပ်ကပ် ဖြစ်အောင် ပျံသန်းခြင်းဖြင့် Hermeus ကို စက်မှုနှင့် ပတ်သက်သည့် စက်ဝန်းကို လျှင်မြန်စေကာ စီမံကိန်းအတွက် ကုန်ကျစရိတ်များကို သက်သာ စေမှာ ဖြစ်ပါတယ်။

Hermeus ၏ နည်းပညာများဟာ ကုမ္ပဏီအတွက် အရပ်ဖက်ရော၊ စစ်ဘက်တွင်ပါ ၂ မျိုး အသုံးပြုနိုင်သည့် အနေအထားတွင် အခိုင်အမာ ရှိနေပါတယ်။

“အမေရိကန်လေတပ်နှင့် ပူးပေါင်းနေစဉ်အတွင်း Hermeus ဟာ NASA နှင့် ပါ ပူးပေါင်းမည်ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေငြာခဲ့သည့်အခါ အမေရိကန် ကာကွယ်ရေးဌာနမှ ဟိုက်ပါဆိုးနစ် လေယာဉ်များကို စိတ်ဝင်စားကြောင်း ပြောခဲ့ပါတယ်။

ရှင်းရှင်းလင်းလင်း ပြောရရင် ကျွန်တော်တို့ တည်ဆောက်နေတဲ့အထဲမှာ အရပ်ဖက်ရော စစ်ဘက်ပါ သုံးနိုင်တဲ့ အနေအထားတွေ ရှိပါတယ်” လို့ Hermeus CEO နှင့် ပူးတွဲတည်ဆောင်သူ AJ Piplica က ပြောပါတယ်။

ဒါ့ကြောင့် Hermeus ရဲ့ အသံထက် ၅ ဆ မြန်တဲ့ ဟိုက်ပါဆိုးနစ် လေယာဉ်ကို စစ်တပ်အတွက် ပြန်လည်အသုံးပြုနိုင်တဲ့ ဟိုက်ပါဆိုးနစ် လေ ယာဉ်အဖြစ် မြင်ရမှာလား၊ အမေရိကန်သမ္မတ စီးတဲ့ Air Force One အဖြစ် မြင်ရမှာလားကတော့ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.