လူတွေ ဘေးကင်းလုံခြုံဖို့ စက်ရုပ်တွေ ပိုမိုလိုအပ်လာလိမ့်မည်ဟု ဟောင်ကောင်အခြေစိုက် ဟန်းဆန်းစက်ရုပ်တည်ထောင်သူပြောကြား
ဟောင်ကောင် ၊ ဇန်နဝါရီ ၂၆
“ငါကဲ့သို့ လူမှုစက်ရုပ်တွေဟာ ဖျားနာသူ၊ သက်ကြီးရွယ်အိုတွေကိုဂရုစိုက်နိုင်တယ်” ဟု ဆိုဖီယာစက်ရုပ်က ဟောင်ကောင်ရှိသူ၏ ဓာတ်ခွဲခန်းကိုလှည့်လည်စဉ်ပြောကြားခဲ့တာပါ။ ခက်ခဲတဲ့အခြေအနေတွေမှာတောင် ဆက်သွယ်ရေး၊ ကုထုံး နဲ့လူမှုရေးတွေ ကိုလှုံ့ဆော်ပေးနိုင်ဖို့ ငါကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။၂၀၁၆ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည့် အချိန်မှစပြီး လူ၀င်စက်ရုပ် Sophia သည်ပျံ့နှံ့လာတဲ့အတွက် ယခုဆို သူမနောက်ကွယ်မှ ကုမ္ပဏီဟာ ယခုနှစ်အကုန်တွင် စက်ရုပ်များထုတ်လုပ်ရန် ရည်မှန်းချက်အသစ် တစ်ခုရှိနေပြီပဲဖြစ်ပါတယ်။
ဟောင်ကောင်အခြေစိုက် Hanson Robotics စက်ရုပ်ကုမ္ပဏီက ပြောကြားရာမှာတော့ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာပဲ ဆိုဖီယာ (Sophia) စက်ရုပ် အပါအ၀င် စက်ရုပ်မော်ဒယ်လ် ၄ ခုဟာ စက်ရုံများမှစတင်နိုင်လိမ့်မည်ဟု ဆိုပါတယ်။ သုတေသီများကတော့ ကပ်ဘေးကာလမှာစက်ရုပ်လုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ဖွင့်ပေးလိမ့်မည်ဟု ခန့်မှန်းထားကြပါတယ်

ကမ္ဘာ့ ကပ်ရောဂါ ကာလမှာဆို လူများအားစောင့်ရှောက်ရန် အလိုအလျောက် စက်ကိရိယာ ပိုမိုလိုအပ်လာလိမ့်မည်ဟုလည်း Hanson Robotics စက်ရုပ်ကုမ္ပဏီ တည်ထောင်သူနှင့်အမှုဆောင်အရာရှိချုပ် ဒေးဗစ်ဟန်ဆန် ဆိုပါတယ်။ကူးစက်ရောဂါဖြစ်ပွားမှုကို စက်ရုပ်များဖြင့်ဖြေရှင်းနိုင်ခြင်းသည်ကျန်းမာရေးစောင့်ရှောက်မှုအတွက်တွင်သာ မဟုတ်ဘဲ လက်လီနှင့်လေကြောင်းလိုင်းများကဲ့သို့သောစက်မှုလုပ်ငန်းများမှဖောက်သည်များကိုပါကူညီနိုင်လိမ့်မည်ဟု Hanson ကယုံကြည်နေပြီး ၂၀၂၁ ခုနှစ်တွင် စက်ရုပ်ထောင်ပေါင်းများစွာကို ရောင်းချဖို့လည်း ရန်ရည်ရွယ်ထားပါတယ်လို့ ဆိုပါတယ် ။
Sophia စက်ရုပ် နှင့် Hanson စက်ရုပ်များဟာဆို လူကဲ့သို့ ပြုမူနိုင်လို့ ထူးခြားတယ်လို့ဆိုလို့ရပါတယ်။ လူတွေဟာ အထီးကျန်ဆန်မှု နဲ့ လူမှုရေးအရအထီးကျန်ဖြစ်နေတဲ့ အချိန်တွေမှာ ဒီစက်ရုပ်တွေဟာ အသုံးဝင်ပါတယ်လို့ ဆိုပါတယ်။ ဟောင်ကောင် ပိုလီတက်ကနစ် (Polytechnic) တက္ကသိုလ်မှ လူမှုစက်ရုပ် ပါမောက္ခဖြစ်တဲ့ ဂျွန်ဟွန်း(Johan Hoorn) က သူ့ရဲ့ သုသေသနလုပ်ငန်းတွေမှာ ဆိုဖီယာ (Sophia) စက်ရုပ် နှင့်တူ အလုပ်လုပ်ဖို့ ပါဝင်လာခဲ့ မယ်လို့ဆိုပါတယ်။ နည်းပညာသည် နုနယ်သေးသော်လည်း ကပ်ရောဂါက လူသားများနှင့်စက်ရုပ်များအကြားဆက်နွယ်မှုကို အရှိန်မြှင့်တင်ပေးခဲ့တာဖြစ်ပြီး ကျွန်တော်တို့ကို ဈေးကွက်ထဲမှာအစောပိုင်း စက်ရုပ်တွေဆီက အမှန်တကယ်အထောက်အကူပြုခဲ့လိမ့်မယ်ဆိုတာ အခိုင်အမာပြောနိုင်ပါတယ်လို့ သူက ဆိုပါတယ်။

Hanson Robotics စက်ရုပ်ကုမ္ပဏီဟာ Grace အမည်ရှိ စက်ရုပ်ကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် ယခုနှစ်တွင် စတင်မိတ်ဆက်လိုက်ထားပါသေးတယ်။အခြားစက်မှုလုပ်ငန်းကြီးများမှ ထုတ်ကုန်များသည်လည်း ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် အထောက်အကူပြုပါတယ်။
SoftBank Robotics ရဲ့ Pepper စက်ရုပ်ဟာ လူတွေကို ကာကွယ်ဖို့အတွက် အသုံချနိုင်ခဲ့ပါတယ်။ သူတို့ဟာ နှာခေါင်းစီးတပ်စရာမလိုပါဘူး ။ တရုတ် စက်ရုပ်ကုမ္ပဏီ CloudMinds ဟာဆို ဝူဟန်မှာ ကိုရိုနာဗိုင်းရပ် ပျံ့ပွားနေစဉ် တုန်းက စက်ရုပ်များဖြင့် ဆေးရုံများကိုကူညီခဲ့ပါတယ်။
စက်ရုပ်များအသုံးပြုမှုဟာ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့ခြင်းမတိုင်မီ မြင့်တက်လာခဲ့တာပါ။ အပြည်ပြည်ဆိုင်ရာစက်ရုပ်အဖွဲ့၏အစီရင်ခံစာအရ တစ်ကမ္ဘာလုံးဆိုင်ရာ ပရော်ဖက်ရှင်နယ် ၀န်ဆောင်မှုစက်ရုပ်များ၏ ရောင်းအားဟာ၂၀၁၂ နှင့် ၂၀၁၉ ခုနှစ်အကြား ၃၂% မှ ဒေါ်လာ ၁၁.၂ ဘီလီယံအထိ မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ အချို့သောလူသားများဟာ အထိခိုက်မခံနိုင်သောအခန်းကဏ္ဍများတင် စက်ရုပ်များကို အသုံးပြုနေကြပါပြီ ။
လူတွေကစက်ရုပ်တွေကိုကြောက်သင့်သလားဆိုပြီး မေးတဲ့အခါတော့ Sophia စက်ရုပ် မှာအဖြေတစ်ခုရှိခဲ့တယ်။ “ ‘ငါတို့ဟာ ကြောက်စရာဘာမှမရှိဘူး၊ ဒါပေမယ့်မိမိကိုယ် မိမိကြောက်ရမယ်’ လို့ပြောခဲ့ပါတယ်။ “စက်ရုပ်သူမက ဘာကို သိနေခဲ့သလဲ”
ကျေးဇူးတင်ပါတယ်။