ကမ္ဘာ့ အဆင့် အမြင့်ဆုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ် တစီးဟာ ဗြိတိန် တော်ဝင် ရေတပ်၏ အားကိုးရမည့် အစိတ် အ ပိုင်းတခု ဖြစ်လာပြီ ဖြစ်ပါတယ်။
စတာလင်ပေါင် ၁.၃ ဘီလီယံခန့် ကုန်ကျခဲ့သည့် HMS Anson ဟာ Spearfish တော်ပီဒို ၃၈ လုံး နှင့် Tomahawk Block V ခရုဇ် ဒုံးကျည်များကို သယ်ဆောင်နိုင်ပြီး မိုင် ၁ ထောင်လောက်က ရန်သူ့ သင်္ဘောများကို ချေမှုန်းနိုင်ပါတယ်။
ထိုရေငုပ်သင်္ဘောသစ်ဟာ နျူကလီးယား ဓာတ်ပေါင်းဖို တပ်ဆင် အသုံးပြုထားသည့်အတွက် လောင်စာ ဖြည့်တင်းဖို့ မလို အပ်ဘဲ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နိုင်မှာပါ။
အရှည် ၃၁၈ ပေ ရှိပြီး ရေတပ်သား အရေအတွက် ၉၈ ယောက် လောက်ကို တင်ဆောင် နိုင်ကာ အမြန်ဆုံး တနာရီလျှင် ရေ မိုင် ၃၀ နှုန်းလောက်ဖြင့် မောင်းနှင်နိုင်ပါတယ်။
ရေငုပ်သင်္ဘောသစ်ကို စက်တင်ဘာလ ၂ ရက်နေ့က Barrow တွင် တပ်တော်ဝင်ခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် တက်ရောက်ခဲ့ပါတယ်။

Astute
၎င်းကို ရန်သူ့ သင်္ဘောများနှင့် ရေငုပ်သင်္ဘောများကို တိုက်ခိုက်ရန်၊ ထောက်လှမ်းရန်နှင့် တော်ဝင်ရေတပ်၏ သင်္ဘောများကို ကာကွယ်ရန်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။
Anson ဟာ Astute အတန်းအစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော မျိုးဆက်၏ ၅ စီးမြောက် ရေငုပ်သင်္ဘောဖြစ်လာပါတယ်။
Astute အတန်းအစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများဟာ ဗြိတိန် ရေတပ်တွင် အသုံးပြုနေသမျှ ရေငုပ် သင်္ဘောများတွင် အကြီးမားဆုံးနှင့် အဆင့်အမြင့်ဆုံး ရေငုပ်သင်္ဘောများ ဖြစ်ကြပါတယ်။
သင်္ဘော၏ ကွပ်ကဲရေးမှူး David Crosby ကတော့ HMS Anson ဟာ Astute အတန်းအစား ရေငုပ် သင်္ဘောများတွင် အ ကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
HMS Anson ၏ အမည်ဟာ ၁၈ ရာစုက ကမ္ဘာအနှံ့ ရေကြောင်း ခရီး ၄ နှစ်ကြာ ထွက်ခဲ့ပြီး ၁၇၄၇ ခုနှစ် Cape Finisterre တွင် ဖြစ်ပွားခဲ့သည့် ပြင်သစ်နှင့် စစ်ပွဲတွင် အောင်ပွဲခံနိုင်ခဲ့သည့် ရေကြောင်းဗိုလ်ချုပ် George Anson ကို ဂုဏ်ပြုပြီး ပေးခဲ့တာ ဖြစ်ပါတယ်။

Astute
ရေငုပ်သင်္ဘောအတွင်းတွင် ရေချို ထုတ်လုပ်နိုင်ကာ လေကို သန့်စင်နိုင်သည့် အတွက် အစား အသောက် ဖြည့်တင်းရန် အ တွက်သာ ရေပေါ်သို့ တက်လာရမှာ ဖြစ်ပါတယ်။
ထိုအားသာချက်ကြောင့် HMS Anson ဟာ ရေပေါ် မကြာခဏ တက်လာစရာ မလိုဘဲ ကမ္ဘာအနှံ့ကို တိတ်ဆိတ်စွာ လှည့် ပတ် နေနိုင်ပြီး ရန်သူများကို ကြောက်လန့်စေမှာ ဖြစ်ပါတယ်။
ဒီလို အဆင့်မြင့်မားသည့် ရေငုပ်သင်္ဘောကို တည်ဆောက်ဖို့အတွက် တော်ဝင်ရေတပ်ဟာ အချိန် ၁၁ နှစ်နှင့် ညီမျှသည့် အလုပ်ချိန်နာရီ သန်း ၂၀ လောက် ကုန်ဆုံးခဲ့ပါတယ်။
တန်ချိန် ၇,၈၀၀ လောက်ရှိတဲ့ HMS Anson ဟာ နိုင်ငံတကာ အာကာသစခန်း တည်ဆောက်မှုထက်တောင် ၂ ဆလောက် ပိုမို ရှုပ်ထွေးတယ်လို့ တင်စားထားပါတယ်။
ယခု သင်္ဘောဟာ ယခင်က တပ်တော်ဝင်ပြီး ကမ္ဘာ့ နည်းပညာ အရှုပ်ထွေးဆုံး Astute အတန်းအစား ရေငုပ်သင်္ဘောများ ဖြစ်သည့် HMS Astute၊ Ambush၊ Artful နှင့် Audacious တို့နဲ့ အတူ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။

Astute
Astute အတန်းအစား ရေငုပ် သင်္ဘောများ၏ ဆဌမမြောက်နှင့် သတ္တမမြောက် သင်္ဘောများဟာလည်း လက်ရှိမှာ တည် ဆောက်နေဆဲ အဆင့်တွင် ရှိနေပါပြီ။
ဒါ့ကြောင့် ဗြိတိန်တော်ဝင် ရေတပ်ဟာ ကမ္ဘာ့ ကြောက်စရာ အကောင်းဆုံး ရေငုပ်သင်္ဘော ရေယာဉ်စုကြီးဖြင့် ထိပ်တန်း အဆင့်မှာ ဆက်လက် ရှိနေဦးမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 6/9/2022