Kilo အတန်းအစား ရုရှား ရေငုပ် သင်္ဘောတစ်စီးကို စောင့်ကြည့်ခဲ့တဲ့ ဗြိတိန်

News

Kilo အတန်းအစား ရေငုပ်သင်္ဘောဖြစ်တဲ့ RFS Rostov Na Donu ဟာ မြောက်ပင်လယ်နှင့် အင်္ဂလိပ် ရေလက်ကြားမှ ဖြတ်ပြီး ဘောတစ်ပင်လယ်မှ မြေထဲပင်လယ်သို့ ခရီးနှင်နေစဉ် ဗြိတိန်တို့၏ River အတန်းစား ကမ်းလွန် ကင်းလှည့် ရေယာဉ်မှ စောင့်ကြည့် နေခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နေရာတဝိုက်မှာ ဗြိတိန် တို့၏ ကမ်းလွန် ကင်းလှည်ရေယာဉ် တစ်စီး ဖြစ်တဲ့ HMS Mersey (P283)ဟာ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပြီး ရုရှား ပင်လယ်နက်ဒေသ ရေတပ်မှ ဒီရေငုပ်သင်္ဘော၏ လှုပ်ရှားမှုကို နေတိုး မဟာမိတ် အဖွဲ့က နောက်ယောင်ခံနိုင်အောင် သတင်း ပေးပို့ ပေးခဲ့ပါတယ်။

HMS Mersey ဟာ မနှစ်က အောက်တိုဘာလ ဒီ Kilo အတန်းအစား ရေငုပ်သင်္ဘောရဲ့ အပြန်ခရီး တုန်းကလဲ အဲဒီ့နေရာမှာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

HMS Mersey ဟာ ဗြိတိန် တော်ဝင်ရေတပ်ရဲ့ River အတန်းအစား Offshore Patrol Vessel (OPV) ကန်းလွန်ကင်းလှည့် ရေယာဉ် ဖြစ်ပါတယ်။

ဒီရေယာဉ်ကို သူ့၏ ညီအစ်မရေယာဉ် ၂ စီးဖြစ်တဲ့ Tyne နဲ့ Severn နှင့်အတူ ဆောက်သင်တန် မြို့မှာရှိတဲ့ BAE System ရဲ့ ကုမ္ပဏီခွဲ ဖြစ်တဲ့ ဗော့စ်ပါ သော်နီခရော့ဖ်တ် က ဗြိတိန်ရဲ့ ငါးဖမ်း လုပ်ငန်းကို ကာကွယ်ဖို့ရာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီရေယာဉ် ၃ စီးကို ယခင် Island အတန်းအစားရေယာဉ် ၅ စီးကို အစားထိုးဖို့ ၂၀၀၃ ခုနှစ်မှာ တပ်တော် ဝင်ခဲ့တာ ဖြစ်ပါတယ်။ River အတန်းအစား ကင်းလှည့် ရေယာဉ်တွေကို Ruston 12 RK 270 အလယ်အလတ်တန်းစား ဒီဇယ်အင်ဂျင် ၂ လုံး တပ်ဆင်ထားပါတယ်။

အမြန်နှုန်း ၂၀ နော်တီကယ်မိုင် (တစ်နာရီလျှင် ၃၇ ကီလိုမီတာ)နှုန်း ဖြင့် မောင်းနှင့်နိုင်ပြီး ၅၅၀၀ နော်တီကယ်မိုင် (ကီလိုမီတာ ၁၀၂၀၀) လောက်အထိ စစ်ဆင်ရေး တာဝန် ထမ်းဆောင်နိုင်ကာ ရေတပ်သား ၂၀ လိုက်ပါ တာဝန်ထမ်းဆောင် နိုင်ပါတယ်။

Rostov-on-Don Project 06363 SSK ရေငုပ်သင်္ဘောဟာ ရုရှားတို့ရဲ့ တတိယ မျိုးဆက် ဒီဇယ်အင်ဂျင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ဖြစ်ပါတယ်။

ဒီ ရေငုပ်သင်္ဘောဟာ နာမည်ကြီး စွမ်းဆောင်ရည်မြင့် Project 877/877EKM ကို မွမ်းမံထားတာ ဖြစ်ပါတယ်။ Project 06363 ရေငုပ် သင်္ဘောသစ်များဟာ ပိုမို ငြိမ်သက်စွာ သွားလာနိုင်ပြီး ခေတ်သစ် လမ်းပြစနစ်တွေ၊ ဆက်သွယ်ရေးစနစ်တွေနဲ့ ခေတ်မှီ လက်နက်တွေ တပ်ဆင်ထားပါတယ်။

ဒီရေငုပ်သင်္ဘောဟာ အလျား ၇၂.၈ မီတာ၊ အကျယ် ၉.၉ မီတတာရှိပြီး တနာရီလျှင် ၂၀ နော်တီကယ်မိုင် နှုန်းဖြင့် မောင်းနှင်နိုင်ကာ အနက်ဆုံး မီတာ ၃၀၀ လောက်အထိ ငုပ်လျှိုးနိုင်ပါတယ်။

စစ်ဆင်ရေးတာဝန်များကို ၄၅ ရက်ကြာ မရပ်မနား တာဝန်ထမ်းဆောင်နိုင်ပြီး ရေငုပ်သင်္ဘောတွင် အဖွဲ့သား ၅၂ ဦး ပါဝင်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *