တရုတ်ကုမ္ပဏီတခုမှ Tesla Semi ထရပ်ကားကို ယှဥ်ပြိုင်မယ့် မီးဖိုချောင်၊ ရေချိုးခန်းနှင့် အိပ်ခန်းများပါတဲ့ Homtruck

News Tech

တရုတ်ကားကုမ္ပဏီကြီးဖြစ်တဲ့ Geely ဟာ ၎င်းရဲ့ လျှပ်စစ် semi Truck အသစ်ကို တနင်္လာနေ့တုန်းက ထုတ်ဖော် ပြသလိုက်ပြီပဲ ဖြစ်ပါတယ်။

၎င်းရဲ့ လျှပ်စစ် semi Truck အသစ်ဖြစ်တဲ့ Homtruck တွင် မီးဖိုချောင်၊ အဝတ်လျှော်စက်၊ အိပ်ယာနှင့် ရေချိုးခန်းတို့ ပါရှိမှာပဲ ဖြစ်ပါတယ်။

Geely က အဆိုပါကားဟာ အလိုအလျောက် မောင်းနှင်မည်ဖြစ်ပြီး 2024 အစောပိုင်းတွင် ရောင်းချမည်ဟု ပြောကြားခဲ့ပါတယ်။

တရုတ်​ ကားကုမ္ပဏီကြီး Geely ဟာ Tesla ရဲ့ Semi ထရပ်ကားကို ယှဥ်ပြိုင်ဖို့အတွက် မော်ဒယ်အသစ်နဲ့ လျှပ်စစ် ထရပ်ကား လောက သို့ ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။

တနင်္လာနေ့တွင် ထုတ်ဖော်ပြသခဲ့တဲ့ Homtruck ဟာ အိမ်ကဲ့သို့ ခံစားရတဲ့ semi ထရပ်ကားတစ်စင်း ဖြစ်ဖို့ ရည်ရွယ်ထားကြောင်း Geely က ဆိုပါတယ်။

ထရပ်ကားမောင်းနှင်သူတွေအတွက်လည်း ခရီးဝေးကို အဆင်ပြေပြေ မောင်းနှင်နိုင်ဖို့ သက်တောင့်သက်သာဖြစ်စေအောင်လည်း စီစဥ်ပေးထားတယ် ဆိုပါတယ်။

ထရပ်ကား နောက်တွဲတွေမှာ အိပ်ခန်းပါလေ့ရှိပြီး Homtruck ရဲ့ ပေါ့ပါးတဲ့အခန်းဟာ လျှပ်စစ်အနာဂတ်အတွက် အံကိုက်ဖြစ်နေပါလိမ့်မယ်။

ကားအတွင်းပိုင်းမှာဆိုရင် ရေချိုးခန်း ၊ ရေခဲသေတ္တာ ၊ ကုတင်တစ်လုံး နှင့် ရှုခင်းတွေကိုကြည့်နိုင်ဖို့ မှန်အမိုးအကာ တစ်ခုလည်းပါရှိမှာပါ။

အဆိုပါ Homtruck ရဲ့ အပြင်ဘေးတစ်ဖက်မှာလည်း မီးဖိုအသေးစားလည်း ပါရှိပါတယ်။

သက်တောင့်သက်သာရှိသည်သာမက ရေရှည်သုံးစွဲနိုင်တဲ့ ပလတ်စတစ်အသုံးအဆောင်တွေ၊ နူးညံ့တဲ့ အခင်းတွေ နှင့် ဝါးဖြင့်လုပ်ထားတဲ့ အသုံးအဆောင်တွေပါရှိပြီး ယာဥ်မောင်းအခန်းအထိ ပြင်ဆင်ပေးထားပါတယ်။

Homtruck ဟာ ကုန်ပစ္စည်းများကို အလိုအလျောက် ပို့ဆောင်နိုင်မည်ဟု Geely မှ ပြောကြားခဲ့ပါတယ်။

သို့ပေမယ့် ကုမ္ပဏီများစွာဟာ နည်းပညာကို သန့်စင်ပြီး စမ်းသပ်မှုများ လုပ်ဆောင်နေသော်လည်း အလိုအ​လျှာက် ထရပ်ကားများ ထုတ် လုပ် ခြင်းဟာ ကြီးမားတဲ့ အတိုင်းအတာ အထိ မရှိသေးပါဘူး။

Homtruck ဟာ 100% လျှပ်စစ်ပါဝါအသုံးပြု မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ လျှပ်စစ်ထရပ်ကားဟာ ဘက်ထရီလဲလှယ်တဲ့ နည်းပညာကို အသုံးပြုထားတဲ့အတွက်ကြောင့် ယာဉ်မောင်းများဟာ မိနစ်ပိုင်းအတွင်း အားသွင်းနိုင်မှာပဲ​ ဖြစ်ပါတယ်။

ဆိုလိုတာက ပလပ်ထိုးပြီး စောင့်ဆိုင်းနေရမည့်အစား ယာဉ်မောင်းတွေဟာ ဘတ်ထရီကို လဲလှယ်လိုက်ရုံ နဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Tesla ထရပ်ကားကဲ့သိုပင် Homtruck ဟာ အင်တာနက်ပေါ်ကတဆင့် အဝေးကနေ ဆော့ဖ်ဝဲအပ်ဒိတ်များကို ချိတ်ဆက်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

အဆိုပါ Homtruck ဟာဆိုရင် ယာဉ်ကြောပိတ်ဆို့မှုကို ပိုင်းခြားစိတ်ဖြာစွမ်းတွေ ၊ လမ်းကြောင်းများကို အကြံပြုနိုင်စွမ်းတွေ ၊ အားပြန်သွင်းရမည့်အချိန် ယာဉ်မောင်းကို ပြောပြနိုင်စွမ်းတွေအပြင် ပို့ဆောင်ရေးတွေလုပ်ဆောင်နိုင်ဖို့အတွက် ခြေရာခံနိုင်ဖို့ အွန်လိုင်းပလက်ဖောင်းများနှင့် ချိတ်ဆက်နိုင်မှာပဲ ဖြစ်ပါတယ်။

Geely ဟာ လျှပ်စစ်မော်တော်ကားတွေကနေ ထရပ်ကားတွေ ပြောင်းလဲထုတ်လုပ်နိုင်ဖို့ ကုမ္ပဏီများစွာနှင့် ပူးပေါင်းလုပ်ဆောင်နေပါတယ်။

US startup တစ်ခုဖြစ်တဲ့ Nikola ဟာလည်း ၎င်းရဲ့တည်ထောင်သူနှင့် ဟိုက်ဒရိုဂျင်ပါဝါသုံး ထရပ်ကားကို စျေးကွက်သို့ ယူဆောင်လာနိုင်ဖို့ လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

Tesla က ၎င်းရဲ့ ကာလရှည်ကြာ စောင့်မျှော်ခဲ့ရတဲ့ Semiထရပ်ကားကို 2022 မှာ စတင်ရောင်းချမည်ဟု ပြောကြားခဲ့ပါတယ် ။သို့ပေမဲ့ PepsiCo က ယခုနှစ်ကုန်တွင် ၎င်းရဲ့ပထမဆုံးသော ပို့ဆောင်မှုကို လက်ခံရရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

ဂျာမနီနိုင်ငံရဲ့ Daimler Trucks ဟာ Mercedes-Benz အပါအဝင် လျှပ်စစ်မော်ဒယ်လ်များစွာကိုလည်း ထုတ်လုပ်နိုင်ဖို့လုပ်ဆောင်နေပါတယ်။

Geely ဟာ Homtruck ကို 2024 မှာ စတင်ရောင်းချနိုင်ဖို့ စီစဉ်ထားတယ်ဟု သိရပါတယ်။ ဒါတွေအပြင် Geelyဟာ ဥရောပ၊ ကိုရီးယား၊ ဂျပန်နှင့် မြောက်အမေရိကတို့အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး သူ့ရဲ့ထရပ်ကားကို ရောင်းချနိုင်ဖို့ ရည်ရွယ်ထားကြောင်း ၎င်းရဲ့ CEO က CNBC သို့ ပြောကြားခဲ့တယ် ဟု ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *