မြင်းကောင်ရေအားဟာ ကားတွေ၊ အင်ဂျင်တွေကို စိတ်ဝင်စားတဲ့ သူတွေအတွက် ရင်းနှီးတဲ့ အတိုင်းအတာ တခုဖြစ်ပါတယ်။
အခုပြောပြမှာကတော့ မြင်းကောင်ရေအားရဲ့ အတိအကျဟာဘာလဲ၊ ဘယ်က ဖြစ်လာသလဲ နဲ့ မြင်း တကောင်ကို မြင်းကောင်ရေ တကောင်အား အနေဖြင့် သတ်မှတ်ထားတာလား ဆိုတာတွေပါ။
မြင်းကောင်ရေအား ဆိုတာ
မြင်းကောင်ရေအားကို အင်ဂျင်နီယာ ဂျိမ်းစ်ဝပ် (James Watt) မှ ရေနွေးငွေ့အင်ဂျင်တလုံး၏ စွမ်းအင် ထွက်ရှိမှုကို တိုင်းတာရန် ရည်ရွယ်ပြီး အတိုင်းအတာ တခုအနေဖြင့် စတင် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
သူ၏ ပိုမို ကောင်းမွန်သော ဒီဇိုင်းဖြစ် ထုတ်လုပ်ခဲ့တဲ့ ရေနွေးငွေ့အင်ဂျင်ဟာ ယခင် လောင်စာများစွာ လိုအပ်သည့် ဒီဇိုင်းများထက် လောင် စာ သုံးစွဲမှု အများကြီး သက်သာလာခဲ့ပါတယ်။
ဒါ့ကြောင့်သူဟာ မြင်းများမှ ရေနွေးငွေ့အင်ဂျင်ကို ပြောင်းလဲ မသုံးသေးသူများအား အင်ဂျင်များဟာ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု တခုဖြစ် ကြောင်း မြင်းများနှင့် နှိုင်းယှဉ် ပြသနိုင်ဖို့ အင်ဂျင်ပါဝါကို မြင်းကောင်ရေအားကို အတိုင်းအတာအဖြစ် အသုံးပြုခဲ့ပါတယ်။
သူဟာ မြင်းကောင်ရေအားကို ၂၄ ပေရှိတဲ့ ဘီးကို တမိနစ်လျှင် ၂.၅ ကြိမ် လှည့်နိုင်သည့် မြင်းတကောင်၏ တနေ့လျှင် ပျမ်းမျှ အလုပ် လုပ်နိုင်နှုန်းထက်ပိုသည့် တိုင်းတာမှုဖြင့် တွက်ချက်ခဲ့တာပါ။
၎င်းဟာ P=W/T နှင့် W=FD formula များကို အသုံးပြုခဲ့ပါတယ်။
တနည်းအားဖြင့် Metric system တွင် ပါဝါ၏ ယူနစ်အဖြစ် နာမည်ကျော်ကြားသူ Watt (James Watt) ဟာ မြင်းတကောင်၏ ဘီးကို လှည့်ဖို့ အသုံးချရသည့် အား (Force) ကို တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။

ထို့နောက် အဲဒီ့ အား (Force) ကို အသုံးပြုပြီး James Watt ဟာ စွမ်းအင် (energy) မည်မျှ အသုံးချရမည်ကို တွက်ချက်ခဲ့ပါတယ်။
Watt အနေဖြင့် ၎င်း၏ တွက်ချက်မှုဟာ ခန့်မှန်းချက်တခုသာ ဖြစ်သောကြောင့် နောက်ဆုံးရလဒ်အတွက် သူ၏ တွက်ချက်မှုကို အဆုံးသတ်ရန် ကြိုးစားခဲ့ပါတယ်။
၎င်း၏ အဓိပ္ပါယ် ဖွင့်ဆိုမှုအရ မြင်းကောင်ရေ တကောင်အားတွင် 33,000 Ft-Lb/min ရှိပါတယ်။ ဒါဟာ 746 Watts (W, or Joules Per second) ခန့်မျှနှင့် ညီမျှပါတယ်။
ခေတ်သစ်ကား ထုတ်လုပ်သူများဟာ Watt ၏ မြင်းကောင်ရေအား အပြင် ၎င်းနှင့် ပမာဏ နီးစပ်သည့် metric horsepower မြင်းကောင် ရေအားကိုလည်း အသုံးပြုကြပါတယ်။
Metric horsepower ဟာ ၇၅ ကီလိုဂရမ်ရှိတဲ့ အလေးချိန်ကို ကမ္ဘာမြေကြီးဆွဲငင်အားနှင့် ဆန့်ကျင်ပြီး တစက္ကန့်အတွင်း တမီတာကို မနိုင်ဖို့ လိုအပ်တဲ့ ပါဝါအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒါဟာ 735W နှင့် ညီမျှပါတယ်။

မြင်းတကောင်မှာ မြင်းကောင်ရေအား ဘယ်လောက် ရှိသလဲ
James Watts ၏ ခန့်မှန်းချက်ဟာ အနည်းငယ်တော့ တိကျပါတယ်။
မြင်းကောင်ရေ တကောင်အားဟာ အကြမ်းဖျင်းအားဖြင့် ကျန်းမာသန်စွမ်းတဲ့ မြင်းတကောင် တနေ့လုံး လုပ်နိုင်သည့် ပျမ်းမျှ နှုန်းဖြစ်တယ်လို့ ၁၉၂၅ ခုနှစ် အိုင်အိုဝါပြည်နယ် ပြပွဲမှ အချက်အလက်များနှင့် အင်္ဂလိပ် တိရစ္ဆာန်ကု ဆရာဝန်ကြီး William Youatt တို့က အတည်ပြုထားပါတယ်။
၁၉၂၅ အိုင်အိုဝါ ပြည်နယ် ပြပွဲမှ အချက်အလက်များကို ပြန်ကြည့်လျှင် အချိန်တို အတွင်းမှာ မြင်းတကောင်ဟာ ၁၄.၉ မြင်းကောင်ရေအား ထုတ်ပေး နိုင်မယ်လို့ တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။