တိရိစ္ဆာန်​တွေ ဘယ်လို ဆက်သွယ်ကြသလဲ

Knowledge Nature

တိရိစ္ဆာန်တွေဟာဆိုရင် စကားပြောဆိုတာတွေ၊ အဆင့်မြင့်ဘာသာစကားနည်းပညာ​တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ မတတ်နိုင်သော်လည်း ၎င်းတို့မှာ ဆက်သွယ်ပြောဆိုဖို့အတွက် အခြားနည်းလမ်းများစွာ ရှိ​​​ကြပါတယ်။

ဝံပုလွေအူသံ၊ ​ဖားအော်သံ ၊ ငှက်လေးတွေရဲ့သဘာဝတေးဂီတသံတွေအပြင် ခွေးလေးတွေရဲ့ ပြင်းပြင်းထန်ထန် အမြှီး ဝှေ့ယမ်းတာတွေ အပါအဝင် တိရိစ္ဆာန်တွေ အချင်းချင်းနှင့် အခြားမျိုးနွယ်စု​တွေဆီကို သတင်း အချက်အလက်တွေ ပေးပို့တဲ့ နည်းလမ်းများစွာ ရှိပါတယ်။

လူသားတွေအပါအဝင် တိရစ္ဆာန်တွေအားလုံးဟာ နှုတ်ဖြင့် ဆက်သွယ်မှုတွေ နှင့် စကားမဟုတ်တဲ့ ဆက်သွယ်မှု ပုံစံတွေ အပေါ် မှီခိုလေ့ ရှိကြပါတယ်။

ရေပေါ်မှာ လင်းပိုင်တွေ အမှီးရိုက်ခတ်သလို၊ ပိုစုန်းကြူးတွေရဲ့ ဇီဝအလင်းဖြာထွက်မှုတွေ ၊ အနံ့အမှတ်အသား ၊ ဓာတု သို့မဟုတ် ထိတွေ့နိုင်တဲ့ အချက်ပြတွေ အပါအဝင် ဥဒေါင်းတွေလို အမြင်အာရုံ အချက်ပြတွေ နဲ့ ကိုယ်ဟန်အမူအရာတွေဟာ ဂန္တဝင်ဆက်သွယ်​ခြင်းဆိုင်ရာ နမူနာတွေဖြစ်ကြောင်း သိရပါတယ်။

ပုရွက်ဆိတ်တွေဟာ ၎င်းတို့ရဲ့ စားကျက်မြေကို လမ်းညွှန်ရာမှာ ကူညီဖြစ်စေဖို့ ဓာတုအချက်​​ပြတွေကို အသုံးပြုသည့်အပြင် တခြားမျိုးစိတ် သူငယ်ချင်းကို ပြောပြခြင်း၊ မိတ်ဖက်အသစ်များနှင့် ချိတ်ဆက်ခြင်း နှင့် အုပ်စုဖွဲ့ ခုခံကာကွယ်မှုတို့ကို ထိန်းကျောင်းခြင်းကဲ့သို့သော အခြားလုပ်ဆောင်မှုများအတွက်လည်း အသုံးပြု​ကြပါတယ်။

အသံပိုင်းဆိုင်ရာ ဆက်သွယ်ရေးနှင့်ပတ်သက်လာမယ်ဆိုရင် မျိုးစိတ်တစ်ခုစီရဲ့ အဖွဲ့ဝင်တိုင်းဟာလည်း တူညီကြတာ မဟုတ်ပါဘူး။

မတူညီတဲ့ ဒေသတွေမှာရှိတဲ့ တိရစ္ဆာန်တွေဟာလည်း မတူညီတဲ့ ဒေသိယစကားများဖြင့်သာ အသံထွက်နေတတ်ပါတယ်။

ဥပမာအ​နေနဲ့ အပြာရောင်ဝေလငါးတွေဟာ ၎င်းတို့ရောက်ရှိရာနေရာပေါ်မူတည်ပြီး အသံနှင့် အသံထွက်ပုံစံတွေကို ကွဲပြားစွာ ပြုလုပ်​ကြကြောင်း လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

အချို့သောငှက်မျိုးစိတ်တွေကလည်း ထိုနည်းအတိုင်းပါပဲ။

မတူကွဲပြားတဲ့ နယ်စပ်တွေမှာ နေထိုင်ကြတဲ့ ငှက်တွေဆိုရင် ဘာသာစကား နှစ်မျိုး ဖြစ်လာကြပြီး အိမ်နီးချင်း အုပ်စု တစ်ခုစီရဲ့ နှစ်သက် သဘောကျတဲ့ အသံတွေဖြင့် ဆက်သွယ် ပြောဆို နိုင်ကြပါတယ်။

မျိုးစိတ်​တွေကြား ဆက်သွယ်ရေးဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။

လေ့လာမှုတစ်ခုအရ Madagascan မှ iguanas တွေမှာ ကောင်းစွာဖွံဖြိုးနေတဲ့ နားရှိခြင်းဟာ ၎င်းတို့ဟာ အသံဖြင့် ပြောဆိုဆက်ဆံခြင်း မရှိသော်လည်း ငှက်တွေရဲ့ သတိပေးခေါ်ဆိုမှုတွေကို ကြားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် ငှက်တစ်ကောင်က တခြားငှက်တစ်ကောင်ကို အချက်ပေးနေတဲ့ အသံ ကြားတဲ့အခါ ဝင်လာတဲ့ သားကောင်တွေ အတွက်တော့ သတိထားရဖွယိရှိပါတယ်။

သို့သော်လည်း လူသားတွေဖန်တီးထားတဲ့ ဆူညံသံတွေဟာ ကမ္ဘာတစ်ဝှမ်းရှိ တိရိစ္ဆာန်တွေရဲ့ ထုတ်ပြန်ချက်တွေကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက်ကြောင့် တိရစ္ဆာန်များစွာရဲ့ ထိထိရောက်ရောက် ဆက်သွယ်ပြောဆိုနိုင်မှုမှာ ပျက်စီးကုန်ပါတယ်။

ပြီးခဲ့တဲ့ ရာစုနှစ်များအတွင်း သင်္ဘောသွားလာမှု တိုးမြင့်လာမှုဟာ သမုဒ္ဒရာမြစ်ဝှမ်းတစ်ဝိုက်မှာရှိတဲ့ ဝေလငါးတွေရဲ့ အသံကို သိသိသာသာ ထိခိုက်စေခဲ့ပါတယ်။ တေးသီငှက်လေးတွေကလည်း ဆူညံတဲ့ မြို့ပြပတ်ဝန်းကျင်ဒဏ်ကို သိသိသာသာခံစားနေရတာပါ။

တစ်ချို့မျိုးစိတ်တွေမှာဆိုရင် ငှက်ဖိုတွေဟာ ငှက်မတွေအတွက် ဆွဲဆောင်မှုရှိစေဖို့ ဆူညံသံထက် ပိုကျယ်လောင်တဲ့ အသံတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပါတယ်။

သို့ပေမယ့်လည်း ပြုပြင်ထားတဲ့ ကျယ်လောင်သံကို ငှက်အမတွေက သိသိသာသာ ဆွဲဆောင်မှုနည်းပါးတယ်ဟု ထင်ကြပါတယ်။

ဒါ့ကြောင့် လူသားတွေ ဖန်တီးထားတဲ့ ဆူညံသံ တွေဟာ တိရိစ္ဆာန်လေးတွေရဲ့ သဘာဝ ဆက်သွယ်ရေး ပြောဆိုမှုတွေကို အနှောက်အယှက် ဖြစ်စေတာ ​မြင်တွေ့ရပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.