ပျားတွေက ပျားရည်ကို ဘယ်လို ဖန်တီးကြသလဲ

Knowledge Nature

(၁) ပျားရည်ဟာ ပန်းဝတ်ရည်က​နေ စတင်လာတာပါ။

ပန်းတွေကနေ ထုတ်လုပ်တဲ့ ပန်းဝတ်ရည်တွေဟာ အင်းဆက်ပိုးမွှားများလာရောက် လည်ပတ်စားသုံးမှုကို အားပေးပါတယ်။

ပန်းဝတ်ရည်ဆိုတာ ၇၀ -၈၀ ရာခိုင်နှုန်းအရည်ထဲမှာ sucrose၊ glucose နဲ့ fructose ဆိုတဲ့ ကွဲပြားတဲ့ သကြားသုံးမျိုး ရောနှောပါဝင်သည့်အပြင် ပန်းပွင့်တွေဆီ ပျားတွေကို ဆွဲဆောင်ရာမှာ အထောက်အကူ ဖြစ်စေတဲ့ ရနံ့ အချို့ကို ပေါင်းစပ်ထားပါတယ်။

(၂) ပျားတွေဟာ ပန်းဝတ်ရည်ကို သောက်သုံးပြီး သိမ်းဆည်းကြပါတယ်။

ဝတ်ရည်စုပ်တဲ့ပျားတွေဟာ ၎င်းတို့ရဲ့ နှာတံ အခေါင်းပေါက် (ကောက်ရိုးနှင့်တူတဲ့လျှာ) မှတဆင့် ဝတ်ရည်ကို စုပ်ယူကြပြီး Proventriculus ဟုခေါ်တဲ့ သူတို့ရဲ့ အစာအိမ် ပထမအခန်းမှာ သိမ်းဆည်းကြပါတယ်။

invertase ဟုခေါ်တဲ့ အင်ဇိုင်းတစ်မျိုးဟာ sucrose ကို ပိုမိုရိုးရှင်းတဲ့ glucose နှင့် fructose မော်လီကျူးများအဖြစ်သို့ ခွဲထုတ်ပေးပါတယ်။

အခြားအင်ဇိုင်းတွေကတော့ ပန်းဝတ်ရည်ရဲ့ အချဉ်ဓာတ်ကို မြှင့်တင်ပေးပြီး ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပါတယ်။

(၃) ပျားအုံဆီသို့ အပြန်ခရီး

ပျားတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန် ထက်ဝက်အထိ သယ်ဆောင်နိုင်​ကြပါတယ်။

ဒါဟာ တိရိစ္ဆာန်လောကရဲ့ အမြင့်ဆုံးစွမ်းအင် ထုတ်လုပ်နိုင်တဲ့နှုန်းများထဲမှ မျိုးစုတစ်ခု ဖြစ်ပါတယ်။

ပျားတွေဟာ ပျားအုံကနေ ၅ ကီလိုမီတာအထိ အစာရှာထွက်နိုင်သော်လည်း ဒီလောက်အကွာအဝေးမှာဆိုရင် ပန်းဝတ်ရည် အများစုကို အိမ်ပြန်ဖို့အတွက် အသုံးပြုကြပါတယ်။

(၄) ပျားအုံဆီ ပြန်ရောက်တဲ့အခါ

ဝတ်ရည်စုဆောင်းတဲ့ပျားတွေဟာ ပျားအုံဆီပြန်​ရောက်တဲ့အခါ ဝတ်ရည်ကို ပြန်အန်ထုတ်ကြပါတယ်။

ထို့နောက် ပြန်အန်ထုတ်တဲ့ ဝတ်ရည်ထဲမှာပါဝင်တဲ့ ရေပမာဏကို လျော့ချဖို့ လုပ်သားပျားတွေကြား ပါးစပ်ချင်းတေ့ပြီး တစ်ကောင်ပြီး တစ်ကောင် ပို့ဆောင်ကြပါတယ်။ ​

ရေပါဝင်မှု ၁၈ ရာခိုင်နှုန်း ကျဆင်းသွားတာနှင့်အမျှ မှိုနှင့် ဘက်တီးရီးယားများ မကြီးထွားနိုင်တော့ဘဲ အလုပ်သမားပျားတွေဟာ ဖယောင်းခန်းလို ပျားအုံရဲ့အတွင်းထဲကို တွန်းပို့ကြပြီး ပန်းဝတ်ရည်တွေကနေ ပျားရည် ဖြစ်လာပါတယ်။

(၅) ပျားတွေ ပျားရည်ကို အသုံးပြုခြင်း

နွေဦးရာသီ နှင့် နွေရာသီအစောပိုင်းကာလတွေမှာ ပျားအသိုက်အဝန်းဟာ ၎င်းတို့ရဲ့ သားလောင်းများကို အစာကျွေးရန်အတွက် ပျားရည်အားလုံးကို အသုံးပြုကြပြီး နွေရာသီအလည်လောက်မှာတော့ ပျား ၅သောင်းရဲ့ လုပ်သားအင်အားကို အသုံးပြုပြီး ပြန်တည်ဆောက်ကြပါတယ်။

ထို့နောက်မှာတော့ အဆိုပါ ပျားလုပ်သားများဟာ ဆောင်းရာသီအတွက် ဝတ်ရည်ကို နှစ်ပတ်မှ သုံးပတ်ကြာအောင် အရူးအမူး စုဆောင်း​ကြပြီး အချိန်ကို ကုန်ဆုံးကြပါတယ်။

လက်ဖက်ရည်တစ်ဇွန်းစာ ပျားရည်ကို ရရှိဖို့ ပျား၁၂ကောင်ရဲ့ သက်တမ်း တစ်လျောက်လုံး အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.