ကန္တာရထဲတွင် ကုလားအုတ်တွေ ဘယ်လို ရှင်သန်နေကြသလဲ

Nature Science

ကန္တာရ၏ ရာသီဥတုကြောင့် တိရိစ္ဆာန်များဟာ အသက်ရှင် နေထိုင်ဖို့ အတွက် အခက်အခဲတွေကို ကျော်ဖြတ်ကာ ရုန်းကန်ရလေ့ ရှိပါတယ်။

သဲကန္တာရကြီးတွေ အကြောင်းကို တွေးတာနဲ့ အရင်ဆုံး မျက်လုံးထဲမှာ မြင်ယောင်မိမှာကတော့ ကုလားအုတ်တွေပဲ ဖြစ်မှာပါ။

ဟုတ်ပါတယ်။ ကျွန်တော်တို့ တော်တော်များများဟာ သဲကန္တာရတွေနဲ့ ကုလားအုတ်တွေကို တွဲမြင်တတ်ကြပြီး ၎င်းတို့ရဲ့ ကန္တာရထဲမှာ ရှင်သန်နေတဲ့ ပုံစံကလည်း ထူးခြားပါတယ်။

ကန္တာရအတွင်းမှာ ရေဟာ အလွန်ရှားပါးပြီး ကုလားအုတ်များ၏ ကျောပေါ်တွင် သိုလှောင်နိုင်သည့် ဘို့များ ပါရှိသောကြောင့် ဒီ အရာနှစ်ခုကို လူအများက ဆက်စပ်နေတယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် သိပ္ပံနည်းကျ နည်းပညာ ကျကျ ပြောရရင်တော့ ဘို့တွေထဲမှာ ရေတွေ သိုလှောင်ထားတယ် ဆိုတဲ့ အယူအဆက မှန်တော့ မမှန်ပါဘူး။

သဲကန္တာရထဲတွင် ရှားပါးသည့် အရာမှာ ရေ တခုထဲ မဟုတ်ဘဲ အစားအစာလည်း ပါဝင်ပါတယ်။

ဒါ့ကြောင့် ကုလားအုတ်များဟာ အစားအစာ ရရှိနိုင်တဲ့ အချိန်မှာ ရသလောက် စားသုံးကြပြီး ပိုလျှံသည့် အဆီများကို ၎င်းတို့၏ ဘို့ထဲမှာ သိမ်းဆည်းထားပြီး အစားအစာ ရှာမတွေ့သည့် အခါတွင် အသုံးပြုကြတာ ဖြစ်ပါတယ်။

ဆန်ဒီယေဂို တိရိစ္ဆာန်ရုံ၏ အဆိုအရ ကုလားအုတ်များဟာ အစာမစားဘဲ လနှင့်ချီကာ နေနိုင်ပြီး အဲဒီ့ အချိန်အတွင်း ၎င်းတို့၏ ခန္ဓာကိုယ် အလေးချိန်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားတတ်တယ်လို့ ဆိုပါတယ်။

ဘို့များဟာ ရေတွေကို သိုလှောင်ဖို့အတွက် အသုံးမပြုပေမယ့် ကုလားအုတ်များ၏ ခန္ဓာကိုယ်အတွင်း အခြားနေရာများတွင် တွေ့ရသည့် ရေအချို့ကို ထိန်းသိမ်းနိုင်ဖို့တော့ ကူညီပေးနိုင်ပါတယ်။

Britannica စွယ်စုံကျမ်းတွင် ရှင်းပြထားတာကတော့ ကုလားအုတ်များဟာ အဆီများကို အခြား နို့တိုက်သတ္တဝါများကဲ့သို့ ခန္ဓာကိုယ် အနှံ့ သိမ်းဆည်းထားတာ မဟုတ်ဘဲ တနေရာထဲမှာ သိမ်းဆည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အကျိုးဆက်အနေဖြင့် ကုလားအုတ်များ၏ ခန္ဓာကိုယ် မျက်နှာပြင်ဟာ အပူဒဏ်ကို ကာကွယ်ထားခြင်း မရှိဘဲ ဘို့မှာ စုနေစေပါတယ်။

ဒါ့ကြောင့် ဘို့မှ ၎င်းတို့၏ ခန္ဓာကိုယ် အပူချိန်ကို နေ့အချိန်အတွင်းမှာ နိမ့်ကျနေစေပြီး ချွေးထွက်မှု မဖြစ်အောင် ကြိုတင်ဟန့်တား ပေးနိုင်ပါတယ်။

ညအချိန် ရောက်သည့်အခါမှာတော့ သဲကန္တာရဟာ အလွန်အေးလာပြီး ဘို့တွင် သိမ်းဆည်းထားသည့် အပူကို ပျံ့နှံ့စေကာ ကုလားအုတ်ကို နွေးထွေးစေပါတယ်။

ရေဓာတ် ပြည့်ဝနေစဉ်မှာတော့ ကုလားအုတ်များဟာ ရေကို သိုလှောင်ခြင်းထက် တတ်နိုင်သမျှ အကျိုးရှိရှိ အသုံးပြုနိုင်အောင် ပိုမို လုပ်ဆောင်လေ့ ရှိပါတယ်။

National Geographic အဆိုအရ အာရေဗျ သို့မဟုတ် dromedary ကုလားအုတ်ခေါ် ဘို့တလုံး ကုလားအုတ် နှင့် Bactrian ခေါ် ဘို့နှစ်လုံးပါ ကုလားအုတ်များဟာ ၁၃ မိနစ်လောက်အတွင်းမှာ ရေဂါလံ ၃၀ လောက်အထိ ကုန်အောင် သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။

ဒီလို လုပ်ဆောင်နိုင်မှုဟာ ကုလားအုတ်များ၏ ရေစုပ်ယူမှု နှင့် သွေးစီးဆင်းမှုကို လိုက်လျောညီထွေ ဖြစ်အောင် ကူညီပေးတဲ့ elliptical သွေးဆဲလ်များကြောင့် ဖြစ်ပါတယ်။

ကုလားအုတ်တွေဟာ ဆီးသွားသည့် အကြိမ်အရေအတွက် နည်းပါးပြီး မစင်များဟာ အလွန် ခြောက်သွေ့သည့် အတွက် မီးတောင်ရှို့လို့ ရတယ်လို့ ဆိုပါတယ်။

ကုလားအုတ်များဟာ ၎င်းတို့၏ ခန္ဓာကိုယ် အပူချိန် ၁၀၆ ဒီဂရီ ဖာရင်ဟိုက်လောက် ရှိတဲ့အထိ အပူချိန်ကို ချွေးကတဆင့် ဖယ်ရှားရန် မလိုအပ်ဘဲ နေနိုင်ကြပါတယ်။

ဆန်းကြယ်တဲ့ သဘာဝကြီးက သဲကန္တာရအတွင်းမှာ ကုလားအုတ်များကို အခြေခံအားဖြင့် ရေဓာတ် ထိန်းသိမ်းနိုင်ရန်နှင့် ရေဓာတ် ခမ်းခြောက်မှုကို ခံနိုင်ရည် ရှိစေဖို့ရာအတွက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.