သဲကန္တာရတွေ ဖြစ်ပေါ်လာပုံ အကြောင်း

Knowledge Nature

တောင်တန်း​တွေက စိုထိုင်းသောလေကို အချို့နေရာတွေကို မရောက်အောင် ကာကွယ်ခြင်းအားဖြင့် သဲကန္တာရများကို ဖန်တီးနိုင်ပါတယ်။

‘rain shadow’ ဆိုသည်မှာ တောင်တန်းများ ထူထပ်သည့် ဒေသ၏ နောက်ဘက်တွင် တည်ရှိကာ မိုးရေချိန် သိသိသာသာ နည်းသည့် ဒေသကို ခေါ်ဆိုတာ ဖြစ်ပါတယ်။

၎င်းဟာ ခြောက်သွေ့သော လေကို တောင်တန်း ထူထပ်သည့် ဒေသနောက်ဘက်သို့ ရောက်ရှိစေပြီး ပူနွေး ခြောက်သွေ့သည့် ဒေသတခုကို ဖြစ်စေ ပါတယ်။

အဆိုပါ “rain shadow” သက်ရောက်မှုဟာ Mojave၊ Gobi နှင့် Atacama သဲကန္တာရများ အပါအဝင် များစွာသော မိုးခေါင်ရပ်ဝန်းတွေ ဖြစ်ပေါ်ရာတွင် တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။

Rain Shadow ဖြစ်ပေါ်လာပုံ

ကန္တာရများ ဖြစ်ပေါ်ပုံကို မြင်သာစေရန် အောက်ပါအတိုင်း အဆင့် ၄ ဆင့် အနေဖြင့် ဖော်ပြပေးလိုက်ပါတယ်။

(၁) ရေငွေ့ပျံခြင်း

နေရဲ့ အပူချိန်ကြောင့် သမုဒ္ဒရာ နဲ့ တခြားနေရာ များစွာက ရေတွေဟာ အငွေ့ပျံလာပြီး ရေငွေ့ နှင့် တိမ်တိုက်တွေ အဖြစ် လေထုထဲကို ဝင်လာပါတယ်။ ပူ​နွေးစိုစွတ်တဲ့ လေတွေက ကုန်းမြေပြင်ကို တိုက်ခတ် လာပါတယ်။

(၂) အပေါ်ဘက်ကို လေပြင်းတိုက်ခတ်ခြင်း

နေရာအနှံ့ တိုက်ခတ်နေတဲ့ လေတွေဟာ တောင်တန်းတစ်ခုကို ဖြတ်သွားတဲ့အခါ ပူနွေးစိုထိုင်းသောလေကို အပေါ်သို့တွန်းပို့ပေးပါတယ်။

မြင့်တက်လာတာနဲ့ အမျှ အဆိုပါလေတွေဟာ ကျယ်ပြန့်လာပြီး အေးလာပါတယ်။ အေးတဲ့ လေတွေက အစိုဓာတ်ကို အကြာကြီး မထိန်းထားနိုင်တာကြောင့် မိုးရေ သို့မဟုတ် ဆီးနှင်းတွေအဖြစ် ပြန်ကျလာပါတယ်။

၎င်းကို orographic မိုးရွာသွန်းမှုဟု လူသိများပြီး တောင်ရဲ့ အထက်ဘက်မှာရှိတဲ့ အပင်များကို စိမ်းလန်းစိုပြေအောင် ပံ့ပိုးပေးပါတယ်။

(၃) ပူနွေးတဲ့လေဟာ ပြန်လည် ကျဆင်းလာတဲ့အကြောင်း

အအေးဓာတ်နဲ့ အစိုဓာတ်ကို ဖယ်ရှားလိုက်တဲ့အခါ ခြောက်သွေ့တဲ့လေဟာ တောင်တန်းရဲ့အခြား တစ်ဖက်သို့ ဖြတ်၍ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ပူနွေးလာပါတယ်။

ကန္တာရ ဖြစ်ပေါ်လာပုံ အဆင့်ဆင့် Photo: Courtesy of BBC Science

တောင်ရဲ့ ဒီဘက်ခြမ်းမှာ အစိုဓာတ် မရှိခြင်းဟာ မိုးတိတ်တွေ ဖြစ်ပေါ်ခြင်းကို ကာကွယ်စေပြီး “rain shadow” ဟုခေါ်သော ခြောက်သွေ့တဲ့ ဧရိယာတစ်ခု ဖြစ်ပေါ်စေပါတယ်။

(၄) စိုထိုင်းဆ နည်းခြင်း

နှစ်စဉ်မိုးရေချိန် ၂၅၀ မီလီမီတာအောက်တွင် ရှိတဲ့ ဒေသတစ်ခုကို တရားဝင်သဲကန္တာရအဖြစ် သတ်မှတ်ထားပါတယ်။

အပင်များ မရှိလျှင် မည်သည့် မြေဆီလွှာ သို့မဟုတ် အော်ဂဲနစ် ပစ္စည်းမဆို လေတိုက်ခတ်မှုကြောင့် သဲနှင့် ကျောက်များအဖြစ် ကျန်ရစ် စေတက်ပါတယ်။

စိုထိုင်းဆနည်းခြင်းဟာ နေသာတဲ့အချိန်တွေမှာဆို အလွန်ပြင်းထန်အောင် ပူသော်လည်း ညအချိန်မှာတော့ အလွန်အေးနိုင်ပါတယ်။

Reference: BBC Science

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.