ခွေးလေးတွေက လူ့ဘာသာစကားကို ဘယ်လိုနားလည်ကြသလဲ

Knowledge Nature

ခွေးပိုင်ရှင်တော်တော်များများက သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေက သူတို့အသံထွက်တဲ့ စကားလုံးတွေကို ကောင်းကောင်းသိတယ်လို့ ယုံကြည်ကြပါတယ်။

အမှန်စင်စစ်ကတော့ တိရစ္ဆာန်အများစုက ၎င်းတို့ရဲ့အမည်များကို ချက်ချင်းတုံ့ပြန်ကြပြီး အမျိုးမျိုးသော အမိန့်များကို လုပ်ဆောင်ကြပါတယ်။

သံသယရှိသူများအနေနဲ့ကတော့ ဒီအရာဟာ တိုက်ဆိုင်မှုမျှသာ သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များရဲ့ အလေ့အထ တစ်ခုမျှသာဟု ထင်ကောင်းထင်နိုင်သော်လည်း၊ ခွေးလေးတွေဟာ လူ့စကားပြောကို နားလည်တယ်ဆိုတဲ့အချက်မှာ သိပ္ပံနည်းကျ အထောက်အထားများစွာ ရှိကြပါတယ်။

ဟန်ဂေရီ သိပ္ပံပညာရှင်တွေက ခွေးလေးတွေရဲ့ စကားလုံးအမျိုးမျိုးနဲ့ သူတို့ရဲ့ ဦးနှောက်အသီးသီးရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာခဲ့ကြပါတယ်။

သုတေသီတွေရဲ့ပြောကြားချက် ခွေးလေးတွေနှင့် စကားပြောတဲ့နေရာမှာ အရေးကြီးတဲ့အချက်တွေ လိုအပ်တယ်ဟုဆိုပါတယ်၊ များသောအားဖြင့် စကားလုံးတွေဟာ တိရိစ္ဆာန်နှင့် အကျွမ်းတဝင် ရှိသင့်ပြီး ပြတ်သားကွဲပြားသော အသံထွက်ဖြင့် အသံထွက်ရမှာ ဖြစ်တယ်ဟု ဆိုပါတယ်။

လူ့ဘာသာစကားနှင့် ခွေး

ခွေးလေးတွေက လူ့ဘာသာစကားကို နားလည်ပုံနဲ့ ပတ်သက်ပြီး ဟန်ဂေရီသိပ္ပံပညာရှင်တွေက သံလိုက်ပဲ့တင်ရိုက်ခတ်မှု ပုံရိပ်ကိုလုပ်ဆောင်ခဲ့ပြီး စက်အတွင်းမှာ ငြိမ်ဝပ်စွာနေဖို့ ခွေး ၁၃ ကောင်ကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

အဆိုပါ ဆေးဘက်ဆိုင်ရာ ကိရိယာဖြင့် သုတေသီတွေဟာ ခွဲစိတ်မှုမရှိဘဲ နိုးကြွတဲ့ ဦးနှောက်ကို စောင့်ကြည့်နိုင်ပါတယ်။

ခွေးလေးတွေဟာ “good boy” ကဲ့သို့ ရင်းနှီးတဲ့ စကားလုံးများကို ကြားတဲ့အခါမှာ ၎င်းတို့ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းက စကားအဓိပ္ပါယ်ကို စီမံနေပြီး ညာဖက်ခြမ်းက ကြားနေရတဲ့ အသံထွက်ကို စီမံပေးပါတယ်။

အထူးသဖြင့် တိရိစ္ဆာန်လေးတွေဟာ ချစ်ခင်တွယ်တာမှုနှင့် အရသာရှိမှုတို့ကို ရယူရာတွင်လည်း အလွန်တက်ကြွတဲ့ တုံ့ပြန်မှု ရှိတာကို တွေ့ရပါတယ်။

သုတေသီများရဲ့ အဆိုအရ၊ ထိုနည်းအတိုင်းပင် လူ့ဦးနှောက်က အလုပ်လုပ်ပြီး အခြေခံအားဖြင့် လူ့ဦးနှောက် ဘယ်ဘက်ခြမ်းရဲ့ အလုပ်က စကားလုံးရဲ့ အဓိပ္ပါယ်ကို စီမံဆောင်ရွက်နေပြီး အသံထွက်ရဲ့ လုပ်ဆောင်ချက်က ညာဘက်အခြမ်းရဲ့ အလုပ်ဖြစ်ပါတယ်။

ဦးနှောက်က ဒီအချက်အလက်နှစ်မျိုးကို ပေါင်းစပ်ပြီး ပုံဖော် နားလည်​စေပါတယ်။

ခွေးလေးတွေရဲ့ စိတ်ဖိစီးမှု

ကျွန်ုပ်တို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာ ချီးမွမ်းတဲ့အခါမှာ ကောင်းစွာသိရှိနားလည်ကြပါတယ်။

ဒါဆို အမှားတစ်ခုခုလုပ်မိပြီး သူတို့ကို ကြိမ်းမောင်းတဲ့အခါကော နားလည်သလား ဆိုတာ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။

အဆိုပါကိစ္စရပ်ဟာ ဟန်ဂေရီသိပ္ပံပညာရှင်များ လေ့လာသည့်ကိစ္စနဲ့ ပတ်သက်ခြင်းမရှိသော်လည်း အလားတူ အကြောင်း အရာတစ်ခုနှင့်ပတ်သက်ပြီး မကြာသေးမီက ပေါ်တူဂီနိုင်ငံမှ သိပ္ပံပညာရှင်တစ်စုက သုတေသနပြုခဲ့ပါတယ်။

စမ်းသပ်မှုမှာ ၎င်းတို့ထဲမှ အချို့ကို ကြိမ်းမောင်းခံရလေ့ရှိတဲ့ ခွေးလေးတွေကို ခေါ်ခဲ့ပြီး ကျန်တစ်ဝက်ကို ချီးမွမ်းမှုခံရတဲ့ ခွေးလေးတွေကို ခေါ်ယူ လေ့လာခဲ့ကြပါတယ်။

ဒါကြောင့် မကြာခဏ ကြိမ်းမောင်းခံနေရတဲ့ ခွေးလေးတွေဟာ တခြားခွေးတွေထက် ဖိစီးမှု ပိုများတာကို တွေ့ရပါတယ်။ ဒါဟာ ခွေးလေးတွေ အနေနဲ့ ကြိမ်းမောင်းခံရတဲ့အခါတွေမှာ နားလည်တယ်ဆိုတဲ့ အချက်လည်းဖြစ်ပါတယ်။

သို့ပေမည့်လည်း သိပ္ပံပညာရှင်တွေက ခွေးတွေနဲ့ ရင်းနှီးတဲ့ စကားလုံးတွေ အတိအကျ မသိကြသေးပါဘူး။

ပိုင်ရှင်တော်တော်များများက သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်များကို ပုံမှန်ချီးမွမ်းကြပြီး ၎င်းတို့ရဲ့ အပြုအမူလေးက စကားလုံးတွေကို နားလည်တယ်ဟု မှတ်ယူကြပါတယ်။

အမှန်တကယ်ပဲ ခွေးလေးတွေဟာ လူ့စကားကို နားလည်ကြပြီး အော်ဟစ် ငေါက်ငမ်းခြင်းပြုလုပ်ခံရတဲ့ ခွေးလေးတွေဟာ စိတ်ဖိစီးမှုကြောင့် ၎င်းတို့ရဲ့အပြုအမူကို အဆိုးရွားဆုံးပြောင်းလဲစေကြောင်း တွေ့ရှိခဲ့ပါတယ်။

ခွေးလေးတွေဟာ ၎င်းတို့ရဲ့ အပြုအမူအပေါ် မူတည်ပြီး စိတ်ဖိစီးမှုကို ခံစားရနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတာတွေလည်း ရှိပါတယ်။

ယေဘူယျအားဖြင့် ခွေးလေးတွေနှင့်လူ​​​တွေကြား နားလည်မှုဆိုင်ရာ သုတေသနကို ပုံမှန်ပြုလုပ်​ကြပါတယ်။

2019 နှစ်ကုန်တုန်းကလည်း အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ စိတ်ခံစားမှုကို ပိုမိုနားလည်နိုင်စေမည့် သိပ္ပံနည်းကျ လေ့လာမှုတွေကို လုပ်ခဲ့ပါသေးတယ်။

အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အပြုအမူပေါ် မူတည်ပြီး ပျော်ရွှင်မှုကို ခံစားနေရသလား သို့မဟုတ် စိတ်ဖိစီးမှုကို ခံစားနေရသလား ဆိုတာကို သိရှိနိုင်ပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.