မောင်းနေတဲ့ ကားထဲမှာ ခြင်ကဲ့သို့ အင်းဆက်တွေ ပျံသန်းကြပုံ

Knowledge Nature

ပိုးကောင်တစ်ကောင်ဟာ ကားတစ်စီး ရွေ့လျားနေချိန် ကားထဲမှာ ပျံသန်းမယ်ဆိုရင် တူညီတဲ့ အမြန်နှုန်းဖြင့် ပျံသန်းဖို့ လိုအပ်သလား။

ဒါဟာဆိုရင် ကလေးများအတွက် စီးရီးဖြစ်တဲ့ Curious Kids မှ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။

ကားသွားနေတဲ့အချိန် ပိုးကောင်တစ်ကောင်ဟာ ကားထဲမှာ ပျံသန်းနေပါက ပိုးကောင်ဟာ ကားနှင့်အတူ အရှိန်အဟုန်ဖြင့် ရွေ့လျားဖို့ လိုအပ်လား။

ဒီမေးခွန်းအတွက်ဆိုရင် ကျွန်ုပ်တို့ကားထဲရောက်တာနဲ့ ပိုးကောင်တစ်ကောင်ဟာ ကျွန်ုပ်တို့နဲ့အတူ ကားထဲမှာ ပျံသန်းနေတာကို စိတ်ကူးကြည့်ပါ။

ကားစပြီးထွက်ပြီဆိုတာနဲ့ ထိုင်ခုံရဲ့တွန်းအားဟာ ကျွန်ုပ်တို့ကို ကားနဲ့အတူ ရွှေ့လျားစေပါတယ်။ အရှိန်စတင်မြှင့်တဲ့အချိန်ပဲ တွန်းအားရှိပေမည့် မှန်မှန်သွားနေတဲ့အချိန်ဆို တွန်းအားမရှိတော့ပါဘူး။

လမ်းတအား ကောင်းနေတဲ့ အခါဆိုရင် ပြတင်းပေါက်ကနေ အပြင်ကြည့်ရုံနဲ့ ကားသွားနေတာကို သိနိုင်ပါတယ်။

ကားထဲမှာ ဘောလုံးတစ်လုံးကိုကိုင်ပြီး အပေါ်တည့်တည့်ကနေလွှတ်ချလိုက်မယ်ဆိုရင် တည့်တည့်ပဲ ပြုတ်ကျတာကို တွေ့ရမှာပါ။

ကားကလုံးဝ မရွေ့ဘူးဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ ရှုထောင့်က ရွေ့လျားမှုဟာလည်း မတူပါဘူး။ ဒါပေမယ့်လည်း ရွေ့လျားနေတဲ့ ကားထဲမှာတော့ ဘောလုံးကို မပစ်ချသင့်ပါဘူး။

ဘာလို့လဲဆိုတော့ ကားသွားနေစဥ် ကားအတွင်းရှိ အရာအားလုံးဖြစ်တဲ့ ကျွန်ုပ်တို့ကိုယ်တိုင်ကော၊ ဘောလုံး၊ လေနှင့် အင်းဆက်ပိုးကောင်များအားလုံးက တူညီတဲ့အမြန်နှုန်းဖြင့် အရှိန်မြှင့်ထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဥပမာအနေနဲ့ အရာဝတ္တုတစ်ခုကို ကြိုးစတစ်စနဲ့ချိတ်ပြီး ချိန်သီး သေးသေးလေး လုပ်ကာ ကားထဲချိတ်ထားကြည့်ပါ။ ကားအရှိန် မြှင့်လိုက်တာနဲ့ ကြိုးနဲ့ဆွဲထားတဲ့ ချိန်သီးက အနောက်ကို ကပ်လာတာ တွေ့ရမှာပါ။

သို့သော် ကားက တည်ငြိမ်တဲ့ အရှိန်နဲ့ မရွေ့ဘဲနေတဲ့အခါ ချိန်သီးက တည့်တည့်ပဲ တွဲကျနေမှာပါ။

တကယ်လို့ ပိုးကောင်တစ်ကောင်က ပြေးဝင်ပြီးကျွန်ုပ်တို့ဘေးက ခုံမှာ ရောက်နေတာကို မြင်ရမယ်ဆိုရင် ကားက အရှိန်နဲ့ ထွက်ပြီဆိုတာနဲ့

ပိုးကောင်ကိုထိုင်ခုံနဲ့အတူ အရှေ့ကိုဆွဲခေါ်သွားမှာပါ။ ဒီလိုဆွဲခေါ်သွားတာဟာ ပွတ်တိုက်စွမ်းအားကြောင့် ဖြစ်လာတာပါ။

ဒါပေမဲ့ ကားက အရှိန်မှန်မှန်သွား​နေပြီဆိုရင် ပိုးကောင်ဟာ ဆွဲခေါ်အားမရှိတော့ပဲ ကားရွေ့နေတယ်ဆိုတာ မသိသာတော့ပါဘူး။

ဒီလိုအချိန်မှာဆိုရင် ပိုးကောင်ဟာ အိမ်တစ်ခန်းထဲမှာ ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပျံသန်းနိုင်မှာပါ။ ကားကို အမှီလိုက်ဖို့ ရှေ့ကိုဇွတ်လိုက် ပျံသန်းနေစရာမလိုပါဘူး။

ချိန်သီးလိုတော့ ပိုးကောင်က ရှေ့ကို တွန်းအား၊ ဆွဲတင်အားတွေမလိုပါပါဘူး။ ဒါပေမဲ့ ပျံဝဲနေဖို့တော့ လိုပါတယ်၊ မဟုတ်ရင် အောက်ကိုပြုတ်ကျမှာပါ။

ကားအရှိန်မြှင့်နေချိန်မှာတော့ ပိုးကောင်က အနည်းငယ် ရှေ့သို့ ပျံသန်းရဖို့​တော့ လိုပါတယ်။ ဒါပေမယ့် အပြင်ကနေ ကားနဲ့ အမှီ လိုက်ဖို့ ကြိုးစားနေသလောက်တော့ ရှေ့ကို အများကြီး ပျံသန်းဖို့ မလိုပါဘူး။

အင်းဆက်ပိုးမွှားတွေက အလွန်ပေါ့ပါးတဲ့အတွက်ကြောင့် လေက ၎င်းတို့အပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိပါတယ်။

ကားထဲရှိလေကို ကားမှ ရှေ့သို့တွန်းပြီး အဆိုပါလေတွေက ပိုးကောင်များကို ရှေ့သို့တွန်းပို့ပေးပါတယ်။ ဒီတွန်းအားကို လေခုခံမှု ဟုခေါ်ပါတယ်။

ဒီတွန်းအားဟာ ခြင်တစ်ကောင် အတွက် လုံလောက်မှာ ဖြစ်ပေမယ့်လည်း Christmas beetles လိုမျိုး နွားချေးပိုးတွေ အတွက်တော့ မလုံ လောက်ပါဘူး။

ဒါကြောင့် ပိုးကောင်က ကျွန်ုပ်တို့ရဲ့နှာခေါင်းရှေ့မှာ ကပ်နေချင်တယ်ဆိုရင်တော့ ကားက အရှိန်မြှင့်လိုက်တာနဲ့ နည်းနည်းရှေ့ကို ပျံနေဖို့တော့ လိုပါလိမ့်မယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *