လူအများစုဟာ နှစ်မိနစ်ခန့်ထိသာ အသက်အောင့်နိုင်ကြသော်လည်း ၂၀၁၆ ခုနှစ်တုန်းက ကမ္ဘာ့ဂင်းနစ်စံချိန် တစ်ခုမှာတော့ စပိန်နိုင်ငံ ဘာစီလိုနာမှ အလွတ်တန်း ဒိုင်ဗင်ထိုးသူ တစ်ယောက်ဖြစ်တဲ့ Aleix Segura ဟာ ၂၄ မိနစ်ကျော် အထိ အသက်အောင့်ထားနိုင်ပြီး စံချိန်တင်ခဲ့ပါတယ်။
လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ အသက်ကြာကြာ အောင့်ထားနိုင်ဖို့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။
ကျွန်ုပ်တို့ လူသားတွေမှာ ကမ္ဘာကြီးအတွက် လုပ်ဆောင်ရမည့် အခြား ဦးစားပေးစရာတွေ များစွာရှိပါတယ်။
ကျွန်ုပ်တို့ လူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ်သမိုင်းကြောင်းကိုကြည့်မယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဦးနှောက်တွေကို ကြီးမားပြီး ရှုပ်ထွေးအောင်ပြုလုပ်မည့်အစား အသက်ရှုနှုန်းကို ကြာကြာ ထိန်းထားနိုင်အောင် ပြုလုပ်ခဲ့မယ် ဆိုရင် ကျွန်ုပ်တို့ အနေနဲ့ ပျမ်းမျှ အ နည်းဆုံး ၁၅ မိနစ်လောက် အထိ အောက်ဆီဂျင် မလိုပဲ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။

ငါးမန်းတကောင်
ဒါပေမယ့် အသက်ရှုနှုန်းကို ထိန်းထားနိုင်တဲ့ သို့မဟုတ် အသက်အောင့်နိုင်တဲ့ တိရစ္ဆာန်တွေ အများကြီးရှိပါတယ်။
အချို့လိပ်တွေဟာဆိုရင် ဆောင်းရာသီတစ်လျှောက်လုံး အေးခဲနေတဲ့ ရေကန်ရဲ့အောက်ခြေမှာ အဆုတ်ကို လုံးဝအသုံးမပြုဘဲ ဆောင်းခိုနေနိုင်ကြပါတယ်။
လိပ်တွေဟာ အေးခဲနေတဲ့ ရေကန်ရဲ့အောက်ခြေမှာ ၎င်းရဲ့ သွေးကြောတွေ တင်းမာနေတဲ့ တင်ပါးမှ ရှူထုတ်ခြင်းဖြင့် အောက်ဆီဂျင်အနည်းငယ်ကို ယူဆောင်ခြင်း ဖြစ်ပါတယ်။
တချို့ပင်လယ်လိပ်တွေဟာ တင်ပါးကနေ အသက်ရှုတာတွေ မလုပ်တာတောင်မှ အိပ်နေတဲ့အချိန်မှာ တစ်ကြိမ်ကို ခုနှစ်နာရီလောက်ထိ အသက်ရှုစရာမလိုပါဘူး။

ပင်လယ်လိပ်
Loggerhead ပင်လယ်လိပ်တွေဟာ ရေအောက်မှာ မိနစ် ၄၀ ဝန်းကျင်ခန့် ဆန္ဒအလျောက် အစာစားသော်လည်း ပေါ့ပေါ့ပါးပါး နေတဲ့အချိန်မှာဆိုရင် တစ်ကြိမ်အသက်ရှူရာတွင် ၁၀ နာရီဝန်းကျင်ခန့် အထိ နောက်တစ်ကြိမ် အသက်ရှုစရာမလိုပဲ နေနိုင်ကြပါတယ်။
လိပ်တွေဟာ အပူအတွက် ပြင်ပ အရင်းအမြစ်များကို အားကိုးတဲ့ ectotherms တိရစ္ဆာန်တွေ ဖြစ်ကြပါတယ်။
ကျွန်ုပ်တို့ နို့တိုက်သတ္တဝါတွေလို endotherms တွေထက် ectotherms တွေဟာ အောက်စီဂျင်မရှိပဲ ပိုနေနိုင်ကြပါတယ်။
ကျွန်ုပ်တို့လူသားတွေဟာ ကျွန်ုပ်တို့ရဲ့အစိတ်အပိုင်းတွေကို အလုပ်လုပ်ဖို့ အောက်ဆီဂျင်အများအပြားကိုအသုံးပြုကြပါတယ်။
သို့သော်လည်း ဝေလငါးတွေ၊ ဖျံတွေ ကဲ့သို့သော ရေနေ နို့တိုက် သတ္တဝါတွေ ကတော့ အစာရှာဖွေရန် အတွက် မယုံနိုင်လောက်အောင် နက် ရှိုင်းတဲ့ အထိ ကြာရှည်စွာ ငုတ်လျှိုး နိုင်ကြပါတယ်။

Cuvier’s beaked ဝေလငါး Image: Courtesy of Todd Pusser/NPL
အဏ္ဏဝါနို့တိုက်သတ္တဝါအားလုံးထဲမှာ အနက်ရှိုင်းဆုံးငုပ်လျှိုးနိုင်တဲ့ Cuvier’s beaked ဝေလငါးကို သိပ္ပံပညာရှင်တွေက အသက်အကြာဆုံးအောင့်နိုင့်တဲ့အတွက် စံချိန်တင်ထားပါတယ်။
အဆိုပါ အရွယ်အလတ်စား ဝေလငါးတွေဟာ ၁၃၈ မိနစ်ကြာ စံချိန်တင် ငုပ်လျှိုးနိုင်ပြီး ပြည်ကြီးငါး နှင့် အခြားပင်လယ်ရေနက်ပိုင်း သတ္တဝါတွေကို အမဲလိုက်ဖို့အတွက် လှိုင်းလုံးတွေအောက် ပေ 10,000 (3,000 မီတာ) ဝန်းကျင်အထိ ငုတ်လျှိုးကြပါတယ်။
Cuvier’s beaked ဝေလငါးက စံချိန်မချိုးခင်မှာ northern elephant ဖျံ (Mirounga angustirostri) တွေဟာ ၁၁၈ မိနစ်နဲ့ ပထမ နေရာမှာ စံချိန်တင်နေတာပါ။ စပန်း ဝေလငါးကတော့ မိနစ် ၉၀ နဲ့ တတိယနေရာကို ရောက်ရှိလာပါတယ်။
ကျွန်ုပ်တို့မှာ ကျယ်ပြန့်တဲ့ နို့တိုက်သတ္တဝါတွေရဲ့ ဇီဝဖြစ်ပျက်မှုမျိုးကို ထိန်းထားနိုင်မယ်ဆိုရင် အောက်ဆီဂျင်မပါဘဲ အချိန်အတော်ကြာ သွားလာနိုင်မှာ ဖြစ်ပါတယ်။

northern elephant ပင်လယ်ဖျံ
သို့သော်လည်း အဏ္ဏဝါနှင့် ရေနေ နို့တိုက်သတ္တဝါ အများအပြားဟာ နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး ၎င်းတို့ရဲ့ လက်ဖျားတွေ ၊ ဦးနှောက်၊ နှလုံးနှင့် ကြွက်သားတွေဆီကို သွေးလမ်းကြောင်းလွှဲပေးပြီး အလုပ်လုပ်စေပါတယ်။
၎င်းတို့မှာ အောက်ဆီဂျင်ပိုမိုသိုလှောင်နိုင်စေတဲ့ ကြွက်သားတွေအတွင်းမှာဆိုရင် အထူးပရိုတင်းတွေတောင်မှ ရှိကြပါတယ်။
စိတ်ဝင်စားစရာကောင်းတာက အလွန်နှေးကွေးတဲ့ စလော့လေးတွေကလည်း ၎င်းတို့ရဲ့ နှလုံးခုန်နှုန်းကို ပုံမှန် နှုန်းထက် သုံးပုံတစ်ပုံခန့်အထိ လျှော့ချနိုင်တဲ့အတွက်ကြောင့် မိနစ် ၄၀ ကြာတဲ့အထိ အသက်အောင့်နိုင်ကြပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 15/1/2022