ခွေးတွေ လူစကား ဘယ်လောက်အထိ နားလည်နိုင်ကြသလဲ လေ့လာမှု

Knowledge Nature

ခွေးလေးတွေဟာ လူသားများ၏ နေ့စဉ်ဘဝအတွက် အလွန်အရေးပါသည့် အဖော်မွန်ကောင်း အနေဖြင့် သတ်မှတ်နိုင်ပြီး သူတို့မှာ အခြား တိရစ္ဆာန်များထက် လူတွေအပေါ် နားလည်နိုင်စွမ်းလည်း မြင့်မားကြပါတယ်။

စိတ်ပိုင်းဆိုင်ရာ လုပ်နိုင်စွမ်းများ နှင့် အပြုအမူများ စသည့် အချက်အလက်များကို တိုင်းတာမှုများအရ ခွေးများ၏ ပျမ်းမျှ ဥာဏ်ရည်ဟာ အသက် ၂ နှစ်အရွယ် ကလေး လောက်ရှိတယ်လို့ သတ်မှတ်ထားကြပါတယ်။

ဒါဟာ ပျမ်းမျှ တိုင်းတာမှုသာဖြစ်ပြီး အချို့ခွေးလေးများကတော့ ဒီထက်ပိုပြီး အသိဥာဏ် ရှိကြမှာပါ။

ခွေးများဟာ လူသားများနှင့် အတူတကွ အိမ်မွေးတိရိစ္ဆာန်အဖြစ် နေထိုင်လာကြတာ နှစ်ပေါင်း ထောင်နှင့်ချီ ရှိခဲ့ပြီးပြီ ဖြစ်ပါတယ်။

Bichon Frise

၎င်းတို့၏ သစ္စာရှိမှု၊ ဖော်ရွေမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှု စတာတွေကြောင့် လူတွေရဲ့ အသဲစွဲ အချစ်တော်များ ဖြစ်လာခဲ့ကြတာပါ။

ရှေးယခင်က ခွေးများကို အမဲလိုက်ဖို့ နေရာမှာသာ အဓိကထား အသုံးပြုခဲ့ကြပေမယ့် ယနေ့ခေတ်မှာတော့ ကဏ္ဍမျိုးစုံမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

လက်ရှိ ခွေးများဟာ ရှာဖွေရေး နှင့် ကယ်ဆယ်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ရဲဘက်ဆိုင်ရာများ၊ ရောဂါရှာဖွေရေးများ နှင့် နေအိမ်လုံခြုံရေး စသည်ဖြင့် အမျိုးမျိုးသော နေရာမှာ တာဝန်ကျေစွာ လူသားများကို ကူညီပေးနေကြပါတယ်။

ဒီလိုမျိုး လူသားများနှင့် တွဲဖက် လုပ်ဆောင်ရတဲ့အခါမှာ ၎င်းတို့ဟာ လူသားများနှင့် ဆက်သွယ်နိုင်ဖို့ စကားလုံးများကို မှတ် မိ နိုင်ဖို့ လိုအပ်ပါတယ်။

German Shepherd

၁၉၂၀ ခုနှစ်များ ဝန်းကျင်ကတည်းက သိပ္ပံပညာရှင်များဟာ ခွေးတွေ ဘယ်လောက်အထိ လူသားများ၏ စကားကို နားလည်နိုင်စွမ်း ရှိသလဲဆိုတာ လေ့လာနေကြတာပါ။

၁၉၂၈ ခုနှစ်က တွေ့ရှိချက်အရ ငယ်ရွယ်တဲ့ German Shepherd (အယ်လ်ဇေးရှင်း သို့မဟုတ် Alsatian) အထီးတကောင်ဟာ စကားလုံးနှင့် စကားစု (အပြင်သွား၊ ငါ့ကိုစောင့် စသည်ကဲ့သို့ စကားများ အပါအဝင်) ပေါင်း ၆၈ ခုလောက်အထိ မှတ် သားနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။

၂၀၀၄ ခုနှစ်က လေ့လာမှု အရတော့ Border Collie အမျိုးအစား ခွေးဟာ ပစ္စည်းပေါင်း ၂၀၀ လောက်ရဲ့ အမည်ကို ခွဲခြားနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

Border Collie ဟာ လက်ရှိမှာ ကမ္ဘာ့ ဥာဏ်အကောင်းဆုံး ခွေးအဖြစ် သတ်မှတ်ထားခြင်း ခံရပါတယ်။

Border Collie

ခွေးတွေရဲ့ ပျမ်းမျှ မှတ်သားနိုင်တဲ့ စကားလုံး အရေအတွက်

လေ့လာမှုများအရ ၎င်းတို့ဟာ ပျမ်းမျှအားဖြင့် စကားလုံးပေါင်း ၈၉ လုံးလောက်အထိ မှတ်မိနိုင်စွမ်း ရှိပြီး အမူအရာများကိုပါ နားလည်နိုင်စွမ်း ရှိကြတယ်လို့ ဆိုပါတယ်။

ဒီရလဒ်ကတော့ ခွေးပိုင်ရှင်ပေါင်း ၁၆၅ ယောက်လောက်ကို မတူညီတဲ့ စကားလုံးများနှင့် စကားစုများကို အသုံးပြုပြီး ၎င်းတို့၏ ခွေးများရဲ့ နားလည်နိုင်စွမ်းကို တိုင်းတာစေခဲ့တာပါ။

အဲဒီ စမ်းသပ်မှုအတွင်းမှာ တုံ့ပြန်မှု အနည်းဆုံးခွေးဟာ စကားလုံး ၁၅ လုံးလောက်သာ မှတ်မိနိုင်ပြီး အကောင်းဆုံးခွေး က တော့ ၂၁၅ လုံးအထိ မှတ်မိနိုင်တာကို သိရှိခဲ့ပါတယ်။

Chihuahua

ထို့နောက် အားလုံးကို ပျမ်းမျှ တွက်ချက်ခဲ့ရတာ ခွေးတွေဟာ ပျမ်းမျှအားဖြင့် စကားလုံး ၈၉ လုံးလောက်အထိ မှတ်သားနိုင်မယ်လို့ အဖြေထွက်လာတာ ဖြစ်ပါတယ်။

နားလည်နိုင်စွမ်း အရှိဆုံး ခွေးအမျိုးအစားများ

စမ်းသပ်မှုအတွင်းမှာ တုံ့ပြန်နိုင်စွမ်း အမြင့်ဆုံး ခွေးများမှာ Australian Shepherd။ Border Collie၊ German Shepherd၊ Bichon Frise၊ Cavalier King Charles Spaniel နှင့် Chihuahua တို့ ဖြစ်ပါတယ်။

အသုံးအများဆုံး ခွေးတွေနားလည်နိုင်မယ့် စကားလုံးများ

ခွေးတွေဟာ ‘ထိုင်’၊ ‘လာ’၊ ‘မှောက်’၊ ‘ရပ်’၊ ‘စောင့်’၊ ‘မလုပ်ရ’၊ ‘အိုကေ’၊ ‘ထားခဲ့’ စသည့် အမိန့်ပေး စကားလုံးများကို နား လည်နိုင်ဆုံး ဖြစ်ပါတယ်။

Cavalier King Charles Spaniel

ဒါ့အပြင် ‘အစာကျွေးခြင်း’၊ ‘မနက်စာ’၊ ‘ညစာ’၊’အမှိုက်’၊ ‘အီး’ စသည့် အရာများကို နားလည်နိုင်ကြသလို ‘ရှဉ့်’ နှင့် ‘ဘောလုံး’ ကဲ့သို့ လိုက်ဖမ်းရသည့် ပစ္စည်းများကိုလည်း သိရှိကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.