နျူကလီးယားဗုံးတွေ ပေါက်ကွဲတဲ့ အခါ မှိုပွင့်ပုံစံ တိမ်တိုက်တွေ ဖြစ်ပေါ်လာရတဲ့ အကြောင်း

Article Tech

ဗုံး​တွေ ပေါက်ကွဲတဲ့ အခါတွေမှာ ပြင်းထန်တဲ့ ပေါက်ကွဲအားကြောင့် စွမ်းအင်တွေ နေရာအနှံ့ ပျံ့နှံ့သွားပါတယ်။

ဒါဆို မီးလုံးကြီးတွေ ဖြစ်ပေါ်လာမည့်အစား နျူကလီးယားဗုံးတွေ ပေါက်ကွဲတဲ့အခါ မှိုပွင့်သဏ္ဍန် တိမ်တိုက်ပုံစံတွေ ဘာကြောင့် ဖြစ်ပေါ် လာရတာလဲ။

ဗုံးပေါက်ကွဲမှုကြောင့် စွမ်းအင်တွေ ပေါက်ကွဲ ထွက်လာတာဟာ အစပိုင်းမှာဆိုရင် လေပူစက်ဝန်းတစ်ခု အဖြစ် ဖြစ်ပေါ်လာသော်လည်း ဒါဟာ ပေါက်ကွဲမှုရဲ့ အ​စောပိုင်း ဖြစ်စဥ်တစ်ခုသာ ဖြစ်ကြောင်း ကယ်လီဖိုးနီးယားရှိ Lawrence Livermore National Laboratory မှ ကွန်ပျူ တာအင်ဂျင်နီယာ သုတေသီ Katie Lundquist ရဲ့ ပြောကြားချက်အရ သိရပါတယ်။

လေပူတွေဟာ ပန်းသီးတစ်လုံးရဲ့ အလည် အူတိုင်ပုံစံ အထက်ကို တက်လာပြီး အပေါ် လေထုထဲ ရောက်တဲ့အခါ ဘေးအနားစွန်းတွေ ဆီကို ပြန့်သွားပါတယ်။

အဲဒီ့နောက်မှာတော့ လေပူစက်ဝန်း တစ်ခုလုံးရဲ့ အလယ်ပိုင်းဟာ လျင်မြန်စွာ မြင့်တက်လာပြီး စက်ဝန်း အပြင်ဘက်ရှိ ပိုအေးတဲ့ လေတွေဟာ မြင့်တက်နေတဲ့ လေပူစက်ဝန်း အောက်သို့ တိုးဝင် လာပါတယ်” ဟု Lundquist က ဆိုပါတယ်။

တိုးဝင်လာတဲ့ လေအေးတွေကြောင့် လေပူစက်ဝန်းကြီးရဲ့အောက်ခြေဟာ ပုံပျက်ပြီး ဒိုးနက်လို ပုံသဏ္ဍာန် ဖြစ်လာပါတယ်။

Illustration

လေပူ မော်လီကျူးများဟာ ၎င်းတို့စွမ်းအင် ပြည့်နေသည့် အနေအထားတွင် မြင့်မားသည့် အမြန်နှုန်းဖြင့် ခုန်ထွက်နေကြသည့် အတွက် ၎င်းတို့အကြားမှာ လေဟာနယ် နီးပါး နေရာလပ်တွေ များစွာ ဖြစ်ပေါ်လာပါတယ်။

အဲဒီလို ဖြစ်ပေါ်လာတဲ့ လေဟာနယ်ဟာ အရာဝတ္ထုတွေကို စုပ်ယူကာ အပေါ်ကို တွန်းထုတ်ပြီး မှိုပွင့်ပုံစံ တိမ်တိုက်ကို အပေါ်ပိုင်းမှာ ဖြစ်စေပြီး ဒိုးနပ်ပုံစံ အောက်ပိုင်းကိုတော့ ပိုမို ပြန့်ပြူးလာစေပါတယ်။

“လေပူ စက်ဝန်းကြီးရဲ့ အလယ်ကို လေအေးတွေ တိုးဝင် လာတာဟာ လေပူ စက်ဝန်းကြီးရဲ့ ထိပ်ပိုင်းကို မှိုပွင့်သဏ္ဍာန် ဖြစ်ပေါ် စေပြီး အောက်ပိုင်းမှာ ဆိုရင် ဒိုးနက်သဏ္ဍာန် ပုံဖော်မှုကို ဖြစ်စေတယ်” ဟု Lundquist က ဆိုပါတယ်။

ကမ္ဘာ့စစ်အတွင်း နျူကလီးယားဗုံးများ ပေါက်ကွဲမှုတွေကို သိပ္ပံနည်းကျ စမ်းသပ်ချက်များအရ မှိုတိမ်တိုက်ကြီးတွေဟာ ကမ္ဘာမြေပေါ်မှာ ဖြစ်ပေါ်လာပေမယ့်လည်း အာကာသထဲမှာပါ ဖြစ်လာနိုင်သလား ဆိုတာ တွေးစရာဖြစ်လာပါတယ်။

တကယ်လို့ လပေါ်မှာ နျူကလီးယားဗုံး ပေါက်ကွဲရင်ကော မှိုတိမ်တိုက်ကြီးတွေ ဖြစ်ပေါ်လာမှာလား။ Lundquist ကတော့ “​ဖြစ်လာမှာ မဟုတ်ဘူး” ဟုပြောပါတယ်။

“လပေါ်မှာ ကမ္ဘာ့ လေထုလိုမျိုး လေထုတစ်ခု လိုတယ်” ဟု သူမက ဆိုပါတယ်။

အာကာသအတွင်း နျူကလီးယားဗုံးတလုံး စမ်းသပ်ရင် ဖြစ်လာနိုင်တဲ့ အရာတွေကို “အာကာသထဲမှာ နျူကလီးယားဗုံးတလုံး ပေါက်ကွဲခဲ့လျှင် ဖြစ်လာနိုင်သည့် အရာများ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

Illustration

မှိုမျိုးစိတ် အမျိုးမျိုး ရှိသလိုပဲ နျူကလီးယား လက်နက်ကြောင့် ဖြစ်ပေါ်လာတဲ့ မှိုတိမ် တိုက်ပုံစံတွေဟာလည်း မတူကြပါဘူး။

နျူကလီးယားဗုံးရဲ့ပေါက်ကွဲထွက်နှုန်းနှင့် ပြုတ်ကျသွားတဲ့ အမြင့်ပေါ် မူတည်ပြီး ထွက်ပေါ်လာတဲ့ မှိုတိမ်တိုက်တွေမှာ မတူညီတဲ့ ပုံသဏ္ဍာန်တွေ ဖြစ်ပေါ်လာပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားနှင့် နာဂါဆာကီတို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု​တွေကဲ့သို့ ပေါက်ကွဲမှုတွေမှာ ဆိုရင် အဓိက အပိုင်း နှစ်ပိုင်းရှိပါတယ်။

ပထမတစ်ချက်က ဗုံးကို အငွေ့ပျံတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့အတွက် အပေါ်မှာ အဖြူရောင် မှိုပွင့်ပုံစံ တိမ်တိုက်ကြီး ဖြစ်ပေါ်လာအောင် ပတ်ဝန်းကျင် လေထုမှ ရေတွေကို စုစည်းပေးပါတယ်။

နောက်တစ်ချက်က အောက်ခြေမှာဆိုရင် အပျက်အစီးတွေနဲ့ ထွက်လာတဲ့ အမှိုက်သရိုက်တွေကြောင့် အညိုရောင် မီးခိုးလုံး ပုံစံ ဖြစ်ပေါ်နေမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အပေါ်ပိုင်းက အဖြူရောင် မှိုတိမ်တိုက်ကြီးနဲ့ အောက်ပိုင်းက အညိုရောင် မီးခိုးလုံးကြီးတွေဟာ ဆက်စပ် မနေတာကို အောက်ကပုံမှာ တွေ့နိုင်ပါတယ်။

ဟီရိုရှီးမား (ဘယ်) နာကာဆာကီ (ညာ) Image: Courtesy of Wiki Commons

“အပေါ်မှာ ​အလွန်ထူးခြားတဲ့ အဖြူရောင်တိမ်တိုက်တစ်ခု၊ ပြီးတော့ အဲဒီ့အောက်မှာက အညိုရောင် တစ်ခုရှိ​နေတယ်” ဟု Lundquist က ဆိုပါတယ်။

ဗုံးတွေဟာ မြေပြင်အထက် ပေ ၂၀၀၀ (၆၁၀ မီတာ) နီးပါးမြင့်တဲ့ အမြင့်မှာ ပေါက်ကွဲခဲ့ခြင်းကြောင့် အထက်နဲ့အောက် မဆုံနိုင်တော့တာ ဖြစ်တယ်ဟု ဆိုပါတယ်။

အပျက်အစီး ပမာဏများစွာ ကြုံတွေ့ခဲ့ရသော်လည်း နောက်ပိုင်းလုပ် လက်နက်များနှင့် နှိုင်းယှဉ်ပါက အဆိုပါ နျူကလီးယားဗုံးဟာ TNT ကီလိုတန် (၂၀) ​​ကီလိုတန် ဒါမှမဟုတ် အဲ့ဒီထက်နည်းတဲ့ အားဖြင့် ပေါက်ကွဲသွား​တာဖြစ်တယ်ဟု အမေရိကန် စွမ်းအင်ဌာနရဲ့ အဆိုအရ သိရပါတယ်။ ( ဆိုဗီယက်နိုင်ငံမှ စမ်းသပ်ခဲ့တဲ့ Tsar Bomba ရဲ့ ပေါက်ကွဲအားဟာ TNT 50,000 ကီလိုတန်အထိ ရှိပါတယ်)

မြေပြင်နှင့် ပိုမိုနီးကပ်စွာ ပေါက်ကွဲနိုင်တဲ့ နျူကလီးယားဗုံးတွေမှသာ ထိပ်ပိုင်းနဲ့ အောက်ပိုင်းက တကယ် မှိုပွင့်ပုံစံအဖြစ် ပေါင်းစပ်တာ ဖြစ်တယ် ဟု Lundquist က ပြောပါတယ်။

TSAR Bomba

Lundquist နှင့် သူမရဲ့ ဓာတ်ခွဲခန်းမှ လုပ်ဖော်ကိုင်ဖက်တွေကတော့ ၎င်းတို့ရဲ့ သု​တေသနပြုမှုတွေဟာ နျူကလီးယားနဲ့ ပတ်သတ်တဲ့ ပြ ဿနာတွေ ဖြစ်တဲ့ အခါမျိုးတွေမှာ ဓာတ်ရောင်ခြည် အမှုန်အမွှားတွေ ဘယ်နေရာမှာ ကျသလဲဆိုတာတွေကို

မှန်ကန်စွာ ကြိုတင် ခန့်မှန်းနိုင်ပြီး လူတွေရဲ့ ကျန်းမာရေးကို ကာကွယ်ပေးမည့် အကျိုးဆက်စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်​တွေကို ပေးစွမ်းနိုင်မှာဖြစ်တယ် ဟု ဆိုပါတယ်။

ယခုဆိုရင် ကမ္ဘာ့လက်နက်တိုက်တွေမှာ နျူကလီးယားဗုံး ၁၀,၀၀၀ နီးပါးရှိပြီး ၁၉၈၀ ပြည့်လွန်နှစ်များ အတွင်း ရှိခဲ့တဲ့ လက်နက် အရေအ တွက် ၆၀,၀၀၀ ကျော်မှ အဆိုပါ ပမာဏ အထိ ကျဆင်းသွားတာဖြစ်တယ် ဟု နျူးကလီးယား သိပ္ပံပညာရှင်များရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

First Published 1/1/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *