ဗြိတိသျှစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော တိုက်ပွဲကျွမ်းကျင်သူတစ်ဦးရဲ့ အဆိုအရ လူသားတွေဟာ ကမ္ဘာပေါ်မှာ စစ်ပွဲတွေမရှိအောင် ဘယ်လို နေထိုင်နိုင်မည့်အကြောင်းကို ပြောပြခဲ့ပါတယ်။
စစ်ပွဲတွေဟာ လူသားသဘာဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် စစ်ပွဲမရှိသော ကမ္ဘာတစ်ခုကို စိတ်ကူးယဉ်ရတာဟာ ခက်ခဲပါတယ်။
Business Insider သည် ဗြိတိသျှစစ်တပ် အရာရှိဟောင်းတစ်ဦး ဖြစ်တဲ့ တိုက်ပွဲကျွမ်းကျင်သူ Mike Martin နှင့် စကားပြောခဲ့ပြီး သူက စစ်ပွဲများတွင်လူများတိုက်ခိုက်ရသည့် အကြောင်းရင်းနှစ်ခုကို ပြောကြားခဲ့ပါတယ်။
Mike Martin ရဲ့ စာအုပ်အသစ်ဖြစ်တဲ့ “Why We Fight” ဟာ စစ်ဆင်ရေးကြောင့် ဆင့်ကဲ ဖြစ်လာတဲ့ စိတ်အခြေအနေအကြောင်း ရေး သား ထားခြင်း ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ဒီအရာကတော့ အသိသာဆုံးတစ်ခုပါဘဲ။ လူတိုင်းဟာ စစ်ဆင်ရေးအတွက် လေ့ကျင့်ကြပါတယ်။

ယနေ့ခေတ်အပါအဝင် သမိုင်းတစ်လျှောက်ရှိ လူ့အဖွဲ့အစည်းတိုင်းဟာ စစ်ဆင်ရေးအတွက် လေ့ကျင့်ကြရပါတယ်။
စစ်ပွဲတွေဟာ ဘာကြောင့် လူသားသဘောသဘာဝ တစ်စိတ်တစ်ပိုင်း ဖြစ်ရတဲ့ တခြားသော့ချက်တစ်ခုကတော့ လူသားတွေဟာလည်း တိရိစ္ဆာန်လောကရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်တာကြောင့်ဘဲ ဖြစ်ပါတယ်။
တိရိစ္ဆာန်လောကမှာ မျိုးစိတ်တစ်ခုချင်းစီမှာရှိတဲ့ တိရိစ္ဆာန်တွေဟာ မျိုးစိတ်တူ တခြားတိရစ္ဆာန်များနဲ့ ယှဥ်ပြိုင်တိုက်ခိုက်ကြပါတယ်။
မျိုးစိတ်တူခြင်း ယှဥ်ပြိုင်တိုက်ခိုက်တာဟာ အိမ်ထောင်ဖက် ၊ စားနပ်ရိက္ခာတွေ၊ နယ်မြေပိုင်နက် နှင့် အဆင့်အတန်းတွေအတွက်ကြောင့် ဖြစ်ကြပါတယ်။
လူသားတွေကလည်း အတူတူဘဲဖြစ်ပါတယ်။ မတူကွဲပြားတာတစ်ခုက လူသားတွေဟာ နို့တိုက်သတ္တဝါအုပ်စုထဲမှာ ပါဝင်တယ်။
ဦးနှောက်အနည်းငယ် ပိုကြီးတဲ့ နို့တိုက်သတ္တဝါတွေဟာ ပိုကြီးမားသော လူမှုရေးအဖွဲ့အစည်းများကို ဖန်တီးနိုင်စွမ်းရှိကြပါတယ်။

စစ်ပွဲတွေအားလုံးဟာ ကျွနိုပ်တို့ကို ပိုကြီးမားတဲ့အုပ်စုများ တည်ဆောက်နိုင်ဖို့ ယှဥ်ပြိုင်တိုက်ခိုက်ကြရင်း တိရိစ္ဆာန်လောကသားများ ကဲ့သို့ အချိန်များကုန်ဆုံးစေတာကိုဘဲလို့ ကျွနိုပ်တို့မြင်တွေ့ရစေပါတယ်။
ဒါကြောင့်ကျွနိုပ်တို့ဟာ ကမ္ဘာစစ်ပွဲတွေအကြမ်းဖက်မှုတွေကို ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာ ကိုလေ့လာကြည့်တဲ့အခါ၊
အထူးသဖြင့် လူသဘောသဘာဝအရ စစ်ပွဲတွေဖြစ်တယ် လို့ စောဒကတွေ တက်ကြတဲ့အခါ ၊ ကျွန်ုပ်တို့အနေနဲ့ သမိုင်းကြောင်း တစ် လျှောက်မှန်မှန်ကန်ကန် လေ့လာကြည့်ဖို့လိုပါတယ်။
ဒါကြောင့် လူ့သမိုင်းကြောင်းကို ဖြတ်၍ ကြည့်မယ်ဆိုလျှင် ထွက်ပေါ်လာတဲ့ ကြီးမားတဲ့လမ်းကြောင်း နှစ်ခုရှိပါတယ်။
တစ်ခုကတော့ အကြမ်းဖက်မှုတွေဟာအကြီးအကျယ် ကျဆင်းလာတဲ့အတွက် ကျောက်ခေတ်ကနေ ယနေ့ခေတ်အထိ အချို့ကိစ္စတွေမှာ အကြမ်းဖက်မှုဟာ အဆ ၅၀၀ အထိ ကျဆင်းသွားတာ တွေ့ရပါတယ်။
စစ်ပွဲထဲမှာ အဖွဲ့တစ်ဖွဲ့ဟာ တခြားတစ်ဖွဲ့နဲ့ တိုက်ခိုက်ကြတဲ့အခါ ပိုကြီးပြီး ပိုအင်အားတောင့်တဲ့ အဖွဲ့ဟာ အတွင်းပိုင်း စိတ်တည်ငြိမ် အေး ချမ်းမှု ပိုရကြပြီး တခြားအဖွဲ့ကို အနိုင်ရရှိအောင် တိုက်ထုတ်နိုင်တာကို တွေ့ရပါတယ်။
ဒါကြောင့် ဆက်စပ်ပြီးပြောရမယ်ဆိုရင် အင်အားပိုကြီးတဲ့ အုပ်စုတွေဟာ စစ်ပွဲတစ်ခုမှာ တိုက်ခိုက်ကြတဲ့အခါ သို့မဟုတ် အုပ်စုအတွင်း ပဋိ ပက္ခဖြစ်တဲ့အခါ အသက်ဆုံးရှုံးနိုင်မှုအဆင့်ဟာ အလွန်နည်းပါးတာကို တွေ့ရပါတယ်။
နောက်ထပ်အကြောင်းအရာတစ်ခုကတော့ ၁၉၆၀ ပြည့်လွန်နှစ် ကရှာဖွေတွေ့ရှိခဲ့တဲ့ ထူးဆန်းတဲ့ စာရင်းအင်းဆက်နွယ်မှုဘဲ ဖြစ်ပါတယ်။
ဒီဆက်နွယ်မှုဆိုတာဟာ လူသားအုပ်စုတွေ အဖွဲ့အစည်းလိုက် စစ်တိုက်သွားပြီး အရွယ်အစားဘယ်လောက်ကြီးကြီး တိုက်ခိုက်တဲ့အခါ တစ်ဦးတစ်ယောက်ချင်းဘဲ တိုက်ခိုက်ကြတာဘဲ ဖြစ်ပါတယ်။

အကယ်၍ အဖွဲ့အစည်းတွေဟာ နေတိုး (NATO)တပ်ဖွဲ့ကဲ့သို့ လုံခြုံရေးအတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါက ၎င်းဟာ ပဋိပက္ခ တွေကို ထိရောက်စွာ လျှော့ချနိုင်တယ်ဟု ဆိုလိုပါတယ်။
ဒါကြောင့် ကြီးမားတဲ့လုံခြုံရေး အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရင် အကြမ်းဖက်အဖွဲ့အစည်းများ နည်းသွားမည်ဟု ဆိုလိုပါတယ်။
ယနေ့ခေတ်ရေစီးကြောင်းနှစ်ခုအရ လျော့ကျလာသော အကြမ်းဖက်အဖွဲ့အစည်းတွေ နဲ့ အစဥ်မပြတ်တိုးပွားလာသော အဖွဲ့အစည်းများဟာ ဆက်နွယ်နေပါတယ်။
အချုပ်အားဖြင့် ကျွနိုပ်တို့ အနေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့ အကြမ်းဖက်မှုတွေကို ဖယ်ရှားချင်တယ်ဆိုလျှင် တက်နိုင်သမျှ လူမှုလုံခြုံရေး အဖွဲ့ အ စည်း ကို အကြီးမားဆုံးဖြစ်အောင် ဖွဲ့စည်းရန် ပစ်မှတ်ထားဖို့ လိုပါတယ်။
ဟုတ်တာပေါ့။ ဒါဟာ တစ်ကမ္ဘာလုံးဆိုင်ရာ စနစ်တကျ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ကို ဆိုလိုတာပါ။
Reference: Businessinsider
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။