ကြယ်တွေ အဆုံးသတ်ပုံ အကြောင်း

Knowledge Science

ဟိုက်ဒရိုဂျင် အိုင်းယွန်းရဲ့ ပေါင်းစပ်မှုဟာ ဟီလီယမ် နျူကလိယကို ဖွဲ့စည်းဖို့ အခြေခံအားဖြင့် ကြယ်တစ်စင်းရဲ့ တောက်ပနေတဲ့ ဘဝသံသရာကို လှုံ့ဆော်ပေးတဲ့ အရာပဲ ဖြစ်ပါတယ်။

သို့သော်လည်း ကြယ်တစ်လုံး၏ ၎င်းရဲ့အူတိုင်ထဲမှ ဟိုက်ဒရိုဂျင် ပမာဏဟာ အကန့်အသတ် ရှိပါတယ်။

အူတိုင်မှာရှိတဲ့ ဟိုက်ဒရိုဂျင် အားလုံးကို ရောနှော ဓာတ်ပြုပြီးတာနဲ့ နျူကလီးယား တုံ့ပြန်မှုတွေ မရှိတော့ဘဲ ကြယ်တွေဟာ သေးငယ်လာပါတယ်။

ဒီအတောအတွင်း အူတိုင် အပြင်ဘက်ရှိ ဟိုက်ဒရိုဂျင် ပိုလျှံမှုဟာ အခွံပုံစံလို ဖြစ်ပြီး ပေါင်းစပ်မှုကလည်း အဆိုပါ အခွံတွေထဲမှာ ဆက်လက် တည်ရှိနေပါတယ်။

၎င်းဟာ ဆွဲငင်အားကြောင့် အူတိုင်များ ကျုံ့သွားပြီး ပိုပူလာကာ ပေါင်းစပ်ခြင်းနှင့် အအေးခံခြင်းတို့ကြောင့် ကျယ်ပြန့်လာပါတယ်။

ပိုကြီးပြီး ပိုသက်တမ်းရင့်တဲ့ ကြယ်တွေကို ဧရာမကြယ်နီဟု ခေါ်ဆိုကြပါတယ်။

အဆိုပါ အက်တမ်တုံ့ပြန်မှုတွေကြောင့် နောက်ဆုံးမှာ ကြယ်ရဲ့ အပြင်ဘက်အလွှာကို တွန်းထုတ်တဲ့ အပြင်ဘက်ဖိအားတစ်ခု တည်ဆောက်ပေးပြီးနောက် အူတိုင်ဟာ အေးပြီး ကျုံ့သွားကာ ကြယ်ဖြူပု ဟုခေါ်တဲ့ သေးငယ်ပြီး သိပ်သည်းစရှိတဲ့ အလုံးတစ်လုံးအနေနဲ့ ကျန်ခဲ့ပါတယ်။

ဆက်လက်ပြီး အီလက်ထရွန်တွေ အချင်းချင်း တွန်းထုတ်နေတဲ့ ဖိအားတွေကြောင့် ကြယ်ဖြူပုလေးတွေ အနေနဲ့ ထပ်မံပြိုကျခြင်းမှ တားဆီးပေးပါတယ်။

သို့သော်လည်း ပေါင်းစပ် တုံ့ပြန်မှုတွေဟာ နှေးကွေးပြီး ရပ်သွားတဲ့အခါမှာတော့ ကြယ်ဖြူပုလေးတွေဟာ ၎င်းတို့ရဲ့ ပတ်ဝန်း ကျင်နှင့် တူညီတဲ့ အပူချိန်သို့ ရောက်ရှိသည် အထိ နောက်ဆုံးတွင် အေးသွားမည် ဖြစ်ပြီး ကြယ်ပုနက် အဖြစ်သို့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ကြယ်ဖြူပုလေးတွေဟာ အခြား ကြယ်တစ်ခုနှင့် နီးကပ်နေပါက အခြားကြယ်ရဲ့ အပြင်ဘက် အလွှာမှ ဟိုက်ဒရိုဂျင် အချို့ကို ၎င်းရဲ့ မျက်နှာပြင်ပေါ်သို့ စုပ်ယူနိုင်ပါတယ်။

အဆိုပါ ဟိုက်ဒရိုဂျင်တွေဟာ တစ်ဖန် ပေါင်းစပ်သွားပြီး ကျန်ပစ္စည်းများကို ဖယ်ထုတ်တဲ့ ဖြစ်စဥ်ကို စတင်ပါတယ်။

ပေါင်းစပ်မှု ပြန်လည် စတင်တဲ့အခါတိုင်း တောက်ပမှု ရုတ်တရက် တိုးလာပြီး မူလ အခြေအနေသို့ နှေးကွေးစွာ ပြန်လည် ရောက်ရှိသွားပါတယ်။

ကြီးမားတဲ့ကြယ်တွေမှာလည်း ဟီလီယမ်ထောက်ပံ့မှုကုန်သွားတဲ့အခါ အလားတူ ဖြစ်စဥ်ကို ဖြစ်ပေါ်စေပါတယ်။

သို့သော် အူတိုင်မှာ ဒြပ်ထု အလုံအလောက်ရှိပါက သံအက်တမ်များ ပြည့်သွားသည်အထိ အခြားသော ပေါင်းစပ်တုံ့ပြန်မှုတွေ ဖြစ်ပေါ်ပါတယ်။

ဒီအချက်ကြောင့် ဆွဲငင်အားက သံအက်တမ်​တွေကို တညီတညွတ်တည်း နီးကပ်စေတာနှင့်အမျှ အူတိုင်ဟာလည်း အလွန်သေးငယ်တဲ့ အရွယ်အစား (မိုင်အနည်းငယ်အကွာ) အထိ ကျုံ့သွားပြီး အပူချိန်တွေ လွန်စွာမြင့်တက်လာစေပါတယ်။

နောက်ဆုံးမှာတော့ အလွန်ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်လာပြီး ၎င်းကို စူပါနိုဗာ ကြယ်ပေါက်ကွဲမှုလည်း ခေါ်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာပါတယ်။

ကြယ်ပေါက်ကွဲမှု စူပါနိုဗာတစ်ခု​ဖြစ်ရင် ကြယ်တစ်လုံး ဒြပ်ထုရဲ့ 75% ခန့်အထိ အာကာသထဲသို့ အမှုန်တွေ ၊ ဓာတ်ငွေ့တွေကို ထုတ်လွှတ်ပါတယ်။

နောက်ဆုံးမှာတော့ စူပါနိုဗာမှ ဖုန်မှုန့်​တွေနှင့် ဓာတ်ငွေ့တွေဟာ ဆွဲငင်အားကြောင့် နက်ဗျူလာ အဖြစ်သို့ ပြောင်းလဲကာ သံသရာကလည်း ဆက်လက် တည်ရှိနေမှာပဲ ဖြစ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *