အညာစာ တစောင်းခါးလေးကြော်စားကြမယ်

Food

တစောင်းခါးဟာ အညာသူ အညာသားတွေအရမ်းကြိုက်နှစ်သက်တဲ့ ဟင်းလျာတစ်ခွက်ပဲဖြစ်ပါတယ်။ တခါစားဖူးရင် ထပ်ခါထပ်ခါစားချင်တာ တစောင်းခါးဟင်းရဲ့ အနှစ်သာရပါ။ အသားဟင်း တစ်ခွက်မှမလိုဘဲ ထမင်းမြိန်ချင်ရင်တော့ တစောင်းခါးဟင်းလေး တစ်ခွက်လောက်တော့ စမ်းပြီး ချက်စားကြည့်သင့်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

၁-တစောင်းခါး (၁၅)ကျပ်သား

၂-ခရမ်းချဉ်သီး (၁)လုံး

၃-ကြက်သွန်နီ (၂)လုံး

၄-ကြက်သွန်ဖြူ (၁)ဥ

၅-ငြုပ်ကြမ်းမှုန့် အနည်းငယ်

၆-မျှင်ငပိ လဘက်စားဇွန်း (၁)ဝက်

၇-ဆား ဆနွင်း ဟင်းခတ်မှုန့် အနည်းငယ်

၈-ဆီ ထမင်းစားဇွန်း (၄)ဇွန်း

၉-ပုဇွန်ခြောက် အနည်းငယ် (မထည့်လဲရပါတယ်။)

ကြော်ချက်နည်း

ပထမဆုံးတစောင်းခါးတွေကို ရေစင်စင်ဆေးပြီး ငြုပ်ကျည်ပွေ့ဖြင့် ထုပါ.ထုထားသောတစောင်းခါးများဆားဖြင့်ဖိနယ်ပေးပါ။ (အခါးရည်ထွက်သွားစေရန် )

ထို့နောက် ဆားနယ်ထားသော တစောင်းခါးများကို ရေစင်အောင်ဆေးပေးပါ။

၁-ဒယ်အိုးပူလာလျှင် ဆီထည့်ပြီး ကြက်သွန်ဖြူနီ ကို ဆနွင်းအနည်းငယ်ထည့် ဆီသပ်ပါ။

၂-ကြက်သွန်ဖြူနီ ဆီသပ်တာမွှေးလာလျှင် ခရမ်းချဉ်သီးထည့်ပါ။

၃-မျှင်ငပိ ဆား ဟင်းခတ်မှုန့် ငြုပ်ကြမ်းမှုန့် ထည့်ပါ။

၄-ခရမ်းချဉ်သီးနွမ်းလာလျှင် ထုထားသော တစောင်းခါးများထည့်ပါ။

၅-ပုဇွန်ခြောက်ထည့်ပြီး ရေအနည်းငယ်ထည့် အဖုံးအုပ်ထားပါ။

၆-ဆီပြန်လာလျှင် ထမင်းမြိန်တဲ့ တစောင်းခါးကြော်လေး ရပါပြီရှင်။

တစောင်းခါးစားပြီးရေသောက်ရင် ဘယ်လိုအရသာလေးရလဲသိချင်ရင် ကြော်စားကြည့်ပါနော်

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *