ခွေးလေး ကြောင်လေးတွေကို ဆေးကျွေးဖို့ အကောင်းဆုံးနည်းလမ်းများ

Knowledge Nature

ရေချိုးချိန်၊ လက်သည်းညှပ်ချိန် နဲ့ ဆေးတိုက်ချိန်တွေဟာ အိမ်မွေးတိရစ္ဆာန်လေးတွေကို မွေးမြူထားတဲ့ ပိုင်ရှင်​တွေအတွက် အကြောက်ဆုံးအလုပ်ဖြစ်နိုင်ပါတယ်။

ဂိမ်းအစီအစဥ်မပါဘဲ ဆေးလုံးတိုက်ကျွေးမယ်ဆိုရင် အကောင်းဆုံး လေ့ကျင့် သင်ကြားထားတဲ့ ခွေးလေးတောင်မှ ကျွန်ုပ်တို့ လက်ထဲမှာ ယက်ကန်ယက်ကန်နှင့် ကုတ်ခြစ်တတ်ကြပါတယ်။

ASPCA ရဲ့ပြောကြားချက်အရ ဆေးကို ခွေး နှင့် ကြောင်​လေးတွေအတွက် ပိုမို ဆွဲဆောင်မှု ရှိစေတဲ့ အရာတစ်ခုခုနှင့် တွဲဆက် ကျွေးမွေးတာဟာ အလုပ်ဖြစ်တယ်ဟု ဆိုပါတယ်။

ခွေးလေးတွေအတွက် နေ့လယ်စာ အသား သို့မဟုတ် ဒိန်ခဲထဲမှာ ဆေးပြားကို ထည့်တာဖြစ်ဖြစ် သို့မဟုတ် အစာ အစိုထဲမှာ သို့မဟုတ် မြေပဲထောပတ် တစ်ဇွန်းအောက်တွင် မြှုပ်နှံပြီး တိုက်ကျွေးမယ်ဆိုရင် သတိမထားမိပဲ လွယ်ကူစွာ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။

ကြောင်လေးတွေဟာ ခွေးလေးတွေထက် ဆေးကျွေးရတာ ပိုခက်ခဲလေ့ရှိသော်လည်း ၎င်းတို့ကို ဆေးသောက်ဖို့ လှည့်စားတဲ့နေရာမှာ အစားအစာကို အသုံးပြုနိုင်လို့ ရပါသေးတယ်။

အလွယ်ဆုံးနည်းလမ်းကတော့ ဆေးပြားကို ၎င်းတို့ရဲ့ပုံမှန်အစာနှင့် ရောစပ်ပြီး ညစာစားချိန်မှာ ကျွေးမွေးလိုက်ဖို့ ဖြစ်ပါတယ်။

အဆင်မပြေဘူးဆိုရင် Pill Pockets ကဲ့သို့ အချို့သော အစာတွေဟာ ဆေးကျွေးဖို့ ရည်ရွယ်ချက်အတွက် အထူးထုတ်လုပ်ထားပြီး အလယ်တွင် အပေါက် တစ်ခုပါရှိပါတယ်။

သို့သော်လည်း အဆိုပါ လှည့်ကွက်တွေဟာ အိမ်မွေးတိရစ္ဆာန်တိုင်းမှာ အလုပ်မဖြစ်ပါဘူး။

အထူးသဖြင့် ခေါင်းမာတဲ့တိရစ္ဆာန်တွေကို ဆေးဝါးတိုက်ကျွေးတဲ့နေရာမှာ ပို​ပြီး တိုက်ရိုက်ကျတဲ့ နည်းလမ်း လိုအပ်မှာ ဖြစ်ပါတယ်။

ခွေးလေးတွေကို ကိုင်တွယ်ထားတာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ ပါးစပ်ပွင့်သွားတဲ့အထိ မေးရိုးအပေါ်ပိုင်းကို လက်ဖြင့် ဟပေးတာပဲ ဖြစ်ဖြစ် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

ထို့နောက်မှာတော့ ပါးစပ်ကိုပိတ်ပြီး ဆေးကို မျိုချအောင် လည်ချောင်းကို ညင်သာစွာ နှိပ်နယ်ပေးဖို့ လိုပါတယ်။

ခွေး သို့မဟုတ် ကြောင်တွေဟာ တစ်ခုခုကို မျိုချပြီးတာနဲ့ ၎င်းတို့ရဲ့ နှာခေါင်း သို့မဟုတ် နှုတ်ခမ်းများကို လျှာဖြင့် လျက်လေ့ရှိကြပါတယ်။

ဆေးလုံးကုန်သွားပြီဟု ထင်သည့်တိုင် အမှန်တကယ်ကျသွားကြောင်း သေချာစေဖို့ ကျွနိုပ်တို့ရဲ့အိမ်မွေး တိရစ္ဆာန်လေးတွေကို မိနစ် အနည်းငယ် ကြာအောင် စောင့်ကြည့်ပေးဖို့လည်း လိုပါတယ်။

ထိုကဲ့သို့ ဆေးတိုက်ကျွေးပြီးတာနဲ့ ကျွန်ုပ်တို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေကို ချီးမြှောက်ခြင်းတွေ၊ ဆုပေးခြင်းတွေ ပြုလုပ်တာဟာ ဆေးသောက်ရတဲ့အခါတိုင်း ၎င်းတို့ကို သာယာပျော်ရွှင်တဲ့ခံစားချက်တွေရအောင် ကူညီပေးမှာ ဖြစ်ပါတယ်။

ကြောင်လေးတွေမှာဆိုရင်တော့ လက်နဲ့ပါးစပ်ကို ဟပြီး ဆေးတိုက်မယ်ဆိုရင် ကျွန်ုပ်တို့ကို ကုတ်ခြစ်ခြင်း သို့မဟုတ်

ကိုက်ခြင်းတွေ ကနေ ကာကွယ်ဖို့ ၎င်းတို့ရဲ့ ပါးစပ်ကို မဖွင့်မီ စောင်တစ်ခုခုနဲ့ ပွေ့ပိုက်ထားဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။

Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.