Hubble Telescope မှ စကြာဝဠာ အတွင်း ထူးခြား ဖြစ်စဉ်ကို ရှာတွေ့နေ

Article Science

နက္ခတ္တဗေဒပညာရှင်များအနေနဲ့ စကြဝဠာကြီးဟာ မည်ကဲ့သို့ ချဲ့ထွင်လာသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

Hubble Space Telescope ကို ဘာအတွက် အသုံးပြုတာလဲ။

Hubble Space Telescope က စကြဝဠာ မည်မျှ လျင်မြန်စွာ ချဲ့ထွင်နေသလဲ ဆိုတာကို သိရှိဖို့အတွက် ဖြစ်ပါတယ်။

ယခုဆိုရင် ၎င်းရဲ့ လုပ်ဆောင်ချက်တွေဟာ မှတ်တိုင်သစ် တစ်ခုသို့ ရောက်ရှိ လာခဲ့ပြီဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ စကြာဝဠာ တွင် ထူးဆန်းသည့် တစ်စုံတစ်ရာ ဖြစ်ပျက်နေသည် ဟူသော အယူအဆကို ပြသနေတယ်ဟု Nasa ကဆိုပါတယ်။

မကြာသေးမီနှစ်များအတွင်း၊ နက္ခတ္တဗေဒပညာရှင်တွေဟာ ကျွန်ုပ်တို့ရဲ့စကြဝဠာ မည်မျှလျင်မြန်စွာ ကျယ်ပြန့်လာနေသလဲဆိုတာကို အတိအကျနားလည်စေဖို့အတွက် Hubble ကဲ့သို့သော တယ်လီစကုပ်များကို အသုံးပြုခဲ့ကြပါတယ်။

ဒါပေမယ့် အဲဒီအတိုင်းအတာတွေက ပိုတိကျလာတာနဲ့အမျှ ထူးဆန်းတဲ့အရာတစ်ခုကိုလည်း ပြသလာခဲ့ပါတယ်။

Big Bang ခေါ် မဟာပေါက်ကွဲမှုကြီး ပြီးနောက် စူးစမ်းလေ့လာမှုများနှင့် နှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့ စကြဝဠာကြီး၏ ချဲ့ထွင်မှု နှုန်းအကြား အဓိက ကွာခြားချက် ရှိလာတာကို တွေ့ရှိခဲ့ရပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ထိုကွဲလွဲမှုကို မရှင်းပြနိုင်သေးပါဘူး။ သို့သော်လည်း ကျွန်ုပ်တို့ရဲ့စကြာဝဠာတွင် “ထူးဆန်းသောအရာတစ်ခု” ရှိနေပြီး ၎င်းဟာ မသိရသေးသော ရူပဗေဒရလဒ် အသစ်ဖြစ်နိုင်ကြောင်း Nasa ကဆိုပါတယ်။

လွန်ခဲ့သော အနှစ် 30 အတွင်း၊ Hubble ဟာ ကျွန်ုပ်တို့နှင့်ဝေးကွာနေတဲ့ စကြဝဠာရဲ့ ချဲ့ထွင်မှုနှုန်းကို ခြေရာခံဖို့ အချက် အ လက်များကို စုဆောင်းနေခဲ့တာပဲ ဖြစ်ပါတယ်။

“ယခုဆိုရင် ကျွန်ုပ်တို့အနေနဲ့ စကြဝဠာအတွက် ချဲ့ထွင်မှုနှုန်းကို အတိကျဆုံး တိုင်းတာနိုင်တဲ့ တယ်လီစကုပ်တွေနဲ့ စကြဝဠာမိုင်အကွာအဝေးရဲ့စံနှုန်းတွေကို ရနေပါပြီ” ဟု အာကာသကြည့်မှန်ပြောင်းသိပ္ပံဋ္ဌာန (STScI) မှ နိုဘယ်ဆုရှင် Adam Riess က ပြောကြားခဲ့ပါတယ်။

သူဟာ Hubble Space Telescope မှ နောက်ဆုံးထွက်ရှိထားသော ဒေတာများကို ခွဲခြမ်းစိတ်ဖြာကာ အကြီးမားဆုံးနှင့် အ သေးစိတ်ဖော်ပြသည့် စာတမ်းအသစ်ကို ထုတ်ဝေခဲ့သည့် သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

ယခင်မိုင်အကွာအဝေးများကို နှစ်ဆတိုးစေကာ လက်ရှိ ထွက်ရှိနေသည့် အချက်အလက်များကိုလည်း ပြန်လည် ခွဲခြမ်းစိတ် ဖြာခဲ့တယ်ဟု ဆိုပါတယ်။

ကျွန်ုပ်တို့ရဲ့အပြင်ဘက်ရှိ နဂါးငွေ့တန်းတွေဟာ ကျွန်ုပ်တို့နှင့်ဝေးကွာနေပုံရပြီး အာကာသအတွင်း မည်မျှလျင်မြန်စွာ ကျယ် ပြန့်လာသနည်း ဟူသည့် တိကျသောတိုင်းတာမှုကို ရှာဖွေခြင်းဟာ ကျွန်ုပ်တို့နှင့် ဝေးလေလေ ပိုမြန်လေဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ ထိုချဲ့ထွင်မှုအကြောင်းကို ပိုမိုကောင်းမွန်စွာ နားလည်ဖို့ လေ့လာရှာဖွေမှုတွေကို ဆက်လက် လုပ် ဆောင်နေကြပါတယ်။

ချဲ့ထွင်မှုနှုန်းနှင့် ၎င်းကို စူးစမ်းလေ့လာနေသည့် အာကာသကြည့်မှန်ပြောင်း နှစ်ခုစလုံးကို နက္ခတ္တဗေဒပညာရှင်ရဲ့ လက်ရာအတွက် ဂုဏ်ပြုသောအားဖြင့် Hubble ဟု အမည်ပေးထားခြင်းဖြစ်ပါတယ်။

အာကာသကြည့်မှန်ပြောင်းတွေဟာ စကြဝဠာရဲ့ ချဲ့ထွင်မှုဆိုင်ရာ အချက်အလက်များကို စတင်စုဆောင်းတဲ့အခါတွေမှာ မော်ဒယ်အသစ်တွေက ခန့်မှန်းထားတာထက် ပိုမိုမြန်ဆန်လာခဲ့ပါတယ်။

နဂါးငွေ့တန်း ဂလက်စီ၏ အမြန်နှုန်းကို တိုင်းတာဖို့အသုံးပြုသည့် ဘုံအလျင်ယူနစ်မှာ ကီလိုမီတာ/စက္ကန့်ဖြစ်ပြီး၊ အနီးနားရှိ ဂလက်စီ အကွာအဝေးကို တိုင်းတာဖို့အတွက် အသုံးအများဆုံး ယူနစ် ကို Megaparsec (Mpc) ဟုခေါ်ပြီး အလင်းနှစ် 3.26 သန်းနှင့် ညီမျှပါတယ်။

ဒါ့ကြောင့် နက္ခတ္တဗေဒပညာရှင်များက Hubble ကိန်းသေယူနစ်ကို (km/sec)/Mpc နဲ့သတ်မှတ်ပါတယ်။ Hubble Space Telescope ကို ယခင်က 67.5 (km/sec)/Mpc ရှိတယ်ဟု ခန့်မှန်းထားသော်လည်း လေ့လာတွေ့ရှိချက်များအရ 73 (km/sec)/Mpc ဝန်းကျင်ရှိတယ်ဟု ဆိုပါတယ်။

စကြဝဠာရဲ့ဆင့်ကဲဖြစ်စဉ်နှင့် ချဲ့ထွင်မှု​တွေဟာ ကျွန်ုပ်တို့နားလည်ထားတာထက် ပိုမိုရှုပ်ထွေးကြောင်းနှင့် စကြာဝဠာကြီး မည်သို့ပြောင်းလဲနေသည်နှင့် ပတ်သက်၍ လေ့လာဖို့ ပိုမိုများပြားကြောင်း နက္ခတ္တဗေဒပညာရှင်များက ဆိုပါတယ်။

မကြာသေးမီက အာကာသသို့လွှတ်တင်ခဲ့သည့် James Webb Space Telescope အသစ်ဖြင့် အဆိုပါအခက်အခဲကို ပိုမိုနက်ရှိုင်းစွာ ဖော်ထုတ်နိုင်မည်ဟု နက္ခတ္တဗေဒပညာရှင်များက မျှော်လင့်နေကြပါတယ်။

၎င်းဟာ ကျွန်ုပ်တို့ကို ပိုမိုကောင်းမွန်သော ကြည်လင်ပြတ်သားမှုရှိတဲ့ အကြောင်းအရာ အသစ်များကို မြင်နိုင်စေမှာ ဖြစ်တယ်ဟု ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *