အာကာသထဲမှာ အကာအကွယ်မဲ့ လူ့ခန္ဓာကိုယ်က ဘာဖြစ်သွားနိုင်မလဲ

Article Science

လူ့ခန္ဓာကိုယ်က လေမရှိ ၊ ဖိအား သုည နီးပါးဆိုရင် အကာအကွယ် ပုံစံ တစ်မျိုးမျိုး မရှိပဲ ကြာရှည် ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။

ဒါပေမယ့် အတိအကျ ဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။

အာကာသအတွင်းနှင့် စမ်းသပ်ခန်းတွေရဲ့ မတော်တဆမှုများနှင့် ၁၉၆၀ ခုနှစ်တွေတုန်းက တိရိစ္ဆာန် စမ်းသပ်မှုများမှ တဆင့် ရှာဖွေတွေ့ရှိခဲ့သည့်အတိုင်း လူသိနည်းပြီး စိတ်ဝင်စားဖွယ် ကောင်းစရာတွေ အကြောင်းအရာတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

ပထမဆုံး သတိထားမိတာက လေဝင်လေထွက်မရှိခြင်းပါပဲ။

ဒီလိုအခြေအနေမှာဆိုရင် ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်မှ ကျန်ရှိသော အောက်ဆီဂျင် သိုလှောင်မှုကို သွေးလမ်းကြောင်းမှ သုံးစွဲခြင်းကြောင့် ၁၅ စက္ကန့်အထိသာ ခံနိုင်ရည်ရှိနိုင်ပြီး အသက်ရှုမရပ်ပါက နှစ်မိနစ်ကြာအောင် ရှင်သန်နိုင်ပါတယ်။

အသက်ရှုမဝဖြစ်ပါက အဆုတ်အတွင်းရှိ ဓာတ်ငွေ့များ ကျယ်လာကာ အဆုတ်ကို ကွဲအက်သွားစေတာကြောင့် သွေး လည် ပတ် မှု စနစ်သို့ လေများ ထုတ်လွှတ်သွားမှာ ဖြစ်ပါတယ်။

၁၀ စက္ကန့်ခန့် ကြာပြီးနောက်၊ လေထုဖိအား မရှိချိန်တွင် ကျွန်ုပ်တို့ ခန္ဓာကိုယ် အတွင်းရှိ ရေများက အငွေ့ပျံ လာတာနှင့် အမျှ အရေပြားနှင့် အောက်ခံတစ်ရှူးများ ဖောင်းလာမှာ ဖြစ်ပါတယ်။

အကယ်၍ လေထုဖိအားသို့ ပြန်ရောက်သွားပါက ကျွန်ုပ်တို့ရဲ့အရေပြားနှင့် တစ်ရှူးများက ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

Illustration

ကျွန်ုပ်တို့ရဲ့ သွေးလည်ပတ်မှုစနစ်က သွေးဖိအားကို ထိန်းညှိပေးနိုင်တဲ့ အတွက်ကြောင့် သွေးကိုလည်း ထိခိုက်စေမှာ မဟုတ်ပါဘူး။

၁၉၆၆ ခုနှစ်တွင် စမ်းသပ်ခန်းအတွင်း လေဟာနယ်နှင့် ထိတွေ့ခဲ့ရသည့် Jim LeBlanc ရဲ့ အစီရင်ခံချက် အရ ကျွန်ုပ်တို့ရဲ့လျှာပေါ်ရှိ အစိုဓာတ်က စတင် ဆူပွက်လာပြီး ဝတ်စုံကလည်း စိမ့်ပေါက်လာတာကြောင့် ၁၄ စက္ကန့်ခန့် သတိလစ် နေခဲ့တယ်ဟု ဆိုပါတယ်။

နောက်ဆုံး ခံစားမှုကလည်း လျှာပေါ်တွင် ပွက်ပွက်ဆူနေပြီး ၁၅ စက္ကန့်ခန့်အကြာမှာ ချက်ခြင်း ကုသမှုတွေ လုပ်ခဲ့တာ ကြောင့် ဘေးကင်းစွာ ပြန်လည် အသက်ဝင် လာခဲ့တယ်ဟု ဆိုပါတယ်။

ကျွန်ုပ်တို့အနေနဲ့ မစစ်ထုတ်ရသေးတဲ့ စကြ၀ဠာရောင်ခြည်နှင့် ထိတွေ့ရမည်ဆိုရင် ဆိုးရွားသော နေလောင်ခြင်းအချို့ကို ခံစားရနိုင်သည့်အပြင် စိတ်ဖိစီးမှုဝေဒနာကို ခံစားရနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အလွန်အေးသော အပူချိန်ရှိသော်လည်း ချက်ချင်းတော့ အေးခဲမှာ မဟုတ်ပါဘူး။

အကယ်၍ ကျွန်ုပ်တို့အနေနဲ့ အာကာသထဲမှာ အသက်ဆုံးရှုံးသွားမယ်ဆိုရင် အောက်ဆီဂျင်မရှိတဲ့အတွက်ကြောင့် ခန္ဓာကိုယ်က ကမ္ဘာပေါ်မှာလို ပုံမှန် ပုံစံအတိုင်း ပြိုကွဲ ဆွေးမြေ့သွားမှာ မဟုတ်ပါဘူး။

ကျွန်ုပ်တို့က အပူရဲ့အရင်းမြစ်အနီးတွင် ရှိနေပါက၊ အေးခဲသွားမှာ သေချာပါတယ်။

ခန္ဓာကိုယ်ကို အာကာသဝတ်စုံဖြင့် အလုံပိတ်ထားမယ်ဆိုရင်တော့ အောက်ဆီဂျင်ကျန်နေသမျှ ကာလပတ်လုံးသာ ပျက်စီးသွားမှာ ဖြစ်ပါတယ်။

အာကာသထဲမှာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က ရာသီဥတုဒဏ်နှင့် ပျက်စီးယိုယွင်းမှုကို သက်သာစေတာကြောင့် လေမပါဘဲ အ လွန် ကြာရှည်စွာ တည်တံ့နေမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က နှစ်သန်းပေါင်းများစွာကြာအောင် ကျယ်ပြောလှတဲ့ အာကာသထဲမှာ လွင့်မျော နေမှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com