စတော်ဘယ်ရီသီးတွေက အနံ့မရှိပေမဲ့ စတော်ဘယ်ရီလို အနံ့တစ်ခုခုရတယ်ဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိကြတာလဲ။
သုတေသနအသစ်အရ အရသာနှင့် အနံ့တွေဟာ ယခင်က ထင်ထားတာထက် များစွာ ရောယှက်နေကြောင်း တွေ့ခဲ့ရပါတယ်။
Monell Center မှ သုတေသီအဖွဲ့တစ်ဖွဲ့ဟာ ကျွန်ုပ်တို့ရဲ့လျှာမှာရှိတဲ့ အရသာဆဲလ်တွေအတွင်းမှာဆိုရင် နှာခေါင်းအတွင်းရှိ အနံ့အသက်များကို ထောက်လှမ်းနိုင်တဲ့ အာရုံခံတွေကဲ့သို့ လုပ်ဆောင် နိုင်စွမ်းရှိတဲ့ အနံ့ခံ အာရုံခံတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ပါတယ်။
လေ့လာ တွေ့ရှိချက်များအရ အနံ့နှင့်အရသာအကြား အပြန်အလှန် အကျိုးသက်ရောက်မှုဟာ လျှာတွေမှာလည်း စတင်တယ်ဟု ဆိုပါတယ်။
စတော်ဘယ်ရီအနံ့
“ကျွန်ုပ်တို့ရဲ့ သုတေသနပြုချက်က အနံ့မော်လီကျူးတွေက အရသာခံယူမှုကို ဘယ်လို ပြောင်းလဲစေတာကို ရှင်းပြနိုင်ခဲ့တယ်” ဟု Monell မှ ဆဲလ်ဇီဝဗေဒပညာရှင် Mehmet Hakan Ozdener က ဆိုပါတယ်။

စတော်ဘယ်ရီကို ရှူမိတဲ့အခါ စတော်ဘယ်ရီသီးတွေ သူတို့ကိုယ်သူတို့ အနံ့မရှိပေမဲ့ စတော်ဘယ်ရီလို အနံ့တစ်ခုခုရတယ်ဆိုတာ ကျွန်ုပ်တို့သိရှိအောင် လျှာက အနံ့အရသာဖန်တီးရာမှာ ကူညီပေးတယ်ဟု ဆိုပါတယ်။
လျှာပေါ်ရှိ အရသာအာရုံခံတွေဟာ ချို၊ ငန်၊ ချဉ်၊ ခါး၊ နှင့် စပ်ကဲ့သို့သော မော်လီကျူးများတွေကို လုပ်ဆောင်ပေးပါတယ်။
ကျွန်ုပ်တို့စားသုံးနေတဲ့အရာက အရသာ အာဟာရဘယ်လောက်ရှိသလဲဆိုတာကို ကျွန်ုပ်တို့ရဲ့ဦးနှောက်က လျင်မြန်စွာ တုံ့ ပြန်ပေးပါတယ်။
သို့သော် အနံ့ကလည်း သရေစာတွေအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
သစ်တော်သီးနဲ့ ပန်းသီးတစ်လုံးရဲ့ အရသာဟာ အစာစားရင်း နှာခေါင်းကို ကိုင်ထားရင် တော်တော်လေး တူပါတယ်။
တစ်ခုခု စားတဲ့အခါ ဦးနှောက်က လုပ်တဲ့အရာက အရသာနဲ့ အနံ့ကို ပေါင်းစပ်ပြီး အရသာအဖြစ် ခံစားတဲ့အရာကို ဖန်တီးဖို့ တခြားအာရုံတွေရဲ့ အချက်အလက်တွေကို ပေါင်းစပ်တာ ဖြစ်ပါတယ်။
အရသာနှင့် အနံ့မှ သတင်းအချက်အလက်တွေကို ဦးနှောက်သို့ မရောက်မချင်း သီးခြားရှိနေတယ်ဟု သာမန်အားဖြင့် ခံယူထားကြတာပါ။

ဒါ့ကြောင့် Monell မှ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ Ozdener ဟာ သက်ရှိလူသားတွေရဲ့ အရသာဆဲလ်တွေကို အသေးစိပ် လေ့လာခဲ့ကြပါတယ်။
သုတေသီအဖွဲ့ဟာ လူ့လျှာမှာရှိတဲ့ ဆဲလ်တွေကိုစမ်းသပ်စစ်ဆေးကာ လူ့အနံ့ခံ receptors တွေမှာ ပါရှိတဲ့မော်လီကျူးများစွာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ထို့နောက်၊ ၎င်းတို့ဟာ အနံ့ခံဆဲလ်များကဲ့သို့ အနံ့မော်လီကျူးများကို တုံ့ပြန်ကြောင်းပြသဖို့ ကယ်လ်စီယမ်ပုံရိပ်ကို အသုံးပြုခဲ့ကြပါတယ်။
စုစည်းထားတဲ့ အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့အရသာခံစနစ်တွေမှာ အနံ့ခံပစ္စည်းလက်ခံတဲ့အရာတွေကို ညွှန်ပြနေပါတယ်။
ဒါဟာ လျှာပေါ်ရှိ အရသာခံတွေ နှင့် အပြန်အလှန် တုံ့ပြန်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

Monell မှ သိပ္ပံပညာရှင်တွေရဲ့ အခြားစမ်းသပ်ချက်တွေအရ အရသာ ဆဲလ်တစ်ခုစီမှာ လက်ရှိတွေ့ရှိချက်များကို ပံ့ပိုးပေးတဲ့ အရသာနှင့် အနံ့ခံဓာတ်များ နှစ်မျိုးလုံးပါဝင်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
Ozdener က “တူညီတဲ့ဆဲလ်ထဲမှာ အနံ့ခံအာရုံခံနဲ့ အရသာခံအာရုံခံတွေရှိနေခြင်းဟာ ကျွန်တော်တို့ကို လျှာပေါ်ရှိ အနံ့နဲ့ အရသာလှုံ့ဆော်မှုကြား အပြန်အလှန်သက်ရောက်မှုတွေကို လေ့လာဖို့ စိတ်လှုပ်ရှားစရာကောင်းတဲ့အခွင့်အရေးတွေပေးနေတယ်” ဟု ဆိုပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။