ကယ်လီဖိုးနီးယား အမျိုးသားစောင့်ရှောက်ရေးတပ်မှ Humvee တစ်စီး သောကြာနေ့တွင် ခိုးယူခံရသောကြောင့် FBI မှ လူထုအကူအညီကိုပါ တောင်းခံနေရပါတယ်။ အာဏာပိုင်တွေရဲ့အဆိုအရ ဒီ humvee စစ်ဘက်ဆိုင်ရာကားဟာ ဘဲလ်မြို့ရှိ အမှတ် ၄၀ အမျိုးသားစောင့်ရှောက်ရေးတပ်ရင်းရှိ လက်နက်တိုက်မှ ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။
ဒေါ်လာ တစ်သိန်း၂သောင်းလောက်တန်တဲ့ ဒီကားအတွက် ရှာဖွေတွေ့ရှိပါက ဆုငွေ ဒေါ်လာ ၁ သောင်းအထိ ထုတ်ထားပြီး ဒီလို စစ်ဘက်ဆိုင်ရာကားမျိုးကို ခိုးယူမှုဟာ ထောင် ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ် ခံရနိုင်ပါတယ်။ လွန်ခဲ့သော ရက်များကဖြစ်ပွားခဲ့တဲ့ လက်ယာယိမ်းအစွန်းရောက်များ အမေရိကန် ပါလီမန်အဆောက်အအုံကို တိုက်ခိုက်ပြီးနောက် အခြားဖြစ်နိုင်ချေရှိသော တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ကောလာဟလများ ပျံ့နှံ့နေပြီး ထိုကဲ့သို့သော ယာဉ် ခိုးယူမှုအကြောင်းကို လူမှုကွန်ယက်ပေါ်မှာ အာရုံစိုက်လာကြပါတယ်။
နိုဝင်ဘာလကလည်း လူတစ်ယောက်ဟာ Upland မှာရှိတဲ့ ကြည်းတပ်ထိန်းသိမ်းရေးစင်တာမှ ဒေါ်လာ ၂ သိန်းကျော်တန်သည့် Humvee တစ်စီးကို အလားတူ ခိုးယူခဲ့ပြီး လမ်းတွေပေါ်မှာ မောင်းနှင်ထွက်ပြေးဖူးပါတယ်။ လွန်ခဲ့တဲ့ သောကြာနေ့ကလည်း ပါလီမန်အဆောက်အအုံအနီးရှိ လုံခြုံရေးဂိတ်သို့ ဗာဂျီးနီးယားပြည်နယ်ဘက်မှ လူတစ်ယောက် ဝင်ရောက်ရန်ကြိုးစားမှုကြောင့် ဖမ်းဆီးရာမှာ လက်နက်ခဲယမ်းများတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
ယခုပျောက်ဆုံးသွားတဲ့ Humvee နှင့်ပတ်သက်ပြီး အပူတပြင်းရှာဖွေနေပြီး သမ္မတသစ် ဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုမည့် ၂၀ ရက်နေ့တွင် ဆူပူမှုများ ဖြစ်ပေါ်မှာကို စိုးရိမ်နေကြပါတယ်။ လက်ရှိမှာတော့ သမ္မတအသစ်ကိစ္စနှင့် နိုင်ငံတဝှမ်း မြို့တော်အပါအဝင် တခြားမြို့တော်တော်များများမှာ တင်းမာမှုတွေမြင့်တက်နေပါတယ်။
ကိုးကား။ ။ လော့အိန်ဂျယ်လိ သတင်းစာ

ကယ္လီဖိုးနီးယား အမ်ိဳးသားေစာင့္ေရွာက္ေရးတပ္မွ Humvee တစ္စီး ေသာၾကာေန႔တြင္ ခိုးယူခံရေသာေၾကာင့္ FBI မွ လူထုအကူအညီကိုပါ ေတာင္းခံေနရပါတယ္။ အာဏာပိုင္ေတြရဲ႕အဆိုအရ ဒီ humvee စစ္ဘက္ဆိုင္ရာကားဟာ ဘဲလ္ၿမိဳ႕ရွိ အမွတ္ ၄၀ အမ်ိဳးသားေစာင့္ေရွာက္ေရးတပ္ရင္းရွိ လက္နက္တိုက္မွ ခိုးယူခံခဲ့ရတာျဖစ္ပါတယ္။
ေဒၚလာ တစ္သိန္း၂ေသာင္းေလာက္တန္တဲ့ ဒီကားအတြက္ ရွာေဖြေတြ႕ရွိပါက ဆုေငြ ေဒၚလာ ၁ ေသာင္းအထိ ထုတ္ထားၿပီး ဒီလို စစ္ဘက္ဆိုင္ရာကားမ်ိဳးကို ခိုးယူမႈဟာ ေထာင္ ၁၀ ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ ခံရႏိုင္ပါတယ္။ လြန္ခဲ့ေသာ ရက္မ်ားကျဖစ္ပြားခဲ့တဲ့ လက္ယာယိမ္းအစြန္းေရာက္မ်ား အေမရိကန္ ပါလီမန္အေဆာက္အအုံကို တိုက္ခိုက္ၿပီးေနာက္ အျခားျဖစ္ႏိုင္ေခ်ရွိေသာ တိုက္ခိုက္မႈမ်ားႏွင့္ ပတ္သက္၍ ေကာလာဟလမ်ား ပ်ံ႕ႏွံ႔ေနၿပီး ထိုကဲ့သို႔ေသာ ယာဥ္ ခိုးယူမႈအေၾကာင္းကို လူမႈကြန္ယက္ေပၚမွာ အာ႐ုံစိုက္လာၾကပါတယ္။ ႏိုဝင္ဘာလကလည္း လူတစ္ေယာက္ဟာ Upland မွာရွိတဲ့ ၾကည္းတပ္ထိန္းသိမ္းေရးစင္တာမွ ေဒၚလာ ၂ သိန္းေက်ာ္တန္သည့္ Humvee တစ္စီးကို အလားတူ ခိုးယူခဲ့ၿပီး လမ္းေတြေပၚမွာ ေမာင္းႏွင္ထြက္ေျပးဖူးပါတယ္။
လြန္ခဲ့တဲ့ ေသာၾကာေန႔ကလည္း ပါလီမန္အေဆာက္အအုံအနီးရွိ လုံၿခဳံေရးဂိတ္သို႔ ဗာဂ်ီးနီးယားျပည္နယ္ဘက္မွ လူတစ္ေယာက္ ဝင္ေရာက္ရန္ႀကိဳးစားမႈေၾကာင့္ ဖန္းဆီးရာမွာ လက္နက္ခဲယမ္းမ်ားေတြ႕ရွိခဲ့တယ္လို႔သိရပါတယ္။ ယခုေပ်ာက္ဆုံးသြားတဲ့ Humvee ႏွင့္ပတ္သက္ၿပီး အပူတျပင္းရွာေဖြေနၿပီး ဘိုင္ဒန္ က်မ္းသစၥာက်ိန္ဆိုမည့္ ၂၀ ရက္ေန႔တြင္ ဆူပူမႈမ်ား ျဖစ္ေပၚမွာကို စိုးရိမ္ေနၾကပါတယ္။ လက္ရွိမွာေတာ့ သမၼတအသစ္ကိစၥႏွင့္ ႏိုင္ငံတဝွမ္း ၿမိဳ႕ေတာ္အပါအဝင္ တျခားၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ တင္းမာမႈေတြျမင့္တက္ေနပါတယ္။
ကိုးကား ။ ။ ေလာ့အိန္ဂ်ယ္လိ သတင္းစာ