အင်ဂျင်နီယာများ၏ အမျှော်အမြင်ရှိမှုကြောင့် နယူးအော်ရီလန်းကို ဟာရီကိန်းမုန်တိုင်းမှ ကယ်တင်နိုင်ခဲ့

News Tech

ဒါတွေအားလုံးဟာ ၂၀၀၅ ခုနှစ်တွင် တည်ဆောက်ရန် အမိန့်ပေးခဲ့တဲ့ ရေကာတာ ကာကွယ်ရေးကွန်ယက်ရဲ့ ကျေးဇူးကြောင့် ဖြစ်နိုင်ပါတယ်။

အမေရိကန် နယူးအော်ရီလန်းရှိ တာပေါင်ရိုးကြီးဟာ အဆင့်မြှင့်တင်မှုများ ပြုလုပ်အပြီးမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံ လောက်အထိ ကုန်ကျ ခဲ့ ပါတယ်။

ပုံမှန်အားဖြင့် ဆောက်လုပ်ရေး စီမံကိန်း တစ်ခုတွင် အင်ဂျင်နီယာများက ဒီ စီမံကိန်းဟာ ၎င်းရဲ့ ခံနိုင်တဲ့ သက်တမ်းထက် ကျော်လွန် လိမ့်မယ်လို့ ခန့်မှန်း ပြောဆိုလေ့ ရှိပါတယ်။

ဒီလို ခန့်မှန်းမှုတွေဟာ အများအားဖြင့် သဘာဝအရ ရှေးရိုးဆန်ပြီး ပုံမှန် ဘာမှ မဖြစ်တဲ့ အခြေအနေတွေမှာ အလုပ်ဖြစ်ပါတယ်။

ပေ ၁ သောင်းရှည်ပြီး အမြင့် ၂၆ ပေရှိသည့် အတားအဆီး တည်ဆောက်နေစဉ် Photo courtesy USACE

သို့ရာတွင် ရာသီဥတု အပြောင်းအလဲ မြန်ဆန်သဖြင့် အနာဂတ်တွင် ဘယ်လိုဖြစ်လာမယ်ဆိုတာကို ခန့်မှန်းရန်ခက်ခဲပါတယ်။

ထို့ကြောင့် တွက်ချက်မှုတွေက ပုံမှန်ထက် ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်လာ ပါတယ်။

ဒီလိုမျိုး ပိုမိုတွက်ချက်ဖို့ လိုအပ်တဲ့အကြောင်းကို ဟာရီကိန်းမုန်တိုင်း Ida မှ ဒေသခံတွေကို ကယ်တင် နိုင်ခဲ့တဲ့ နယူးအော်ရီလန်း ရှိ အင်ဂျင် နီယာတွေ ပြုလုပ်ခဲ့တဲ့ ရေကာတာစနစ် အ သစ် တည်ဆောက်မှုတုန်းက တွက်ချက်မှု အကြောင်းဖြင့် Time မဂ္ဂဇင်း က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဟာရီကိန်းမုန်တိုင်း Ida သည် Category 4 ဟာရီကိန်း မုန်တိုင်းတခုဖြစ်ပြီး အမေရိကန် အရှေ့မြောက်ပိုင်းကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။

လေတိုက်နှုန်း တနာရီလျှင် ၁၅၅ မိုင်နှုန်းလောက်ဖြင့် တိုက်ခတ်ခဲ့သဖြင့် နာဂစ် မုန်တိုင်းထက်ကို ပြင်းထန်ခဲ့ပါတယ်။

နယူးယောက်မြို့ ပြည်နယ်ခြောက်ခုတွင် လူဦးရေ ၄၅ ဦး ဆုံးရှုံးခဲ့ရပြီး တစ်နာရီအတွင်း မိုးရေချိန် ၃.၁၅ လက်မ (၈ စင်တီမီတာ) ရှိတယ်လို့ BBC ရဲ့ အစီအရင်ခံစာအရ သိရပါတယ်။

လူရာပေါင်းများစွာကို ရေကြီးနေတဲ့ မြေအောက်ခန်းတွေ၊ မြေအောက်ရထား လမ်းကြောင်းစနစ်တွေနဲ့ ရေကြီးနေတဲ့လမ်းမတွေ ကနေ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

မုန်တိုင်းရဲ့ အရှိန်အဟုန်က ပိုမိုပြင်းထန်လာသဖြင့် နယူးအော်ရီလန်းမြို့တွင် မဖြစ်မနေ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

David Gilkey/NPR

သို့သော် ၂၀၀၅ ခုနှစ်တွင် Katrina ဟာရီကိန်းမုန်တိုင်း ကြောင့် ဆိုးဆိုးရွားရွားထိခိုက်ခဲ့တဲ့ နယူးအော်ရီလန်း မြို့ဟာ ယခုအချိန်ထိ အသေ အပျောက် သတင်း မကြားရသေးဘဲနဲ့ ရေကာတာစနစ်အသစ် တည်ဆောက်ရာတွင် အင်ဂျင်နီယာတွေရဲ့ ပိုပိုသာသာ ခန့်မှန်း တွက်ချက်မှုတွေက ဒီအတွက် အထောက်အကူ ဖြစ်စေပုံရပါတယ်။

Time မဂ္ဂဇင်း ၏ အစီရင်ခံစာ တစ်ခုအရ အမေရိကန် အင်ဂျင်နီယာ တပ်ဖွဲ့တွေက မြို့များတွင် ရေလွှမ်းမိုးမှု ကာကွယ်ရေးအတွက် ပန့်များ၊ တာတ မံများနဲ့ ရေထိန်းနံရံများ ဆောက်လုပ်ရေးမှာ ပါဝင်ခဲ့ပါတယ်။

ဆောက်လုပ်ရေး စီမံကိန်းအများစုကဲ့သို့ ဒီ ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ စီမံကိန်းဟာ တစ်သက်မှာ တစ်ခါဖြစ်ခဲတဲ့ အဖြစ်အပျက်တွေကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။

သမိုင်း အချက်အလက်များလေ့လာခြင်းနဲ့ ဖြစ်ခဲ့ဖူးတဲ့ ဟာရီကိန်းကဲ့သို့ အဖြစ်အပျက်တစ်ခုရဲ့ ဖြစ်နိုင်ခြေကို တွက်ချက်ပြီးရင်း တွက်ချက်ခြင်းဖြင့် အဲ့ဒါကို ခန့်မှန်းခဲ့ပါတယ်။

Credit: Nola

သို့သော်လည်း ပြောင်းလဲလာတဲ့ ရာသီဥတုကြောင့် စီမံကိန်းများမှ အင်ဂျင်နီယာတွေက လက်ရှိ တည်ဆောက်နေတဲ့ ပုံစံဟာ ရာသီဥတု ဒဏ် ကို ကြာရှည်စွာ ကောင်းကောင်းထိန်းထားနိုင် မှာ မဟုတ်​တာကို သဘောပေါက်ခဲ့ကြပါတယ်။

လေ့လာတွေ့ရှိချက်များအရ ဒီလို ရှားပါးဖြစ်ရပ်တွေဟာ နောက်ပိုင်းမှာ နှစ်စဉ် ဖြစ်တတ်တဲ့ အဖြစ်အပျက် များပင် ဖြစ်သွားနိုင်ပါတယ်။

ထို့ကြောင့် သူတို့က အစွန်းရောက် ဖြစ်ရပ်တွေကို ခံနိုင်ရည်ရှိတဲ့ စနစ်တစ်ခုကို ဒီဇိုင်းဆွဲရန် သူတို့ရဲ့ပုံစံတွေနဲ့ ပါဝင်နေတဲ့ အချက်အလက်တွေကို ထပ်မံဖြည့်စွက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

ဥပဒေပြုအမတ်တွေက နောက်ထပ် ဘေးဆိုးတစ်ခုထပ်ဖြစ်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးသည်အထိ ကာကွယ်နိုင်ဖို့ အဆောက်အဦးတွေ တည်ဆောက်ရန် ဘတ်ဂျက် ခွဲဝေပေးမှာ မဟုတ်​တာကို နားလည်သဘောပေါက်တဲ့ အင်ဂျင်နီယာအဖွဲ့ဟာ အန္တရာယ်တွေအတွက် ပိုပို သာ သာ ခန့်မှန်းခဲ့ပြီး အဆိုးဆုံး ရာသီဥတု အခြေအနေများတွင် စနစ်မှ အကာအကွယ် ပေးထားတာကို သေချာစေရန် ဖြစ်နိုင်တဲ့ အလားအလာများကို ၂ ဆအထိ တွက်ချက်ခဲ့ပါတယ်။

နယ်သာလန်နိုင်ငံ၏ မုန်တိုင်းမှ ဖြစ်လာနိုင်သည့် လှိုင်းများအား တားဆီးနိုင်မည့် အတားအဆီး Credit: CBS

နောက်ဆုံး ရလဒ်အနေဖြင့် အရှေ့မြောက်ပိုင်းရှိ မြို့တွေ ရေကြီးနေစဉ် နယူးအော်ရီလန်းရှိ စနစ်တွေက ၎င်းတို့ရဲ့ မြေပြင် ရေလွှမ်းမိုးမှု ရန်မှ ထိန်းသိမ်း ထားနိုင်ခဲ့တာပဲ ဖြစ် ပါတယ်။

သမ္မတဘိုင်ဒန်က ပိုကောင်းတဲ့ စနစ်တွေ တည်ဆောက်ဖို့ သမိုင်းဝင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကြည့်ရှုနေတာကြောင့် နှစ်ပေါင်း ၁၀၀၀၀ မှာ တစ်ကြိမ် ဖြစ်နိုင်သည့် အဖြစ်အပျက်ကို နယ်သာလန် နိုင်ငံမှ ပင်လယ်လှိုင်းများကို ကာကွယ်ထားသည့် စနစ်ကဲ့သို့ စီမံကိန်း အကြီးကြီးဖြင့် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ – Lily (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *