အများအားဖြင့် ယနေ့ခေတ်မှာတော့ ကမ္ဘာမြေကို စိမ်းလန်းစိုပြေဖို့အတွက် ဓာတ်ငွေ့ကို အခြေခံပြီး လောင်စာဆီ လျှော့သုံးပေးတဲ့ မျိုးဆက်သစ်ကားတွေရဲ့ ဆန်းသစ်ပြောင်မြောက်တဲ့ ဒီဇိုင်းများကို ကျွန်ုပ်တို့ အသုံးပြုဖို့ စဥ်းစားလာကြပြီပဲ ဖြစ်ပါတယ်။
သို့ပေမဲ့လည်း ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မှု နှင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုတွေ နှစ်မျိုးလုံးကိုတော့ မတွေ့ရသေးပါဘူး။
မော်စကိုမြို့မှ ကားဒီဇိုင်းတီထွင်သူ အသက် 22 နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်တဲ့ Nikita Konopatov က ဟိုက်ဒရို ဂျင် ဖြင့် မောင်းနှင်ရတဲ့ အဆိုပါ ချစ်စဖွယ် ကားအမျိုးအစားကို တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။
ကားရဲ့ ဒီဇိုင်းဟာ သိပ္ပံဇာတ်ကားတွေထဲကလို ခေတ်ရှေ့ပြေးတဲ့ ဒီဇိုင်းနဲ့ အတော်လေး မိုက်ပါတယ်။

ဒီအကြောင်းအရာတစ်ခုထဲက ကျွန်ုပ်တို့ အားလုံးကို အထင်ကြီးစေမယ့် တစ်ခုတည်းသော အရာတော့ မဟုတ်ပါဘူး။
နောက်တစ်ချက်က ဒီဇိုင်းတစ်ခုလုံးကို ပြန်လည်အသုံးပြုထားတဲ့ ပလတ်စတစ်များဖြင့် ပြုလုပ်ထားဖြစ်ပဲ ဖြစ်ပါတယ်။
ကားဒီဇိုင်းကို အလုံးပုံစံကိုယ်ထည်ရဲ့ ရှေ့နှင့်နောက်ဘက်မှာ ကျယ်ပြန့်တဲ့ စက်လုံး ပုံစံစည်နှစ်ခုဖြင့် တပ်ဆင်ထားပြီး ရွေ့ လျား စေပါတယ်။
ကားအတွင်းခန်းဟာ နေရာ အနည်းငယ် ယူတဲ့အတွက်ကြောင့် မြင်သာတဲ့ အကာပုံစံကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။
ယနေ့ခေတ် ကမ္ဘာကြီးဟာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုဆိုင်ရာ ပြသာနာတွေကို အလူးအလဲ ခံနေကြရတယ် ဟု Konopatov က ပြောပါတယ်။

ဒါ့ကြောင့် သူ့ရဲ့ တီထွင်မှုက အသုံးပြုပြီးသား မပျက်စီးနိုင်တဲ့ အရာတွေကို အသုံးပြုထားတာဖြစ်ပြီး သူ့ရဲ့ ဒီဇိုင်းနောက်ကွယ်က အဓိကသော့ချက်က စွန့်ပစ် ပလတ်စတစ်များဖြင့် ပြုလုပ်ထားတဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ကားကို ဖန်တီးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို တွန်းလှန်နိုင်ဖို့ ဖြစ်တယ်ဟု ဆိုပါတယ်။
နောက်ပြီး ကားရဲ့ ပုံပန်းသဏ္ဍာန်က ချိုသာတယ်လို့ မထင်ရင် ပန်းရောင်ဗားရှင်းက ကျွန်ုပ်တို့ရဲ့ စိတ်ကို ဆွဲဆောင် နေပါလိမ့်မယ်ဟုလည်း ဆိုပါတယ်။
စိတ်မကောင်းစရာကောင်းတဲ့ အချက်တစ်ချက်က လက်ရှိ ခင်းထားတဲ့ မညီမညာတဲ့ လမ်းအမျိုးအစားတွေနှင့် လိုက်လျောညီ ထွေ မဖြစ်နိုင်တဲ့ အတွက်ကြောင့် အဆိုပါ ကားတွေဟာ သူတို့ ပုံစံကဲ့သို့ နူးညံ့တဲ့ လမ်းတွေကို လိုအပ်ပါတယ်။
၎င်းရဲ့ ရိုးရှင်းတဲ့အချက်ကတော့ အမြန်စီးဖို့ ကားတစ်စင်းမဟုတ်ပေမယ့် စမတ်ကျကျ စီးဖို့သင့်တော်တယ်ဟု Konopatov က ဆိုပါတယ်။

အဆိုပါ အသက်၂၂ အရွယ် တီထွင်သူ Nikita Konopatov က အာကာသဆိုင်ရာ ပစ္စည်းတွေနှင့် ဆေးဘက်ဆိုင်ရာ ကိရိ ယာတွေကို ဒီဇိုင်းဆွဲရတာ စိတ်ဝင်စားမှု ရှိတယ်ဟု ဆိပါတယ်။
သူ့ ရဲ့ ဖန်တီးနိုင်စွမ်းဖြင့် နောက်ထပ် တီထွင် ဆန်းသစ်မှု များစွာကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။