မြေပြင်မှာ လေယာဉ်လို အမြန်နှုန်းဖြင့် သွားလာနိုင်မယ့် Hyperloop စနစ် စမ်းသပ်မှု စတင်တော့မည့် အကြောင်း

News Tech

Hyperloop ဆိုတာ ပိုက်လိုင်းကဲ့သို့ လမ်းကြောင်းအတွင်းမှာ အနှောင့်အယှက်မရှိဘဲ အရှိန်ဖြင့် သွားလာနိုင်သည့် လူများကို သယ်ယူပို့ဆောင်နိုင်သော စနစ်တခု ဖြစ်ပါတယ်။

Elon Musk ဟာ ဒီ စီမံကိန်းအပေါ်မှာ အလွန် ယုံကြည်မှုရှိနေပြီး အောင်မြင်နိုင်ရန်အတွက် ကြိုးစားလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Boring ကုမ္ပဏီဟာ ယခုနှစ်အစောပိုင်းထဲက hyperloop စမ်းသပ်မှုများကို အပြည့်အဝ စတင် တော့မှာဖြစ်တဲ့ အကြောင်း ကုမ္ပဏီတည်ထောင်သူ Elon Musk က သူ့ရဲ့တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

အဆိုပါ hyperloop ကို Musk မှ 2013 ခုနှစ်တုန်းထဲက ပထမဆုံးအဆိုပြုခဲ့ပြီး ခရီးသည်များအား လေဟာနယ် အလုံပိတ်ပြွန်မှတဆင့် 600 mph ထက် ပိုမိုသော အရှိန်ဖြင့်သွားနေသည့် သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ရည် မှန်းခဲ့ပါတယ်။

Image: Courtesy of Hyperloop.Kevin Krejci/Flickr

ကမ္ဘာ့ အမြန်ဆုံး ရထားဖြစ်တဲ့ တရုတ်နိုင်ငံမှ Shanghai Maglev ဟာ အမြန်နှုန်း တနာရီလျှင် ၂၈၆ မိုင်သာ သွားနိုင်သေး တာပါ။

မကြာသေးမီက တခြား tweet မှာလည်း Musk က “လူသိများတဲ့ ရူပဗေဒရှုထောင့်ကနေ hyperloop ဟာ မိုင် 2000 ထက်နည်းတဲ့ အကွာအဝေးအတွက် မြို့တစ်ခုမှ အခြားမြို့သို့ အမြန်ဆုံးသွားနိုင်သည့် နည်းလမ်းဖြစ်တယ်ဟုဆိုပြီး Starship ကတော့ ခရီးပိုရှည်အတွက် ပိုမြန်တယ် ဟု ပြောခဲ့ပါသေးတယ်။

Boring ကုမ္ပဏီဟာ လာမည့်နှစ်တွေအတွင်းမှာ hyperloop တစ်ခုကို အပြီးသတ် တည်ဆောက်ဖို့ ကြိုးပမ်းမှာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

Boring ကုမ္ပဏီက မကြာသေးမီကမှ တန်ဖိုးငွေ $675 သန်းကို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအတွက် စုဆောင်းခဲ့တယ်ဟု သိရပါတယ်။

“လေယာဉ်အမြန်နှုန်း” ဖြင့် မြေပြင်သယ်ယူပို့ဆောင်ရေး

Musk က ၎င်းရဲ့ Hyperloop concept ကို 2013 ခုနှစ်တုန်းက ပထမဆုံးထုတ်ပြန်ခဲ့သော်လည်း SpaceX နှင့် Tesla စတဲ့လုပ်ငန်းများကို အဓိကထား အာရုံစိုက်နေရတဲ့အတွက်ကြောင့် အခြားကုမ္ပဏီများအား တောင်းဆိုခဲ့ပါသေးတယ်။

Image: Courtesy of Boring Company

ဒါ့အပြင် SpaceX က 2015 နှင့် 2019 အကြား hyperloop ပြိုင်ပွဲကို ကျောင်းသားများနှင့် ဝါသနာရှင်များအတွက် သယ်ယူပို့ဆောင်ရေးရဲ့ ရှေ့ပြေးပုံစံဗားရှင်းများကို ဖန်တီးပေးသည့် hyperloop ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ပါသေးတယ်။

Hyperloop TT ကဲ့သို့သော ကုမ္ပဏီများဟာ “လေယာဉ်အမြန်နှုန်းများ” ဖြင့် ထိရောက်သော မြေပြင်ကုန်တင်သယ်ယူမှုအတွက် Hyperloop Port ကဲ့သို့သော သဘောတရားများကို တီထွင်ထားသော်လည်း စနစ်ဟာ သီအိုရီအရသာ ရှိနေဆဲပဲ ဖြစ်ပါတယ်။

ဒါတွေအပြင် ကပ်ရောဂါကြောင့် ထောက်ပံ့ရေး ကွင်းဆက် ပြဿနာကို ဖြေရှင်းဖို့နှင့် စည်းကမ်းဆိုင်ရာ အခက်အခဲများကို ရှောင်ရှားဖို့ ခရီးသည်ပို့​ဆောင်ရေးကနေ ကုန်တင်သယ်ယူပို့ ဆောင်မှုသို့ ကူးပြောင်းခဲ့ကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။

Hyperloop ရဲ့ အလုပ်လုပ်ပုံနမူနာကို ကျွန်ုပ်တို့အနေနဲ့ မတွေ့မြင်ရသေးပါဘူး။

အချို့ကလည်း အဆိုပါစနစ်ဟာ စီးပွားဖြစ်မဖြစ်နိုင်ဟု အခိုင်အမာဆိုထားကြပါတယ်။

2016 ခုနှစ်တုန်းက Hyperloop One မှပေါက်ကြားလာသောစာရွက်စာတမ်းများအရတော့ လမ်းကြောင်းရဲ့ တည်နေရာပေါ် မူတည်ပြီး ထည့်သွင်းစဉ်းစားဖို့ လိုအပ်သည့်ပြောင်းလဲမှုများစွာကြောင့် Musk အနေနဲ့ ၎င်းရဲ့ 2013 တုန်းက ဖော်ပြထားတာထက် hyperloop ကုန်ကျစရိတ်ဟာ ပိုမိုများပြားဖွယ်ရှိပါတယ်။

Musk က hyperloop လမ်းကြောင်းက တစ်မိုင်ကို $ 11 သန်းကုန်ကျမည်ဟု မူလက ခန့်မှန်းခဲ့တာပါ။

Boring Company က Musk ရဲ့ မျှော်မှန်းချက်ကို လက်တွေ့ဖြစ်လာစေဖို့ ရည်မှန်းထားပြီး အားလုံးဟာ အဆင်ပြေပြေနဲ့ အစီအစဉ်အတိုင်းသွားပါက ယခုနှစ်ကုန်လောက်မှာ မြင်သာထင်သာတဲ့ ရလဒ်များကို မြင်တွေ့နိုင်မှာ ဖြစ်တယ်ဟု ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.