တရုတ် သိပ္ပံ ပညာရှင်များဟာ အနာဂါတ် အင်္ဂါဂြိုဟ် ပိုင်နက် နယ်မြေကြား အတွင်း သွားလာနိုင်ရန် ဟိုက်ပါ ဆိုးနစ် လေယာဉ်တစီး ဖန်တီးဖို့ရာ အဆိုပြုချက် တင်သွင်းခဲ့ပါတယ်။
ဒီ အဖွဲ့ဟာ အလေးချိန် ၁,၁၀၀ ပေါင်ရှိပြီး အမြင့် ၅,၀၀၀ မီတာမှာ အသံထက် ၅ ဆ လောက် မားစ်ဂြိုဟ်ပေါ်တွင် ပျံသန်းနိုင်မည့် ဒီ ဒရုန်း၏ အယူအဆ ဒီဇိုင်းကို ရေးဆွဲခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် တောင်တရုတ်မနက်ခင်း သတင်းဌာန SCMP က ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဒါဟာ အရမ်းကို အစောပိုင်း အဆင့်မှာသာ ရှိသေးပြီး ပြီးပြည့်စုံဖို့ နောက်ထပ် ဆယ်စုနှစ် များစွာ ကြာဦးမယ်လို့ မျှော်လင့်ရပါတယ်။
“မားစ်ဂြိုဟ်ပေါ်မှာ ပျံသန်းမယ့် ပထမဆုံး ဟိုက်ပါဆိုးနစ် အမြန်နှုန်းရှိတဲ့ မောင်းသူမဲ့လေယာဉ်ဟာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းရမှာ ဖြစ်လို့ နှစ် ၃၀ အတွင်းမှာတော့ ဖြစ်လာမှာ မဟုတ်ဘူး” လို့ Beihang တက္ကသိုလ်မှ အဆိုပါ စီမံကိန်းအတွက် လုပ်ဆောင်နေသူ သုတေသီ Xu Xu က ပြောပါတယ်။
နောက်တချက်က ဒီလေယာဉ်၏ အမြန်နှုန်းဟာ အင်္ဂါဂြိုဟ်ပေါ်မှာ ရှိတဲ့ အသံအလျှင်နဲ့ တိုင်းတာလား ကမ္ဘာ့ပေါ်မှာ ရှိတဲ့ အသံအလျှင်နဲ့ တိုင်းတာလားဆိုတာ မသိရသေးပါဘူး။
မားစ်ဂြိုဟ်ပေါ်တွင် အသံ၏ အလျှင်ဟာ တနာရီ ၅၄၀ မိုင်နှုန်း ရှိပြီး ကမ္ဘာပေါ်မှာတော့ အသံ၏ အလျှင်ဟာ တနာရီလျှင် ၇၆၀ မိုင်နှုန်းဖြစ်တယ်လို့ NASA ရဲ့ အဆိုအရ သိရပါတယ်။

ဒီ မောင်းသူမဲ့လေယာဉ်၏ ရည်မှန်းချက် တစိတ်တဒေသကတော့ အင်္ဂါဂြိုဟ်ပေါ်ရှိ ပိုင်နက် နယ်မြေများကိုကူညီ ချိတ်ဆက်ရန်ဖြစ်ပြီး အဲဒီလို ချိတ်ဆက်နိုင်ပါက အရင်းအမြစ်များကို မျှဝေဖို့ရာ အကျိုးကျေးဇူး ရရှိစေမှာ ဖြစ်ပါတယ်။
“လူတွေဟာ မားစ်ဂြိုဟ်တွင် နယ်ချဲ့ရာမှာ ဂြိုဟ်ပေါ်ရှိ နေရာအသီးသီးတွင် အခြေချမှုများ ရှိသဖြင့် ခရီးဝေး သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်ချက်ရှိလာမှာ ဖြစ်တယ်” လို့ Xu က SCMP သတင်းဌာနကို ပြောပါတယ်။
လူနှင့် အလားအလာရှိသည့် ကုန်ပစ္စည်းများကို သယ်ဆောင်နိုင်ဖို့ရာအတွက် လုံလောက်မှာ ဖြစ်ပြီး လေခွင်းအားကောင်းသည့် ခရုဇ်ဒုံး ကျည် နှင့် ဆင်တူတယ်လို့ ဆိုပါတယ်။
လေယာဉ်ကို မဂ္ဂနီဆီယမ်ဓာတ် ကို လောင်စာအဖြစ် အသုံးပြု မောင်းနှင်စေမှာ ဖြစ်ပါတယ်။
အကြောင်းကတော့ မားစ်ဂြိုဟ်ပေါ်တွင် အကြမ်းဖျင်းအားဖြင့် ကာဗွန်ဒိုင် အောက်ဆိုက်ဒ် ၉၆ ရာခိုင်နှုန်းရှိပြီး မဂ္ဂနီဆီယမ်ဟာ ကောင်းကောင်း လောင်ကျွမ်းနိုင်မှာ ဖြစ်ပါတယ်။
“ဒီကမ္ဘာပေါ်မှာတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ကတော့ လောင်ကျွမ်းမှုကနေ ဖြစ်လာတဲ့ စွန့်ပစ်ပစ္စည်း ဖြစ်ပါတယ်”
“မဂ္ဂနီဆီယမ်ဟာ ကမ္ဘာပေါ်ရှိ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထဲမှာ အပူချိန် လုံလောက်အောင်မြင့်မားတဲ့ အခြေအနေတွင် လောင်ကျွမ်းနိုင်ပေမယ့် သိပ်ပြီး ထိရောက်မှု မရှိပါဘူး” လို့ Xu က ပြောပါတယ်။
တရုတ်တို့ မျှော်လင့်ထားတဲ့ ဟိုက်ပါဆိုးနစ် မောင်းသူမဲ့ ဂြိုဟ်သွား လေယာဉ်ပျံတွေ စေလွှတ်ဖို့ဟာ ၂၀၄၅ ခုနှစ်လောက်မှသာ အဆင်သင့် ဖြစ်နိုင်မယ်လို့ သတင်းဌာနများကတော့ ဖော်ပြနေကြပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။