Hyundai ကားကုမ္ပဏီမှ အနာဂါတ် ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားများပြသ

Innovation Tech

ရာသီဥတု ပြောင်းလဲမှုအတွက် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့ IPCC ၏ လွန်ခဲ့သောလက ဆဌမ အကြိမ်မြောက် အကဲ ဖြတ် အစီရင်ခံ စာနှင့် ကမ္ဘာအနှံ့ ပြင်းထန်သည့် ရာသီဥတုဖြစ်ရပ် အစီရင်ခံစာများအရ ယခုသီတင်းပတ်တွင် ရာသီဥတု အကျပ်အတည်းဖြစ်စဉ်ဟာ ပိုပြီး ဆိုးရွားလာနေတာကို တွေ့ရှိရပါတယ်။

ထို့ကြောင့် အဆိုပါဖြစ်စဉ်ကို ဖြေရှင်းရန် တောင်းဆိုမှုများဟာ ပိုမို ပြင်းထန်လာပြီး ကုမ္ပဏီများနှင့် အစိုးရများဟာ အဖြေရှာဖို့ရာ ကြိုးစားနေကြပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုမှုများ အရှိန်မြှင့်တင်လာပြီး ဆန်းသစ်သည့် စွမ်းအင်သိုလှောင်သည့် နည်းပညာများကိုလည်း စားပွဲဝိုင်းပေါ်မှာ ရောက်ရှိလာပြီး ကာဗွန်ကင်းစင်သွားရန် ကတိပြုချက်များမှာ ကာဗွန်တွေ လိုပဲ လျင်မြန်စွာ စုပုံလာပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယား ၏ ဟွန်ဒေ (Hyundai) မော်တော်ကားထုတ်လုပ်ရေး အုပ်စုမှလည်း ပါဝင်လာပြီး လျှပ်စစ်စွမ်းအင်သုံး မဟုတ်ဘဲ ဟိုက်ဒရို ဂျင်မှ စွမ်းအင်အသုံးပြုသည့် နည်းပညာကို အသုံးပြုသွားမယ်လို့ သိရပါတယ်။

ကုမ္ပဏီဟာ ဒီအပတ်ထဲမှာ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ယာဉ်များစွာ၏ အယူအဆ ဒီဇိုင်းများကို ပြသခဲ့ပါတယ်။

Trailer Drone

ကုမ္ပဏီဟာ Trailer Drone လို့ခေါ်တဲ့ မြေပြင်သယ်ယူပို့ဆောင်ရေး အယူအဆ ဒီဇိုင်းများကို ဖော်ပြခဲ့ပြီး ၎င်း၏တွင် လောင်စာဆဲလ် စွမ်း အင်သုံး e-Bogie လို့ခေါ်တဲ့ ကိုယ်ထည်လည်း ပါဝင်ပါတယ်။

e-Bogie တွင် တပ်ဆင်ထားသည့် ဘီး ၄ လုံးဟာ ပုံမှန်ကားများနှင့် မတူဘဲ လိုသလို လှည့်နိုင်ပြီး ဘေးတိုက်ပါ ရွေ့လျားနိုင်စွမ်းရှိသလို စက်ဝိုင်ပတ်ပုံအနေဖြင့်လည်း ရွေ့လျားနိုင်စွမ်း ရှိပါတယ်။

Trailer Drone

မော်ကျူလာ e-Bogie ကို Trailer အရွယ်အစား မျိုးစုံနှင့် ပေါင်းစပ်နိုင်ပြီး တခါ လောင်စာဖြည်ထားတာနဲ့ ၆၂၁ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ယာဉ်ဟာ အလိုအလျှောက်စနစ်ကိုပါ အသုံးပြုမှာဖြစ်ပြီး အယူအဆ ဒီဇိုင်းတွင် လူသားယာဉ်မောင်းအတွက် ထိုင်ခုံ မပါဝင်ပါဘူး။

Vision FK

ဟွန်ဒေ ကုမ္ပဏီဟာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ပြိုင်ကားတစီးဖြစ်တဲ့ Vision FK ၏ အယူအဆ ဒီဇိုင်းကိုလည်း ဖော်ပြခဲ့ပါသေးတယ်။ ကားဟာ လောင်စာနှစ်မျိုးသုံး Plug-in hybrid အမျိုးအစားဖြစ်ပြီး လောင်စာဆဲလ်မှ ဘက်ထရိကို အားသွင်းပေးနိုင်ပါတယ်။

၅၀၀ ကီလိုဝပ်ရှိတဲ့ လောင်စာဆဲလ်ဟာ သုည ကီလိုမီတာမှ ၁၀၀ ကီလိုမီတာကို ၄ စက္ကန့်အတွင်း ရောက်အောင် မောင်းနှင်နိုင်တဲ့အထိ စွမ်းဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Vision FK

ဒါပေမယ့် ကားထုတ်လုပ်သူ ဟွန်ဒေဟာ ဒီပြိုင်ကားကို ဘယ်နေ့မှာ စတင် ထုတ်လုပ်နိုင်မယ်ဆိုတဲ့ အချိန်ကိုတော့ ပြောပြမသွားပါဘူး။

ဟိုက်ဒရိုဂျင် စွမ်းအင်နှင့် အယူအဆများ

နောက်ဆုံးအနေနဲ့တော့ ဟွန်ဒေဟာ ၎င်း၏ လက်ရှိ ထုတ်လုပ်နေတဲ့ ကားများ၏ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး မျိုးကွဲများကိုတော့ ၂၀၂၈ ခုနှစ်မှာ ဈေးကွက်တင်နိုင်အောင် စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဟွန်ဒေဟာ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ကားလောကမှာ လုံးဝ အသစ်ဝင်လာတာတော့ မဟုတ်ပါဘူး။

ကုမ္ပဏီတွင် ဆွစ်ဇာလန်နိုင်ငံတွင် အသုံးပြုနေသည့် Xcient truck နှင့် တောင်ကိုရီးယားတွင် အသုံးပြုနေပြီး ဂျာမနီတွင် စမ်းသပ်နေသည့် Elec City Fuel Cell ဘတ်စ်ကားများ ထုတ်လုပ်နေပြီး ဖြစ်ပါတယ်။

Elon Musk ကတော့ ဟိုက်ဒရိုဂျင် လောင်စာဆဲလ်ဆိုတာ “အလွန့်အလွန် ပေါကြောင်ကြောင်နိုင်တယ်” လို့ ပြောဖူးပါတယ်။

Xcient truck

ဒါပေမယ့် Toyota တိုယိုတာ ကုမ္ပဏီကတော့ Musk ပြောတာကို လက်မခံတဲ့အပြင် ဖူဂျီတောင်အနီးတွင် Woven City လို့ခေါ်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးမြို့၏ ရှေ့ပြေးပုံစံတခုကို တည်ဆောက်နေပါတယ်။

ဟွန်ဒေ ကုမ္ပဏီဟာ ၂၀၃၀ တွင် လျှပ်စစ် မော်တော်ယာဉ် ဘက်ထရီများနှင့် အပြိုင် ၎င်း၏ လောင်စာဆဲလ် စွမ်းအင်သုံး မော်တော်ယာဉ်များကို ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

McKinsey ဟိုက်ဒရိုဂျင် ကောင်စီမှ ၂၀၂၁ ခုနှစ် အစောပိုင်း လေ့လာမှုများအရ စွမ်းအင်အရင်းအမြစ်များ နှင့် ထရပ်ကားသက်တမ်း တလျှောက် ကုန်ကျစရိတ် နှိုင်းယှဉ်ပါက ၂၀၃၀ ခုနှစ်မှာ ဟိုက်ဒရိုဂျင် လောင်စာ၏ ကုန်ကျစရိတ်ဟာ လက်ရှိ ဒီဇယ်ဈေးလောက်နှင့် ညီမျှနိုင်မယ်လို့ သိရပါတယ်။

Elec City Fuel Cell

Joule တွင် ထုတ်ဝေခဲ့သည့် စာတမ်းတခုတွင် ဟိုက်ဒရိုဂျင်နှင့် ပတ်သက်သည့် စီးပွားရေး တည်ဆောက်မှု လမ်းပြမြေပုံတခုကို ပြသခဲ့ပါသေးတယ်။

ဤကဲ့သို အလားအလာများ ရှိနေပေမယ့် ဟိုက်ဒရိုဂျင်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကုန်ကျစရိတ် သက်သာသည့် စွမ်းအင် ရင်းမြစ် ဖြစ်လာမလားဆိုတာ သိပ်တော့ မသေချာသေးပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာ၏ အနာဂါတ်ကို အခုထက်ပိုပြီး တောက်ပနိုင်စေမယ့် ဘယ်ရွေးချယ်မှုကိုမဆို အာရုံစိုက်ကြည်ဖို့ ထိုက်တန်တဲ့ အနေအထားတခု ကို ရောက်နေတယ်လို့ ယူဆနိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *