အစ္စရေး လေကြောင်းစက်မှုထုတ်လုပ်ရေး IAI က HAROP အသေခံ drone ခေါ် ကာမိကာဇေ drone များ၏ ရေတပ် မျိုးကွဲများကို အမည်မဖော်လိုတဲ့ အာရှ တနိုင်ငံကို ရောင်းချခဲ့တယ်လို့ သိရပါတယ်။
HAROP စနစ်ဟာ မြန်ဆန် တိကျတဲ့ ဗျူဟာမြောက် ဆုံးဖြတ်ချက်တွေကို စစ်ဆင်ရေးအကြီး အကဲအား ချမှတ်နိုင်ရန် ကူညီပေးနိုင်ပြီး ရန်သူ့ သတင်းများကို လွတ်လပ်စွာ ထောက် လှမ်းနိုင်ကာ ပစ်မှတ်ကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။
HAROP တွေမှာတပ်ဆင်ထားတဲ့ ကင်မရာတွေဟာ နေ့ရော ညပါ အလုပ်လုပ်နိုင်ပြီး တည်ငြိမ်ပစ်မှတ်နှင့် ရွေ့လျားပစ်မှတ်များကို အဆုံးအစွန်ဆုံး တိကျမှုဖြင့် ဖော်ထုတ်နိုင်၊ ထိတွေ့နိုင်ပါတယ်။ ဒီ drone တွေကို ရောင်းချမှုဟာ ကုမ္ပဏီမှ ချုပ်ဆိုခဲ့တဲ့ အဓိက စာချုပ် ၃ ခု အနက်မှ တစ်ခုဖြစ်ကာ စာချုပ်အားလုံး၏ တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ခန့်ရှိပါတယ်။
ကျန်ရှိတဲ့ စာချုပ် ၂ ခုမှာ တစ်ခုကတော့ နိုင်ငံခြားကုမ္ပဏီတစ်ခုကို ရောင်းချခဲ့တဲ့ multi-purpose ROTEM ဘက်စုံသုံး drone နှင့် အမည်မဖော်လိုတဲ့ အာရှနိုင်ငံကို ရောင်းချခဲ့တဲ့ ကြည်းတပ်သုံး HAROP စနစ် တို့ ပဲဖြစ်ပါတယ်။

ROTEM ဟာ ပထမဆုံး ဒေါင်လိုက် အတက်အဆင်း (VTOL) ပြုလုပ်နိုင်တဲ့ အသေခံ drone အမျိုးအစားပဲဖြစ်ပါတယ်။ ဒီ drone စနစ်ဟာ ကမ္ဘာအနှံ့ရှိ စစ်တပ်အများအပြားမှ စစ်ဆင်ရေးများတွင် အသုံးပြုပြီး ဖြစ်ကာ အောင်မြင်မှုများစွာ ရပြီးဖြစ်ပါတယ်။
IAI ရဲ့ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ် Boaz Levy မှ IAI ဟာ ဒီလို တမူထူးခြားပြီး တိကျစွာ တိုက်ခိုက်နိုင်တဲ့ စနစ်ဖြစ်တဲ့ ကာမိကာဇေ drone များကို ထုတ်လုပ်တဲ့နေရာမှာ အစ္စရေးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရှေ့ဆုံးက ရောက်နေပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကမ္ဘာတဝှမ်းရှိ တိုက်ခိုက်ရေး အင်အားများ၏ စွမ်းဆောင်နိုင်မှုကို ပိုမို ကောင်းမွန်အောင် ဖြည့်စွမ်းနိုင်တဲ့ အဆိုပါ drone စနစ်များဟာ အနာဂါတ် ရှေ့တန်း စစ်မြေပြင်များအတွက် အဓိကကျပြီး အဆုံးအဖြတ်ပေးနိုင်တဲ့ တိုက်ခိုက်ရေး လက်နက်များ ဖြစ်လာနိုင်တယ်လို့လည်း ပြောသွားပါတယ်။
ဒီစာချုပ်တွေဟာ ခေတ်မီစစ်တပ်များတွင် တိကျမှန်ကန်တဲ့ လက်နက်ခဲယမ်းများဟာ အရေးပါကြောင်းနှင့်ယုံကြည်မှုရှိကြောင်း အထောက်အထားများလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာလည်း IAI လက်အောက်ခံ ELTA Systems ကုမ္ပဏီ နှင့် ဂျာမန်ကာကွယ်ရေးကုမ္ပဏီ Hensoldt တို့ဟာ ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေးအတွက် ရေဒါစနစ်များကို ပူးတွဲထုတ်လုပ်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ ပါသေးတယ်။

HAROP ဘာလို့ နာမည်ကြီးရသလဲဆိုတော့ ၂၀၀ ကီလိုမီတာအထိ စစ်ဆင်နိုင်ခြင်း၊ ၉ နာရီလောက်အထိ ပျံသန်းနိုင်ခြင်း၊ အမြန်နှုံး တစ်နာရီ ၂၂၅ နောတီကယ်မိုင်ဖြင့် ပျံသန်းနိုင်ခြင်း၊ ရေဒါပေါ်မှာ ၀.၅ စကွဲယားမီတာသာရှိခြင်း၊ ပေ ၁ သောင်းခွဲအထိ ပျံသန်းနိုင်ခြင်းနှင့် အကြမ်းဆုံးကတော့ ၁၆ ကီလိုဂရမ်ရှိတဲ့ ထိပ်ဖူးနဲ့တိုက်ခိုက်ရာမှာ လွဲချော်မှုက ၁ မီတာ အောက်သာ ရှိပါတယ်တဲ့။
အစ္စရေးဟာ တဖြည်းဖြည်းနှင့် ကာကွယ်ရေး ပစ္စည်းဈေးကွက်တွင် နေရာပိုမို ရရှိလာတာကို တွေ့ရပါတယ်။ အနာဂါတ်မှာလည်း ဘယ်လို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေကို အများအပြား ရောင်းချနိုင်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျာ။
ZawGyi
အစၥေရး ေလေၾကာင္းစက္မႈထုတ္လုပ္ေရး IAI က HAROP အေသခံ drone ေခၚ ကာမိကာေဇ drone မ်ား၏ ေရတပ္ မ်ိဳးကြဲမ်ားကို အမည္မေဖာ္လိုတဲ့ အာရွ တႏိုင္ငံကို ေရာင္းခ်ခဲ့တယ္လို႔ သိရပါတယ္။
HAROP စနစ္ဟာ ျမန္ဆန္ တိက်တဲ့ ဗ်ဴဟာေျမာက္ ဆုံးျဖတ္ခ်က္ေတြကို စစ္ဆင္ေရးအႀကီးအကဲအား ခ်မွတ္ႏိုင္ရန္ ကူညီေပးႏိုင္ၿပီး ရန္သူ႔ သတင္းမ်ားကို လြတ္လပ္စြာ ေထာက္လွမ္းႏိုင္ကာ ပစ္မွတ္ကို တိုက္ခိုက္ႏိုင္တဲ့ စြမ္းရည္ရွိပါတယ္။
HAROP ေတြမွာတပ္ဆင္ထားတဲ့ ကင္မရာေတြဟာ ေန႔ေရာ ညပါ အလုပ္လုပ္ႏိုင္ၿပီး တည္ၿငိမ္ပစ္မွတ္ႏွင့္ ေ႐ြ႕လ်ားပစ္မွတ္မ်ားကို အဆုံးအစြန္ဆုံး တိက်မႈျဖင့္ ေဖာ္ထုတ္ႏိုင္၊ ထိေတြ႕ႏိုင္ပါတယ္။ ဒီ drone ေတြကို ေရာင္းခ်မႈဟာ ကုမၸဏီမွ ခ်ဳပ္ဆိုခဲ့တဲ့ အဓိက စာခ်ဳပ္ ၃ ခု အနက္မွ တစ္ခုျဖစ္ကာ စာခ်ဳပ္အားလုံး၏ တန္ဖိုးမွာ အေမရိကန္ ေဒၚလာ သန္း ၁၀၀ ခန႔္ရွိပါတယ္။

က်န္ရွိတဲ့ စာခ်ဳပ္ ၂ ခုမွာ တစ္ခုကေတာ့ ႏိုင္ငံျခားကုမၸဏီတစ္ခုကို ေရာင္းခ်ခဲ့တဲ့ multi-purpose ROTEM ဘက္စုံသုံး drone ႏွင့္ အမည္မေဖာ္လိုတဲ့ အာရွႏိုင္ငံကို ေရာင္းခ်ခဲ့တဲ့ ၾကည္းတပ္သုံး HAROP စနစ္ တို႔ ပဲျဖစ္ပါတယ္။
ROTEM ဟာ ပထမဆုံး ေဒါင္လိုက္ အတက္အဆင္း (VTOL) ျပဳလုပ္ႏိုင္တဲ့ အေသခံ drone အမ်ိဳးအစားပဲျဖစ္ပါတယ္။ ဒီ drone စနစ္ဟာ ကမာၻအႏွံ႔ရွိ စစ္တပ္အမ်ားအျပားမွ စစ္ဆင္ေရးမ်ားတြင္ အသုံးျပဳၿပီး ျဖစ္ကာ ေအာင္ျမင္မႈမ်ားစြာ ရၿပီးျဖစ္ပါတယ္။
IAI ရဲ႕ ဥကၠဌ ႏွင့္ အမႈေဆာင္အရာရွိခ်ဳပ္ Boaz Levy မွ IAI ဟာ ဒီလို တမူထူးျခားၿပီး တိက်စြာ တိုက္ခိုက္ႏိုင္တဲ့ စနစ္ျဖစ္တဲ့ ကာမိကာေဇ drone မ်ားကို ထုတ္လုပ္တဲ့ေနရာမွာ အစၥေရးႏိုင္ငံဟာ ကမာၻေပၚမွာ ေရွ႕ဆုံးက ေရာက္ေနၿပီး ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ကမာၻတဝွမ္းရွိ တိုက္ခိုက္ေရး အင္အားမ်ား၏ စြမ္းေဆာင္ႏိုင္မႈကို ပိုမို ေကာင္းမြန္ေအာင္ ျဖည့္စြမ္းႏိုင္တဲ့ အဆိုပါ drone စနစ္မ်ားဟာ အနာဂါတ္ ေရွ႕တန္း စစ္ေျမျပင္မ်ားအတြက္ အဓိကက်ၿပီး အဆုံးအျဖတ္ေပးႏိုင္တဲ့ တိုက္ခိုက္ေရး လက္နက္မ်ား ျဖစ္လာႏိုင္တယ္လို႔လည္း ေျပာသြားပါတယ္။
ဒီစာခ်ဳပ္ေတြဟာ ေခတ္မီစစ္တပ္မ်ားတြင္ တိက်မွန္ကန္တဲ့ လက္နက္ခဲယမ္းမ်ားဟာ အေရးပါေၾကာင္းႏွင့္ယုံၾကည္မႈရွိေၾကာင္း အေထာက္အထားမ်ားလည္း ျဖစ္တယ္လို႔ ဆိုပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာလည္း IAI လက္ေအာက္ခံ ELTA Systems ကုမၸဏီ ႏွင့္ ဂ်ာမန္ကာကြယ္ေရးကုမၸဏီ Hensoldt တို႔ဟာ ပဲ့ထိန္းဒုံးက်ည္ ကာကြယ္ေရးအတြက္ ေရဒါစနစ္မ်ားကို ပူးတြဲထုတ္လုပ္ရန္ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့ ပါေသးတယ္။

HAROP ဘာလို႔ နာမည္ႀကီးရသလဲဆိုေတာ့ ၂၀၀ ကီလိုမီတာအထိ စစ္ဆင္ႏိုင္ျခင္း၊ ၉ နာရီေလာက္အထိ ပ်ံသန္းႏိုင္ျခင္း၊ အျမန္ႏႈံး တစ္နာရီ ၂၂၅ ေနာတီကယ္မိုင္ျဖင့္ ပ်ံသန္းႏိုင္ျခင္း၊ ေရဒါေပၚမွာ ၀.၅ စကြဲယားမီတာသာရွိျခင္း၊ ေပ ၁ ေသာင္းခြဲအထိ ပ်ံသန္းႏိုင္ျခင္းႏွင့္ အၾကမ္းဆုံးကေတာ့ ၁၆ ကီလိုဂရမ္ရွိတဲ့ ထိပ္ဖူးနဲ႔တိုက္ခိုက္ရာမွာ လြဲေခ်ာ္မႈက ၁ မီတာ ေအာက္သာ ရွိပါတယ္တဲ့။
အစၥေရးဟာ တျဖည္းျဖည္းႏွင့္ ကာကြယ္ေရး ပစၥည္းေဈးကြက္တြင္ ေနရာပိုမို ရရွိလာတာကို ေတြ႕ရပါတယ္။ အနာဂါတ္မွာလည္း ဘယ္လို စစ္ဘက္ဆိုင္ရာ ပစၥည္းေတြကို အမ်ားအျပား ေရာင္းခ်ႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာ ျဖစ္ေၾကာင္း တင္ျပလိုက္ရပါတယ္ ခင္ဗ်ာ။
Knowledgeworms Copyright © 2021