အစ္စရေးမှ မောင်းသူမဲ့လေယာဉ် ၂ စီး အား အာရှနိုင်ငံ တနိုင်ငံသို့ရောင်းချ

News

အစ္စရေးလေကြောင်းထုတ်လုပ်ရေး Israel Aerospace Industries မှ အနည်းဆုံး Heron MK II မောင်းသူမဲ့လေယာဉ် နှစ်စီး ကို အမည်မဖော်လိုတဲ့ အာရှအလယ်ပိုင်း နိုင်ငံတစ်ခုကို ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ဒီနိုင်ငံနှစ်နိုင်ငံဟာ ဒေါ်လာသန်းချီတန်တဲ့ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တာပါ။

သဘောတူညီမှုအောက်မှာ အစ္စရေးကုမ္ပဏီမှ Heron MK II များအတွက် ကင်းထောက်စနစ်နှင့် သက်ဆိုင်သော ပစ္စည်းများကို ထောက်ပံပေးသွားမှာဖြစ်ပါတယ်။

Heron MK II မောင်းသူမဲ့လေယာဉ်ဟာ ကျယ်ပြန့်ပြီး ခိုင်မာတဲ့ ကိုယ်ထည်ရှိသည့် အလယ်အလတ် အမြင့်အထိတက်ရောက် ပျံသန်းနိုင်ပါတယ်။ ဒီ မောင်းသူမဲ့လေယာဉ်ကို အမြင့်ပေ ၃ သောင်း ခွဲလောက်အထိ တက်ရောက်ပြီး တစ်နာရီကို ၁၆၁ မိုင်နှုန်းခန့်ဖြင့် ပျံသန်းနိုင်ပါတယ်။

၄၅ နာရီကြာ မရပ်မနား တာဝန်ထမ်းဆောင်နိုင်တဲ့ ဒီမောင်းသူမဲ့လေယာဉ်ကို အဆင့်မြှင့်တင်ထားတဲ့ လေကြာင်းစနစ်နှင့် အင်ဂျင်များကိုတပ်ဆင်ထားပါတယ်။ ဒါကြောင့် လေယာဉ်ရဲ့ အလေးချိန်ကို သက်ရောက်မှုမရှိစေဘဲ လွယ်လွယ်ကူကူနှင့် လျှင်မြန်စွာ ပြုပြင် ထိန်းသိမ်းနိုင်ပါတယ်။

ကိုယ်ထည်ပေါ်မှာ တာဝေးကင်းထောက်နိုင်တဲ့ ဆင်ဆာ နှင့် ရေဒါများကိုတပ်ဆင်ထားကာ နောက်ထပ် ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် ထောက်လှမ်းရေးကိရိယာများ ထပ်ဆောင်းတပ်ဆင်ပြီး စစ်ဆင်နိုင်ပါတယ်။ ဒီ drone ရဲ့ စွမ်းရည်ဟာ အဓိကအားဖြင့် နယ်စပ်ဒေသတွေမှာရှိတဲ့ ပစ်မှတ်တွေကို ထောက်လှမ်းဖို့ရာအတွက် အလွန် အထောက်အကူ ပြုပေးနိုင်မှာဖြစ်ပါတယ်။

အစ္စရေး စစ်ဘက်ဆိုင်ရာလေယာဉ်အုပ်စုမှ ဒုဥက္ကဌ နှင့် အထွေထွေ မန်နေဂျာ မိုရှေ လယ်ဗီက အဆိုပါမောင်းသူမဲ့လေယာဉ်ဟာ နယ်စပ်စည်းကို ကာကွယ်ဖို့အတွက် သင့်တော်တယ်ဟု ပြောဆိုခဲ့သောကြောင့် ဝယ်ယူသည့်နိုင်ငံမှာလည်း နယ်စပ်ဒေသလုံခြုံရေးအတွက် ဝယ်ယူသွားတာဖြစ်နိုင်ပါတယ်။

Heron MK II မောင်းသူမဲ့လေယာဉ်တွေကိုမည်သည့်လေယာဉ်ကွင်းမှာမဆို ဆင်းသက်နိုင်ပြီး ရာသီဥတု ဆိုးရွားနေချိန်မှာတောင် ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်။ ဒီလိုရောင်းချမှုဟာ အစ္စရေး မောင်းသူမဲ့လေယာဉ်များ နောက်ထပ်ရောင်းချနိုင်ဖို့အတွက် လမ်းစပဲဖြစ်ပါတယ်။

ZawGyi

အစၥေရးေလေၾကာင္းထုတ္လုပ္ေရး Isael Aerospace Industries မွ အနည္းဆုံး Heron MK II ေမာင္းသူမဲ့ေလယာဥ္ ႏွစ္စီး ကို အမည္မေဖာ္လိုတဲ့ အာရွအလယ္ပိုင္း ႏိုင္ငံတစ္ခုကို ေရာင္းခ်ခဲ့တယ္လို႔ သိရပါတယ္။ ဒီႏိုင္ငံႏွစ္ႏိုင္ငံဟာ ေဒၚလာသန္းခ်ီတန္တဲ့ စာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့တာပါ။

သေဘာတူညီမႈေအာက္မွာ အစၥေရးကုမၸဏီမွ Heron MK II မ်ားအတြက္ ကင္းေထာက္စနစ္ႏွင့္ သက္ဆိုင္ေသာ ပစၥည္းမ်ားကို ေထာက္ပံေပးသြားမွာျဖစ္ပါတယ္။

Heron MK II ေမာင္းသူမဲ့ေလယာဥ္ဟာ က်ယ္ျပန႔္ၿပီး ခိုင္မာတဲ့ ကိုယ္ထည္ရွိသည့္ အလယ္အလတ္ အျမင့္အထိတက္ေရာက္ ပ်ံသန္းႏိုင္ပါတယ္။ ဒီ ေမာင္းသူမဲ့ေလယာဥ္ကို အျမင့္ေပ ၃ ေသာင္း ခြဲေလာက္အထိ တက္ေရာက္ၿပီး တစ္နာရီကို ၁၆၁ မိုင္ႏႈန္းခန႔္ျဖင့္ ပ်ံသန္းႏိုင္ပါတယ္။

၄၅ နာရီၾကာ မရပ္မနား တာဝန္ထမ္းေဆာင္ႏိုင္တဲ့ ဒီေမာင္းသူမဲ့ေလယာဥ္ကို အဆင့္ျမႇင့္တင္ထားတဲ့ ေလၾကာင္းစနစ္ႏွင့္ အင္ဂ်င္မ်ားကိုတပ္ဆင္ထားပါတယ္။ ဒါေၾကာင့္ ေလယာဥ္ရဲ႕ အေလးခ်ိန္ကို သက္ေရာက္မႈမရွိေစဘဲ လြယ္လြယ္ကူကူႏွင့္ လွ်င္ျမန္စြာ ျပဳျပင္ ထိန္းသိမ္းႏိုင္ပါတယ္။

ကိုယ္ထည္ေပၚမွာ တာေဝးကင္းေထာက္ႏိုင္တဲ့ ဆင္ဆာ ႏွင့္ ေရဒါမ်ားကိုတပ္ဆင္ထားကာ ေနာက္ထပ္ ဆက္သြယ္ေရးႏွင့္ အီလက္ထေရာနစ္ ေထာက္လွမ္းေရးကိရိယာမ်ား ထပ္ေဆာင္းတပ္ဆင္ၿပီး စစ္ဆင္ႏိုင္ပါတယ္။ ဒီ drone ရဲ႕ စြမ္းရည္ဟာ အဓိကအားျဖင့္ နယ္စပ္ေဒသေတြမွာရွိတဲ့ ပစ္မွတ္ေတြကို ေထာက္လွမ္းဖို႔ရာအတြက္ အလြန္ အေထာက္အကူ ျပဳေပးႏိုင္မွာျဖစ္ပါတယ္။

အစၥေရး စစ္ဘက္ဆိုင္ရာေလယာဥ္အုပ္စုမွ ဒုဥကၠဌ ႏွင့္ အေထြေထြ မန္ေနဂ်ာ မိုေရွ လယ္ဗီက အဆိုပါေမာင္းသူမဲ့ေလယာဥ္ဟာ နယ္စပ္စည္းကို ကာကြယ္ဖို႔အတြက္ သင့္ေတာ္တယ္ဟု ေျပာဆိုခဲ့ေသာေၾကာင့္ ဝယ္ယူသည့္ႏိုင္ငံမွာလည္း နယ္စပ္ေဒသလုံၿခဳံေရးအတြက္ ဝယ္ယူသြားတာျဖစ္ႏိုင္ပါတယ္။

Heron MK II ေမာင္းသူမဲ့ေလယာဥ္ေတြကိုမည္သည့္ေလယာဥ္ကြင္းမွာမဆို ဆင္းသက္ႏိုင္ၿပီး ရာသီဥတု ဆိုး႐ြားေနခ်ိန္မွာေတာင္ ေကာင္းေကာင္း အလုပ္လုပ္ႏိုင္ပါတယ္။ ဒီလိုေရာင္းခ်မႈဟာ အစၥေရး ေမာင္းသူမဲ့ေလယာဥ္မ်ား ေနာက္ထပ္ေရာင္းခ်ႏိုင္ဖို႔အတြက္ လမ္းစပဲျဖစ္ပါတယ္။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *