CH-53K ရဟတ်ယာဉ် အသစ်များ ရရှိတော့မည့် အစ္စရေး

News

အစ္စရေးနိုင်ငံဟာ ၎င်း၏ အကြီးစား စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် သစ်များ အတွက် Lockheed Martin ထုတ် CH-53K ရဟတ်ယာဉ်များကို ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။

ဒီမှာယူမှု ဟာ အစ္စရေး အတွက် အရေးပါတဲ့ မှာယူမှု ဖြစ်ပြီး လက်ရှိမှာ ၁၉၆၀ ခုနှစ်များ က တည်းက အသုံးပြု နေတဲ့ CH-53 Yasur ရဟတ်ယာဉ် များကို အစားထိုးဖို့ ဖြစ်ပါတယ်။

လက်ရှိ CH-53 Yasur ရဟတ်ယာဉ်အုပ် တွေဟာ နှစ်ပေါင်းများစွာ အီလက်ထရောနစ် စစ်ပွဲသုံး ပစ္စည်းများ အပါအဝင် အဆင့်မြှင့်တင်မှု များစွာ ပြုလုပ်ပြီးပြီလို့ The Drive သတင်းအရ သိရပါတယ်။

အစ္စရေးဟာ ပျက်ကျမှုတွေကြောင့် CH-53 ရဟတ်ယာဉ် အချို့ကို ဆုံးရှုံး ထားရပါတယ်။ ၁၉၉၈ ခုနှစ်က ပျံသန်းနေ စဉ် အချင်းချင်း တိုက်မိသောကြောင့် ၂ စင်း၊ ၂၀၁၉ ခုနှစ်မှာ စက်ပစ္စည်း ချို့ ယွင်းမှု ကြောင့် ၁ စီး အသီးသီး ဆုံးရှုံးခဲ့ တာပါ။

၂၀၁၉ ခုနှစ်က ဖြစ်ရပ်ဟာ Lockheed Martin ၏ ကုမ္ပဏီခွဲ ဖြစ်တဲ့ Sikorsky ၏ အားနည်း ချက်ကြောင့် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုဖြစ်ခဲ့တဲ့အတွက် CH-53 ရဟတ်ယာဉ် အားလုံးကို ၂၀၁၉ ခုနှစ်မှာ ပျံသန်းမှု ရပ်နားစေခဲ့ပြီး စစ်ဆေးမှုတွေ အပြီး ၂၀၂၀ ဇန်နဝါရီလမှာသာ ပြန်လည် ပျံသန်းခွင့် ပြုခဲ့ပါတယ်။

တခြား ဖြစ်ရပ်များအနေနှင့် ၂၀၁၉ ခုနှစ်မှာပဲ အရေးပေါ် ဆင်းသက်မှု များကို ဇန်နဝါရီနှင့် ဧပြီလအတွင်းမှာ ပြုလုပ်ခဲ့ရပါသေးတယ်။

ဒီဖြစ်စဉ်တွေ ပြီးနောက်မှာ အစ္စရေးဟာ CH-53 ရဟတ်ယာဉ် ၅ စီးအပါအဝင် အပိုပစ္စည်းများကို အမေရိကန် ကာကွယ်ရေးဌာနမှ ထပ်မံ မှာယူ ဖြည့် တင်းခဲ့ပါတယ်။

အစ္စရေးဟာ ဒီ ရဟတ်ယာဉ်တွေနဲ့ ဝေဟင်ဆီဖြည့်တဲ့ လေ့ကျင့်ခန်းတွေကို C-130 Karnaf ရဟတ်ယာဉ် တွေနှင့် လေ့ကျင့်ပြီးသားလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အစ္စရေး လေတပ်၏ အမှတ် ၁၁၈ နှင့် ၁၁၄ အုပ်များမှာ CH-53 ရဟတ်ယာဉ် များကို အသုံးပြုနေပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဖြစ်တဲ့ Unit 669 မှာလည်း အသုံးပြုနေပါတယ်။

အစ္စရေး လေတပ်မှာ CH-53 ရဟတ်ယာဉ် ပေါင်း ၂၃ စင်း ပိုင်ဆိုင်ထားပြီး အစင်းရေ ၂၀ မှ ၂၅ စင်း အထိ ထပ်မံ မှာယူ ဖွယ် ရှိနေပါတယ်။

၂၀၁၇ ကာလက Chinook CH-47 ရဟတ်ယာဉ်တစ်စီးကို ဒေါ်လာ ၃၈ သန်း တန်ကြေးရှိပြီး CH-53K ရဟတ်ယာဉ်တစ်စီးကို ဒေါ်လာ ၈၇ သန်း တန်ကြေးရှိပါတယ်။

၂၀၁၈ ခုနှစ် သတင်းများအရ အစ္စရေးဟာ ဈေးပိုသက်သာတဲ့ Chinook CH-47 ရဟတ်ယာဉ်များကို လေ့လာ နေခဲ့တာပါ။

ယခုကာလမှာ CH-53K ရဟတ်ယာဉ် တစ်စီး ၏ တန်ဖိုးမှာ ဒေါ်လာ ၁၂၅ သန်းလောက်ထိ ကျသင့်ဖွယ် ရှိပြီး CH-47F ရဟတ်ယာဉ် မျိုးကွဲများကတော့ တစ်စီးကို ဒေါ်လာ ၄၂ သန်း လောက် ကျသင့်မှာပါ။

ဖေဖော်ဝါရီ ၂၅ ရက် ၂၀၂၁ မှာတော့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနဟာ CH-53K ရဟတ် ယာဉ် တွေကို ရွေးချယ်လိုက်ပြီဆိုတာ အပြီးသတ် ကြေငြာခဲ့ပြီး ဘယ်နှစီး မှာယူသွားမယ် ဆိုတာကိုတော့ မသိရ သေးပါဘူး။

ဒီမှာယူမှု ဟာ အစ္စရေး စစ်တပ်၏ အဆင့်မြှင့်တင်မှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး ဝေဟင် ဆီဖြည့်လေယာဉ် KC-46A Pegasus များနှင့် F-35I Adir များ မှာယူမှု အစီအစဉ်နှင့် အတူ ပြုလုပ်ခဲ့တာပါ။

CH-53K ရဟတ်ယာဉ် တွေဟာ ၎င်းနှင့် ပါဝါ တူ T408 အင်ဂျင်များ တပ်ဆင်ထားတဲ့ ဘိုးအင်း ထုတ် Chinook CH-47 ရဟတ်ယာဉ် နောက်ဆုံးထုတ်မျိုးကွဲ များထက် သိသိသာသာ ဝန်ပိုတင်နိုင်ပါတယ်။

ဒါ့အပြင် CH-47 ရဟတ်ယာဉ် များဟာ အင်ဂျင် ၂ လုံးသာ တပ်ဆင်ထားပြီး CH-53K ရဟတ် ယာဉ် များမှာတော့ အင်ဂျင် ၃ လုံး တပ်ဆင်ထားပါတယ်။

CH-53K King Stallion ရဟတ်ယာဉ် များဟာ CH-53E Super Stallion မျိုးကွဲ ကနေ ဆင်းသက် လာတာ ဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၇ မှာ ပထမဆုံး ပျံသန်းခဲ့ပါတယ်။

လက်ရှိ အမေရိကန် မရိမ်း တပ်ဖွဲ့အတွက် အဓိက အသုံးပြုနေပြီး တခြား နိုင်ငံများအနေဖြင့်ဂျာမနီ၊ အစ္စရေး နှင့် ဂျပန်နိုင်ငံများတွင် အသုံးပြုလျှက်ရှိပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *