ခြင်တွေ မျိုးသုဉ်း သွားပါက သက်ရောက်နိုင်မှုများ

Knowledge Science

ခြုံထူထူတွေ၊ မြက်ခင်းတွေနဲ့ ရေမြောင်းတွေ အနီးအနား ညနေခင်းမှာ စိတ်အပန်းဖြေရင်း ဖြေးဖြေး လမ်းလျှောက်တာ ၁၀ မိနစ်လောက် လုပ်လိုက်တာနဲ့ ဒုက္ခက အလိုလို သိလာပါတယ်။

အဲဒါကတော့ တဝီဝီနဲ့ ပျံသန်းနေတဲ့ ခြင်တွေ အသံဖြစ်ပြီး သင် ခဏတဖြုတ် အနားယူဖို့ တနေရာရာမှာ ထိုင်ချလိုက်ပြီဆိုတာနဲ့ အားရပါးရ သင့်ကို အရသာခံတော့မှာ ဖြစ်ပါတယ်။

သင်ဟာ လက်တွေကို ဝှေ့ယမ်းပြီး မောင်းထုတ်ပေမယ့် သင့်ကို မထီမဲ့မြင်ပြုပြီး မရမက အတင်းကိုက်တာဟာ အတော်တော့ အခံရခက်တဲ့ ကိစ္စတခုပါ။

တကယ်လို့ ခြင်တွေ မျိုးသုဉ်း ပျောက်ကွယ်သွားရင် ဘာဖြစ်မလဲဆိုတာတော့ သင်သိချင်လောက်မယ် ထင်ပါတယ်။

ဒါဟာ ကမ္ဘာအနှံ့မှာ မျိုးစိတ်ပေါင်း ၃,၅၀၀ ခန့်ရှိတဲ့ ခြင်တွေ မရှိတော့ရင် ဘာဖြစ်သွားနိုင်မလဲလို့ ဆိုလိုတာ ဖြစ်ပါတယ်။

a mosquito

တကယ်တော့ ကမ္ဘာ့ပေါ်တွင် ခြင် မျိုးစိတ်ပေါင်း ထောင်ပေါင်းများစွာ ရှိပေမယ့် အဲဒီ့အထဲက မျိုးစိတ် ၂၀၀ လောက်ကသာ လူကို တိုက် ခိုက်ပြီး Anopheles၊ Culex နှင့် Aedes ၃ မျိုးကသာ ငှက်ဖျားနှင့် သွေးလွန်တုတ်ကွေးကဲ့သို့ ရောဂါများကို သယ်ဆောင်တတ်တယ်လို့ National Geographic က ဖော်ပြထားပါတယ်။

သိပ္ပံပညာရှင်များဟာ ခြင်များကို နှိမ်နင်းနိုင်ဖို့ ခြင်ထီးများကိုသာ ပေါက်ဖွားစေသည့် မျိုးရိုးဗီဇ နည်းကဲ့သို့ ဖြစ်နိုင်ချေရှိသည့် နည်းလမ်းပေါင်းများစွာကို ရှာဖွေနေကြပါတယ်။

ဒီလို အသစ်ပေါက်ဖွားလာသမျှဟာ ခြင်အထီးတွေ ဖြစ်လာပါက နောက်ဆုံးမှာ အလိုအလျှောက် ပေါက်ဖွားခြင်းကို ကန့် သတ်နိုင်မှာ ဖြစ်ပါတယ်။

မျိုးရိုးဗီဇအရ ပြုပြင်ထားသည့်ခြင်များကို ဖန်တီးနိုင်ဖို့ သုတေသီများဟာ သုပ်ထုတ်လုပ်ချိန်မှာ X ခရိုမိုဇုန်းကို အတား အ ဆီးဖြစ်စေမယ့် အင်ဇိုင်းတမျိုးကို အသုံးပြုခဲ့ကြတယ်လို့ Entomology Today အရ သိရပါတယ်။

ခြင်များကို နှိမ်နင်းဖို့ ကြိုးစားမှုဟာ ခေတ်သစ် ပြဿနာတခုတော့ မဟုတ်ပါဘူး။

ခြင်များဟာ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း ၁၀၀ ကျော် ကတည်းက ရှိနေပြီး အစာကွင်းဆက်၏ အရေးပါတဲ့ အစိတ်အ ပိုင်းတခုလည်း ဖြစ်ပါတယ်။

mosquitofish အထီး Image: Courtesy of Wiki Media CC BY 1.0 2.0 2.5. 3.0 and GNU 1.2

သိပ္ပံပညာရှင်များဟာ ခြင်များကို နှိမ်နင်းနိုင်ဖို့ နည်းလမ်းသာ ရှာတွေ့ခဲ့ပါက ၎င်းဟာ လက်ရှိ ပတ်ဝန်းကျင်နှင့် ကင်းကွာသည့် ထူးခြားမှုကို ဖန်တီးလိမ့်မှာ ဖြစ်ပါတယ်။

သစ်ပင် အချို့ ပေါက်ရောက်တဲ့ အာတိတ် tundra ဒေသမှာ ခြင်မျိုးစိတ် အများအပြား ပေါများစွာ ရှိကြပြီး ၎င်းတို့ဟာ ရွှေ့ ပြောင်းငှက်တွေ အ တွက် အစာဖြစ်ပါတယ်။

တကယ်လို့ ခြင်တွေ မရှိတော့ဘူးဆိုရင် အဲဒီ့ ငှက်တွေရဲ့ အရေအတွက်ဟာ ထက်ဝက်လောက်အထိ လျော့ကျသွားနိုင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ခြင်များဟာ ကမ္ဘာ တဝှမ်းရှိ ငါးမျိုးစိတ်များ၏ အစားအစာလည်း ဖြစ်တဲ့အတွက် mosquitofish ကဲ့သို့ ငါးတွေ အပါအဝင် တ ခြား ငါးတွေ အပေါ်မှာလည်း သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။

ဒီလို သက်ရောက်မှုများကြောင့် ခြင်များ ပျောက်ကွယ်သွားပါက အစာကွင်းဆက်ကို အတော်လေးကို အနှောင့်အယှက် ဖြစ်စေမှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 8/10/2021

Content Protection by DMCA.com